ဒေါ်လာ သန်း ၆၀၀ ကို အပျင်းပြေချင်လို့ ဟက်လိုက်တာဆိုတဲ့ ဟက်ကာ၊ ကုမ္ပဏီကတောင် တောင်းပန်နေရ

ဒေါ်လာ သန်း ၆၀၀ ကို အပျင်းပြေချင်လို့ ဟက်လိုက်တာဆိုတဲ့ ဟက်ကာ၊ ကုမ္ပဏီကတောင် တောင်းပန်နေရ ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့ ခရစ္စပတိုကာရန်စီဟက်ကာတဦးဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ ရက်နေ့က ဒေါ်လာသန်း ၆၀၀ကျော်ကိုဟက်ခဲ့ပါတယ်။ ပိုလီနက်ခ်ဝက်ဆိုတဲ့ အဖွဲ့အစည်းတခုဆီက ခရစ္စပတိုငွေတွေကို ဟက်ခ်ခဲ့တာဖြစ်ပြီး၊ တွစ်တာမှာ တော်တော်လေးနာမည်ကြီးသွားပါတယ်။ ဟက်ခ်ကာဟက်လိုက်လို့ ပိုလီနက်ခ်ဝက်အဖွဲ့အစည်းမှာ ပြဿနာအကြီးအကျယ်တက်သွားပါတယ်။ ကာလပေါက်ဈေး ဒေါ်လာသန်း ၆၀၀ကျော်အထိ ခရစ္စပတိုငွေတွေပါသွားချိန်မှာ ဘာမှမလုပ်တတ်တော့ပါဘူး။ တွစ်တာမှာ အသနားခံစာရေးခဲ့ပြီး၊ ပိုက်ဆံပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အခုလိုဟက်ခ်သွားတဲ့အထဲမှာ လူထောင်နဲ့ချီတဲ့သူတွေရဲ့ပိုက်ဆံတွေပါလို့ ပြန်ပေးဖို့ကို ချစ်လှစွာသော ဟက်ခ်ကာလို့ကိုသုံးနှုန်းခဲ့ပါတယ်။ နောက်တော့ ဟက်ခ်ကာနဲ့အဆက်အသွယ်ရပြီး၊ ဒေါ်လာသန်း ၂၆၀ဖို့ပြန်ပေးခဲ့ပါတယ်။ ပြန်ပေးခဲ့ချိန်မှာ ဟက်ခ်ကာပြောတာက ပိုက်ဆံစိတ်မဝင်စားလို့ပြန်ပေးတာလို့ဆိုပါတယ်။ ဒါပေမဲ့ ပိုက်ဆံတွေကကျန်ပါသေးတယ်။ ဟက်ခ်ကာကလည်း တမင်ကိုပြန်မပေးသေးပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့အမေးအဖြေကဏ္ဍလေးကို လူတွေကိုဖတ်စေချင်နေတာကြောင့်ပါ။ တွမ်ရောဘင်ဆန်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ဟက်ကာကြားမှာ […]

Continue Reading

ဗြိတိန်ကတော့ C 17 လေယာဉ်ကြီးနဲ့တခါကိုလူ၈၀၀ကယ်ထုတ်နေ

C 17လေယာဉ်ဟာ လေထီးခုန်သမားများနှင့် ၎င်းတို့ရဲ့ ပစ္စည်းကိရိယာများကို သယ်ဆောင်ရန် ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ၎င်းလေယာဉ်ဖြင့် လူ၈၀၀ကို ကယ်တင်ဖို့ ကြိုးစားခြင်း FAS ရဲ့ တင်ပြချက်အရ C-17ဟာ 174ပေရှည်လျားပြီး အတောင်ပံဟာ ပေ170ရှိပါတယ်၊ ဒီလေယာဉ်ကိုPratt & Whitney F117-PW-100(စီးပွားဖြစ်အသုံးပြုသော အမျိုးအစားကို ယခု Boeing 747 မှာတပ်ဆင်ထားသည်) အင်ဂျင်4လုံးတပ်ဆင်ထားပြီး အင်ဂျင်တစ် လုံးစီဟာ 40,900 ပေါင် လေးပါတယ်၊ ပြောင်းပြန်တွန်းကန်စနစ်ဟာ လေကို အပေါ်ကနေ စီးစေပြီး ဖုန်နဲ့အမှိုက်တွေ မဝင်စေရန်တားဆီးပေးပါတယ်၊ လေယာဉ်ကို အမှုထမ်းသုံးယောက်(လေယာဉ်မှူး၊အကူလေယာဉ်မှူးနှင့် ကုန်ပစ္စည်းများအတွက်တာဝန်ရှိအမှုထမ်း) နဲ့ လည်ပတ်စေပြီး ကုန်ပစ္စည်းများကို စစ်ဘက်သုံးယာဉ်နှင့်ကုန်တင်ယာဉ်တွေတင်‌ဆောင်တဲ့ C 17ရဲ့ ကြီးမား‌တဲ့အနောက်ဖက်တံခါးကတဆင့် သယ်ယူကြပါတယ်၊ C17 သည် ကြည်းတပ်ရဲ့ သယ်ယူပို့ဆောင်ရေး နှင့် […]

Continue Reading

တာလီဘန်တွေကိုနောက်ကွယ်ကထောက်ပံ့နေသူလက်မဲကြီး(တာလီဘန်တွေပိုက်စံဘယ်ကရသလဲ)

တာလီဘန်တွေ ပိုက်ဆံဘယ်ကရသလဲ အမေရိကန်က ၎င်းရဲ့ တပ်ဖွဲ့တွေကို နိုင်ငံအတွင်းက ဆုတ်ခွာဖို့ကြေညာပြီး ၂လအကြာမှာ အစ္စလာမ်အခြေခံမူဝါဒအဖွဲ့အစည်းဖြစ်တဲ့ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံ၊ Kabulကို သိမ်းပိုက်ခဲ့ကြပါတယ်၊ လွန်ခဲ့သာ နှစ်၂၀ခန့်ကအမေရိကန်နဲ့ ဩစတြေးလျအပါအဝင် မဟာမိတ်နိုင်ငံတွေဟာ တာလီဘန် တွေ အင်အားကြီးထွားလာမှုကို ကာကွယ်ဖို့အတွက် အာဖဂန် လုံခြုံရေးတပ်ဖွဲ့အင်အား ၃သောင်းလောက်ကို အသုံးပြုခဲ့ပြီးနောက် တာလီဘန် အဖွဲ့တိုးများလာမှုအရှိန်နှုန်းဟာ အာရှနိုင်ငံတဝှမ်းမှာ အံ့အားသင့်စရာ အခြေအနေဖြစ်လာခဲ့ပါတယ်၊ သို့သော်လည်းတာလီဘန်တိုက်ခိုက်ရေးသမားတွေဟာ Kapul မြို့ရဲ့ သမ္မတ အိမ်တော်အထိ ဝင်ရောက်လာခဲ့တာကြောင့် အမေရိကန်တွေရဲ့ လုံခြုံရေးဗျူဟာ ကျရှုံးမှုနဲ့ တာလီဘန် တွေရဲ့အင်အားကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်၊ ဒီနေရာမှာ စဉ်းစားစရာ မေးခွန်းတချို့ရှိလာပါတယ်၊တာလီဘန်တိုက်ခိုက်ရသမား အင်အား 75,000က အာဖဂန်လုံခြုံရေးတပ်ဖွဲ့ကို ဘယ်လိုမျိုး ဖြိုဖျက်ဖက်နိုင်ခဲ့တာလဲ? နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးရေးအတွက် ကုန်ကျမည့် ငွေကြေးကို ဘယ်လိုဖြေရှင်းကြသလဲ? […]

Continue Reading

အင်ဒိုနီးရှားက KF-21 Boramae တိုက်လေယာဉ်စီမံကိန်း၌ ပါဝင်မှုကို ပြန်လည်စတင်ဖို့ လူ၁၀၀ကိုရီးယားကိုလွှတ်မယ်

အင်ဒိုနီးရှားက KF-21 Boramae တိုက်လေယာဉ်စီမံကိန်း၌ ပါဝင်မှုကို ပြန်လည်စတင်ရန် အင်ဂျင်နီယာ အယောက် ၁၀၀ အား တောင်ကိုရီးယားနိုင်ငံ Sacheon မြို့ရှိ Korea Aerospace Industries (KAI ဌာနချုပ်) သို့စေလွှတ်ပြီး လုပ်ငန်းစဉ်များစတင်ခဲ့။ ဆိုင်းငံ့ထားသောငွေပေးချေမှု ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက် KF-21 တိုက်လေယာဉ် အစီအစဉ်ကို ဦးဆောင်နေသည့် Jung Kwang-sun က အေဂျင်စီအနေဖြင့် Development အဆင့်သို့ရောက်ရှိရန် အတက်နိုင်ဆုံးနှင့်အမြန်ဆုံး ကြိုးစားသွားမည်ဟု ပြောကြားခဲ့။ KF-21 Boramae ဟာ 4.5 Generation အင်ဂျင်နှစ်လုံးတပ် ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး၊ Mach 1.83 အမြန်နှုန်းဖြင့်ပျံသန်းနိုင်မည်လို့ ဆိုပါတယ်။ ၎င်းကို 2028 ခုနှစ်တွင် အစုလိုက်အပြုံလိုက် စတင်ထုပ်လုပ်နိုင်ရန်နှင့် 2032 ခုနှစ်တွင် […]

Continue Reading

အာဖဂန်တွင် တာလီဘန်တွေ သမ္မတ နန်းတော်ကို ဝင်သိမ်း

အာဖဂန်တွင် တာလီဘန်တွေ သမ္မတ နန်းတော်ကို ဝင်သိမ်း ဧရာဝတီ၊ ဩဂုတ် ၁၆ ၊ ၂၀၂၁အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တပ်ဖွဲ့ဝင်များသည် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာပြီး သမ္မတနန်းတော်ကို သိမ်းလိုက်လိုက်ပြီဖြစ်ကြောင်း Al-Jazeera သတင်းဌာန၏ ရုပ်သံမှတ်တမ်းအရ သိရသည်။ တာလီဘန်တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ၃၄ ခုကို ၉ ရက်အတွင်းသိမ်းပိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။ တာလီဘန်တပ်ဖွဲ့ဝင်များ မရောက်မီမှာပင် အာဖဂန်သမ္မတ Ashraf Ghani က ၎င်းနှင့် ဒုသမ္မတ အပါအဝင် တခြား ထိပ်တန်းအရာရှိကြီးတွေ အားလုံး အာဖဂန်နစ္စတန်နိုင်ငံတွင်း သွေးမြေကျမှုကို ကာကွယ်သည့်အနေနှင့် တိုင်းပြည်မှ ထွက်ခွာသွားပြီဖြစ် ကြောင်း ကြေညာသည်။ အာဖဂနစ္စတန်နိုင်ငံရှိ အမေရိကန်သံရုံးတွင်လည်း အမေရိကန်အလံ လွှင့်တင်ထားခြင်း […]

Continue Reading

တာလီဘန် ချုပ်ကိုင်လိုက်တဲ့ ကမ္ဘာသစ်ထဲ အာဖဂန်ပြည်သူ အခုမနက်မှာ နိုးထလာရ

တာလီဘန် ချုပ်ကိုင်လိုက်တဲ့ ကမ္ဘာသစ်ထဲ အာဖဂန်ပြည်သူ အခုမနက်မှာ နိုးထလာရ အာဖဂန်နစ္စတန် နိုင်ငံတဝန်း တာလီဘန် တပ်ဖွဲ့တွေရဲ့ အင်မတန် မြန်ဆန်လှတဲ့ ထိုးစစ်ဆင် မြို့သိမ်းပွဲတွေကို တွေ့မြင်နေခဲ့ရတာမှာ ရက်အနည်းငယ် အတွင်းမှာပဲ မြို့တော် ကာဘူးလ်ကို သိမ်းယူနိုင်ခြင်းဆိုတဲ့ အထွဋ်အထိပ် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။အမေရိကန်ဦးဆောင်တဲ့ နေတိုး တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းသွားပြီး ခနချင်းမှာပဲ အနှစ် ၂၀ စွန့်လွှတ်ထား ခဲ့ရတဲ့ မြို့တော် ကာဘူးလ်ကို တာလီဘန် တိုက်ခိုက်ရေးသမားတွေ ပြန်လည် ရရှိသွားပါတယ်။ ဒါ့ကြောင့် အခု တနင်္လာမနက်ခင်း အာဖဂန်တွေ နိုးထလာတဲ့အခါ တာလီဘန်တွေ ချုပ်ကိုင်တဲ့ ကမ္ဘာသစ်ထဲ ရောက်နေတော့မှာ ဖြစ်ပါတယ်။အာဖဂန် သမ္မတ အာရှရပ်ဖ် ဂါနီဟာ ဥဇဘက်ကစ္စတန် နိုင်ငံကို ထွက်ပြေးသွား ခဲ့တဲ့နောက် […]

Continue Reading

တရုတ်ကလိုက်ပြိုင်နေပေမယ့် အမေရိကန် လေယာဉ်တင်သင်္ဘောကြီးတွေကို တရုတ်ရေတပ်ယှဉ်နိုင်ပြီလား

တောင်တရုတ်ပင်လယ် – တရုတ်နဲ့ အမေရိကန် လေယာဥ်တင်သင်္ဘောတွေ ဘာကွာခြားသလဲ ယူကေ ကာကွယ်ရေး ဝန်ကြီး ဘဲန်ဝေါလေ့စ် က လာမယ့် စက်တင်ဘာလမှာ လေယာဥ်တင် သင်္ဘော HMS Queen Elizabeth ရဲ့ ဂျပန် ခရီးစဥ် ပြီးသွားတဲ့ နောက်ပိုင်း ဗြိတိန်အနေနဲ့ အာရှဒေသမှာ စစ်သင်္ဘော ၂ စင်းကို အမြဲတမ်း ချထားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တိုကျိုမြို့က ဗြိတိသျှသံရုံးရဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ချက်အရ ဘဲန်ဝေါလေ့စ် က ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂ ကို ဗြိတိန်နဲ့ ဂျပန်ဟာ မဟာဗျူဟာပိုင်း တူညီမှုတွေ ရှိသလို ဒေသတွင်း တည်ငြိမ်ရေးကိုလည်း အလေးထားကြတဲ့ အကြောင်းပြောခဲ့ပါတယ်။ HMS Queen […]

Continue Reading

ဂျပန်ဘီလီယံနာ လုပ်ငန်းရှင် Yusaku Maezawa ကိုလကမ္ဘာသို့ Elon Musk ပို့ပေးမယ်

Starship အာကာသဒုံးပျံဟာ လာမည့်ရတ်သတ္တပတ်အတွင်းပျံသန်းဖို့ အဆင်သင့်ဖြစ်နေကြောင်း အသိပေးခဲ့တဲ့ Elon Musk SpaceX ရဲ့ Founder ဖြစ်သူ Elon Musk ဟာ စနေနေ့က Starshipအာကာသဒုံးပျံ ပထမဆုံးအကြိမ်ပျံသန်းဖို့အတွက် ပတ်လမ်းဟာ လာမည့်ရတ်သတ္တပတ် အတွင်း အဆင်သင့်ဖြစ်မည့်အကြောင်းပြောပြခဲ့ပါတယ်၊ ဒါဟာဆိုရင် ဘီလီယံနာတွေ အနေနဲ့ ဂြိုလ်တခုကနေတစ်ခု လည်ပတ်သွားလာနိုင်ဖို့ အိပ်မက်အတွက် ခြေတလှမ်းနီးကပ်လာပဲဖြစ်ပါတယ်၊ မေလတုန်း SpaceX ကStarship SN 15 အာကာသယာဉ်ဟာ ကုန်ပစ္စည်းတွေကိုတင်ကာ လကမ္ဘာနဲ့ မားစ်ဂြိုလ်သို့အောင်မြင်စွာဆင်းသတ်နိုင်ခဲ့ပါတယ်၊ရှေ့ပြေးပုံစံ ဆင်းသတ်ဖို့ကြိုးစားတဲ့အခါ လေးကြိမ်ဟာပေါက်ကွဲမှုနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်၊ ပထမပတ်လမ်းဟာရက်သတ္တပတ်အနည်းငယ်အတွင်း အာကာသယာဉ်ပျံသန်းနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီး တရားဝင်ထိန်းသိမ်းသူအဖွဲ့အစည်းရဲ့ ခွင့်ပြုမိန့်ကိုစောင့်နေရကြောင်း Musk က Twitterမှာ အသိပေးခဲ့ပါတယ်၊ SpaceXရဲ့ အမျိုးအစားအသစ် အာကာသဒုံးပျံယာဉ်ဟာ ၃၉၄ပေ မြင့်ပြီး ယခင်အမျိုးအစားကို […]

Continue Reading

တာလီဘန်တွေအင်အားကောင်းလာလို့ တာလီဘန်နဲ့ပူးပေါင်းတော့မဲ့တရုတ်

တာလီဘန်တွေတိုးတတ်လာတာနှင့်အမျှ ကသိကအောက် အခြေအနေတွေကို လက်ခံဖို့ အုတ်မြစ်ချနေတဲ့ တရုတ်နိုင်ငံ ပေကျင်း- ပြီးခဲ့တဲ့လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တာလီဘန်ခေါင်းဆောင်တစ်ဦး တို့ အတူပုခုံးချင်းယှဉ်ရပ်နေတဲ့ ဓာတ်ပုံတွေ မီဒီယာပေါ်မှာ ပျံနှံ့ခဲ့ပါတယ်၊ တာလီဘန် အရာရှိဟာ ရိုးရာဝတ်စုံကိုဝတ်ထားပြီး ခေါင်းပေါင်းကို ပေါင်းကာ မျက်ခုံးကိုပင့်တင်ထားတာလဲတွေ့ရပါတယ်၊ ထိုအချိန်မှစ၍ တရုတ်နိုင်ငံဟာ ပေကျင်းမှ တာလီဘန်တွေကိုလက်ခံဖို့နဲ့အာဖဂန်နစ္စတန်ကတင်းမာနေတဲ့ အစ္စလာမ် လှုပ်ရှားမှုတွေအတွက် တရားဝင်စစ်အုပ်ချုပ်ရေးစနစ် အရလက်ခံပေးဖို့ တိတ်တဆိတ် ပြင်ဆင်နေတယ်လို့ စတင်ဝါဒဖြန့်ချီခဲ့ပါတယ်၊ “အကယ်၍ သူတို့ဟာ တိုင်းပြည်တခုလုံးကို မထိန်းချုပ်နိုင်ဘူး ဆိုရင်တောင် တာလီဘန်တွေဟာ သိသိသာသာ ထည့်သွင်းတွက်ချက်ရမယ့်အင်အားစုတခုဖြစ်ပါတယ်”လို့တရုတ်နိုင်ငံခြားရေးမူဝါဒ အတွေးအခေါ်နဲ့ အကျွမ်းတဝင်ရှိသူတဦးက လူမှုကွန်ယက်ပေါ် ဝေဖန်‌ ရေးသားခဲ့ပါတယ်၊ဒါကိုတော့ ကလောင်နာမည် Niutanqinလို့ခေါ်တဲ့ Zither-Playing Cow က သူ့ရဲ့ WeChat Channelမှာ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်၊ […]

Continue Reading

ရန်သူတွေအတွက်အိမ်မက်ဆိုးနောက်မျိုးဆက်သစ်ရဟတ်ယာဉ်ထွက်ပေါ်လာခဲ့ပီ

USစစ်တပ်ဟာ အားနည်းချက်ရှိတဲ့ UH 60 Blackhawk (ဘလက်ဟော့)အစား တခြား ဒီဇိုင်းကို အသုံးပြုနိုင်ဖို့မျှော်လင့်နေကြပြီး 2030ခုနှစ်မှာ အပြည့်အဝ ထုတ်လုပ်ဖို့ စီစဉ်နေကြပါတယ်၊ ဒါပေမယ့် အထူးတပ်ဖွဲ့ရဲ့ တပ်မှူးကတော့ စစ်လေယာဉ်တွေအတွက် အစားထိုးအနေနဲ့ CV 22 Osprey (အော့စပရေး)ကို သုံးဖို့ စိတ်မဝင်စားဘူးလို့ပြောပါတယ်၊ စစ်တပ်ခေတ်မီနည်းပညာအဖွဲ့ကနေပြီး sikorsky Boeing SB1 (စကော်စကီ)ဟယ်လီကော်ပတာနဲ့ Bell Tetron(တက်ထရွန်) V280 valor (ဗေလာ)tilt rotor (တစ်ဒ် ရိုတာ)ဟယ်လီကော်ပတာ ကို စမ်းသပ်နေပေမယ့် အကယ်၍ စစ်တပ်က tilt rotor(တစ်ဒ် ရိုတာ) V 280 ကို ရွေးချယ်ခဲ့ရင်တောင် CV 22 လေယာဉ်နေရာမှာ အစားထိုးဖို့အထိ အဆင့်မမှီဘူးလို့ တပ်မှူး လူတန်းနမ့်စ် […]

Continue Reading