ဂျပန်ကတော့ အဆင်သင့်ပါဘဲ
ဂျပန်ကတော့ အဆင်သင့်ပါဘဲ အခုတလော တင်းမာမှုတွေဖြစ်နေတဲ့ အင်ဒိုပစိဖိတ်ဒေသ အကြောင်းတော့ သတိထားမိကြမှာပါ။ ဒေသတွင်းနိုင်ငံတွေကလည်း သတိကြီးကြီးနဲ့ စောင့်ကြည့် ပြင်ဆင်နေကြပါတယ်။ အဓိက ဇါတ်ကောင် တရုပ်ကြီးရဲ့ခြေလှမ်းဟာ ဘယ်လိုလာမလဲဆိုပြီးတော့ တစ်ကမ္ဘာလုံးက စိတ်ဝင်းစားနေကြပါပြီ။ ခုတင်ပြမှာကတော့ စီးပွားရေးအင်အားကြီး ဂျပန်က ဒီကိစ္စကို သူတို့ဖက်က အဆင်သင့်ဖြစ်နေပြီလို့ ပြောရအောင် ဘာတွေပြင်ဆင်ထားသလဲဆိုတာကိုပါ။ ဂျပန်လေတပ် JASDF ဟာ အာရှမှာ စွမ်းရည်အမြင့်ဆုံးလို့ ပြောလို့ရနေပါပြီ။ Avionics ( Aviation Electronic) စနစ်တွေ၊ ရေဒါစနစ်တွေ၊ ဒုံးကျည်စနစ်တွေ အပြည့် တပ်ဆင်ထားပါတယ်။ လေကြောင်းကာကွယ်ရေးစနစ်ရဲ့ အဓိက ကျောရိုးကတော့ အမေရိကန်ပေါ့ ။ ခုဆို အမေရိကန်ရဲ့ F-35 နဲ့စွမ်းရည်တူ 5th gen ကိုယ်ပျောက်လေယာဉ်တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒေသတွင်း […]
Continue Reading
ရုရှားတင့်များကို ထပ်မံ အမှည့်ချွေပေးမည့် Humvee ပေါ်တင်ဆောင်ပြစ်ခတ်နိုင်သည့် TOW တင့်ဖျက်ဒုံးစနစ် ယူကရိန်း လက်ခံရရှိတော့မည်..
ယူကရိန်းကို အမေရိကန်မှ ထောက်ပံ့သည့် လက်နက်စနစ်များ၌ ယခုတစ်ခေါက်ပေးအပ်သည့် Package ၌ TOW တင့်ဖျက်လက်နက်စနစ်များပါရှိလာပြီဖြစ်ပါတယ်။အမေရိကန်လေယာဉ်ကုမ္ပဏီ Hughes မှ ၁၉၆၀ နှောင်းပိုင်း၌ တီထွင်ခဲ့သည့် Tow တင့်ဖျက်လောင်ချာဟာ အကြီးစားတင့်ဖျက်လက်နက်တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်၌ အသုံးများဆုံး တင့်ဖျက်ဒုံးစနစ်ထဲ၌ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၁၉၇၀ခုနှစ်တွင် အမေရိကန်စစ်တပ်၌ စတင်တပ်ဆင်ခဲ့ပြီး ‌ဗီယက်နမ်စစ်ပွဲ၌ စတင်အသုံးပြုခဲ့ကာ မြောက်ဗီယက်နမ်တင့်များကို ဖျက်စီးနိုင်ခဲ့ပါတယ်။ ထို့အပြင် အာရပ်-အစ္စရေးစစ်ပွဲများ၊ အီရန်-အီရတ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲနှင့် ဆီးရီးယားပြည်တွင်းစစ်တို့တွင် အသုံးတော်ခံခဲ့ပြီး နှစ်ပေါင်း ၅၀ အထိအသုံးတော်ခံလာခဲ့သည့်တိုင်အောင် စွမ်းရည်ပြဝနေဆဲဖြစ်ပါတယ်။ အဆိုပါ ဂန္ဒဝင်တင့်ဖျက်လက်နက်ကြီးကို ယခု ရုရှား-ယူကရိန်း စစ်ပွဲ၌ ထပ်မံတွေ့ရဖို့အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတယ်။ အမေရိကန် ခြေလျင်တပ်ဖွဲ့များသည် TOW ကို အသုံးပြုးစဉ်ကတည်းက ‌သုံးချောင်းထောက် Tripod ပေါ်တင်ကာ ပစ်ခဲ့ကြပါတယ်။ တင့်ဖျက်ဒုံးဟာ အလုံပိတ်ကွန်တိန်နာထဲ […]
Continue Reading
အမှတ်မထင် တွေ့မြင်လိုက်ရပြီး အလိုက်ဖက်ဆုံးအံဝင်ခွင်ကျ ဖြစ်နေတဲ့ အရာများ
တစ်ခါတစ်လေ မထင်မှတ်ထားတဲ့ အရာတွေက အံဝင် ခွင်ကျ လိုက်ဖက်နေတတ်ပါတယ် ။ တိုက်ဆိုင်မှုတွေက မှော်ဆန်ဆန်ဖြစ်ပျက်တတ်သလို သင့်ကို အံ့သြစရာ ဖြစ်ရပ်တွေ သယ်ဆောင်လာပေးနိုင်တယ်ဆိုလည်း မမှားပါဘူး ။ ဒီလို ထင်မထားလောက်အောင် လိုက်ဖက်ညီသွားတဲ့ အရာတွေကို ပရိသတ်ကြီး အနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာ ပါတဲ့ ပုံလေးတွေကို မလွတ်တမ်း ကြည့်ရှုသင့်တာအမှန်ပါ ။ 1. ကွက်တိပါပဲ နည်းနည်းပိုမြင့်ရင် အပေါ်နဲ့တိုက်ပြီ 2. လက်ဗွေရာနဲ့ တစ်ထပ်ထဲပါလား 3. ကွက်တိပါပဲ နည်းနည်း ထပ်တိုးရင်တော့ လျော်ရတော့မယ် 4. ဆေးဗူးဖွင့်လိုက်တဲ့ချိန် ဒီလိုဖြစ်နေတယ် 5. ပါကင်ပစ္စည်းတွေကို တံခါးနဲ့ကွက်တိ စီထားပုံ 6. ရပ်ထားတဲ့နေရာက နေထိုးတာနဲ့ကွက်တိ 7. မြောင်းဖုံးနဲ့ သစ်ရွက် 8. ရေကျတဲ့နေရာက […]
Continue Reading
မင်္ဂလာဆောင်ဧည့်ခံနေရင်းမှ ဒိုက်ထိုးပြိုင်ခဲ့ကြသည့် သတိုးသားနှင့်သတိုးသမီးတို့ကြောင့် တော်တော်လေးနာမည်ကြီးသွားသည့် မင်္ဂလာပွဲ
Continue Reading
ကမ္ဘာတစ်ပတ် တစ်ကိုယ်တော်ပျံသန်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပိုင်းလော့
ကမ္ဘာတစ်ပတ် တစ်ကိုယ်တော်ပျံသန်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပိုင်းလော့ ဆယ်ကျော်သက်ပိုင်းလော့ဟာ ကမ္ဘာတစ်ပတ်ကို လေယာဉ်ငယ်နဲ့ တစ်ကိုယ်တော်ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံး ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်မိဘနှစ်ပါးက ဘယ်လ်ဂျီယံနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မက်ခ်ရူသာဖို့ဒ်က အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ မတ်လ ၂၃ ရက်မှာ ဘူလ်ဂေးရီးယားနိုင်ငံမြို့တော် ဆိုဖီယာကနေ စတင်ထွက်ခွာခဲ့ပြီး ၅ လကြာကာလအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံကို ဖြတ်သန်းခဲ့တာပါ။ မက်ခ်ဟာ သူ့ရဲ့ခရီးစဉ်တစ်လျှောက် ဆူဒန်နိုင်ငံမှာ သဲမုန်တိုင်း၊ ဒူဘိုင်းရဲ့ ကြောက်မက်ဖွယ် အပူဒဏ်၊ အိန္ဒိယမှာ မမျှော်လင့်ဘဲ လေဆိပ်ပိတ်ထားတာ၊ ပစိဖိတ်သမုဒ္ဒရာထဲက လူမနေတဲ့ ကျွန်းတစ်ကျွန်းမှာ တညအိပ်ခဲ့ရတာ အစရှိတဲ့ ဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရပါတယ်။ မက်ခ်ဟာ ဒီခရီးစဉ်မှာ ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကန်နဲ့ သမုဒ္ဒရာနှစ်ခုကို ဖြတ်ကျော်ဖြတ်သန်းခဲ့တာပါ။ […]
Continue Reading
ကမ္ဘာ့လူဦးရေအများဆုံးကို သေဆုံးစေခဲ့တဲ့ မြွေပွေးတစ်ကောင်
ကမ္ဘာ့လူဦးရေအများဆုံးကို သေဆုံးစေခဲ့တဲ့ မြွေပွေးတစ်ကောင်အကြောင်း အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်ဆိုတဲ့ စကားကို စာဖတ်သူတွေလည်း ကြားဖူးနားဝရှိကြမယ် ထင်ပါတယ်။ ဒီစကားက အခုဖော်ပြပေးသွားမယ့် မြွေပွေးတစ်ကောင်ကို ရည်ညွှန်းထားသလား အောက်မေ့ရလောက်အောင်ပဲ ဒီမြွေပွေးဟာ ကမ္ဘာ့လူသေအများဆုံး သတ္တဝါးဆိုးတစ်ကောင် ဖြစ်လို့နေပါတယ်။ အလွန်ပြင်းထန်တဲ့ အဆိပ်နဲ့ လူသန်မာကြီးတစ်ယောက်ကို တိကနဲ့ သေဆုံးသွားစေနိုင်စွမ်းရှိသော မြွေသေးသေးလေးတစ်ကောင်ဟာ အိန္ဒိယနိုင်ငံရဲ့ အန္တရာယ်အရှိဆုံး၊ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေဆိုးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယတောင်ပိုင်းရှိ saw-scaled viper လို့ခေါ်တဲ့ မြွေပွေးများဟာ Echis carinatus carinatus မျိုးစိတ်ခွဲများမှ ပေါက်ရောက်လာကြပြီး အရှည် ၄၀ စင်တီမီတာခန့် အထိသာ ကြီးထွားကြပါတယ်။ Rajasthan မှာရှိတဲ့ အကောင်တွေဟာ Sochurek မြွေပွေး ( Echis carinatus sochureki )မျိုးစိတ်ဖြစ်ပြီး အဲဒီ့ထက် […]
Continue Reading
အမျိုးသမီးအိမ်သာထဲသို့ မှားဝင်ပြီးနောက် အချစ်စစ်နှင့်တွေ့ရှိခဲ့သော ကောင်လေးဧ။်အဖြစ်
Continue Reading
ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင်
ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင် ကမ္ဘာတစ်ဝှမ်းမှာ အလှပဆုံးသောနေရာတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ အရောင်အသွေးဟာ အရေးပါဆုံး အခန်းကဏ္ဍကနေ ကူညီပံ့ပိုးပေးနေတာကို တွေ့ရမှာပါ။ ဒေသတစ်ခုလုံး၊ မြို့တစ်မြို့လုံး၊ ကျွန်းတစ်ကျွန်းလုံးမှာ အရောင်တစ်ရောင်ပဲရှိတယ်ဆိုရင် စာဖတ်သူတို့ ယုံနိုင်ပါ့မလား။ အခုပြောပြပေးသွားမှာကတော့ ကျွန်းတစ်ကျွန်းလုံးက ခရမ်းရောင်တစ်ရောင်ပဲရှိတဲ့ နေရာလေးအကြောင်းပါ။ “ခရမ်းရောင်ကျွန်းများ” လို့ လူသိများကြတဲ့ Banwol ကျွန်းနဲ့ Bakji ကျွန်းတို့ဟာ တောင်ကိုရီးယားရဲ့ အနောက်တောင်ဘက် ကမ်းခြေမှာ တည်ရှိနေပါတယ်။ မူလက ဤကျွန်းရဲ့ အဓိက ၀င်ငွေရင်းမြစ်တွေကို သူတို့ရဲ့ လယ်ယာလုပ်ငန်းအသိုင်းအဝိုင်းမှသာ ရရှိခဲ့သော်လည်း ဒေသခံတွေဟာ သူတို့ရဲ့ကျွန်းတစ်ကျွန်းလုံးက နေရာလွတ်မကျန် ခရမ်းရောင် အနုအရင့် အမျိုးမျိုးကို ဆေးခြယ်ခဲ့ခြင်းအားဖြင့် ကမ္ဘာ့အကျော်ကြားဆုံး နေရာတွေထဲက တစ်ခု ပြောင်းလဲနိုင်ခဲ့ပါတော့တယ်။ ဒီဒေသရဲ့ ကျော်ကြားမှုတွေက ခရမ်းရောင်ဆိုတဲ့ စကားလုံးနဲ့တင်ကို ပြီးပြည့်စုံခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက […]
Continue Reading
“အမေရိကန်-ရုရှား” နျူတိုက်ပွဲဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ကို သုတ်သင်သွားနိုင်
“အမေရိကန်-ရုရှား” နျူတိုက်ပွဲဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ကို သုတ်သင်သွားနိုင် စစ်ပွဲရဲ့အကျိုးဆက်ဟာ ကမ္ဘာလုံးဆိုင်ရာ ကယ်လိုရီထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်း လျှော့ချသွားနိုင်ပါတယ်။ အမေရိကန်၊ ရုရှားနဲ့ သူတို့ရဲ့ မဟာမိတ်များကြား နျူကလီးယားစစ်ပွဲအပြီးမှာ ကမ္ဘာ့လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းခန့် အကြမ်းဖျင်းအားဖြင့် လူ ၅ ဘီလီယံကျော်ဟာ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မည်ဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားခဲ့ပါတယ်။ သုတေသီများရဲ့ အဆိုအရ အဆိုပါ ပဋိပက္ခဟာ ကမ္ဘာ့လေထုထဲသို့ ဓာတုဗေဒ တန်ချိန် ၁၆၅ သန်း (မက်ထရစ်တန် သန်း ၁၅၀) အထိ ထုတ်လွှတ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကယ်လိုရီထုတ်လုပ်မှု ၉၀% အထိ ကျဆင်းသွားစေမှာဖြစ်သလို အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ စားသုံးသည့် သီးနှံများ ကျဆင်းမှုတို့ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သုတေသီများက သုံးသပ်ထားကြပါတယ်။ […]
Continue Reading
၂၀၁၈နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်…
နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို ဒေါသထွက်စေမယ့် လုပ်ရပ်အဖြစ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၂၀၁၈နောက်ပိုင်း အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဝါရှင်တန်ဟာ ဆိုးလ်ရဲ့ အဓိက လုံခြုံရေး မဟာမိတ်ဖြစ်ပြီး တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈၅၀၀ လောက်ချထားပါတယ်။ အဲ့ဒီနှစ်နိုင်ငံက ကာကွယ်ရေးအတွက်လို့ ပြောတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာ ကြာပြီဖြစ်ပြီး မြောက်ကိုရီးယားက ဒီလို စစ်ရေးလေ့ကျင့်တာတွေဟာ မိမိတို့ကို ကျူးကျော်တိုက်ခိုက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဖြစ်တယ်လို့ ရှုမြင်လေ့ရှိပါတယ်။ ပြုံးယမ်းနဲ့ သံတမန်ရေး ညှိနှိုင်းမှု အဆင်မပြေတာ၊ ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့တာတို့ကြောင့် နောက်ဆုတ်ထားခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ အတူ အကြီးမားဆုံး လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ မေလက စတင်တာဝန်ယူတဲ့ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုက […]
Continue Reading