BTS ရဲ့ ‘BANGTANTV’ က၂၀၂၁ မှာForbesရဲ့၀င်ငွေအမြင့်ဆုံးရိစာရင်းတွင်နံပါတ် ၁ အဖြစ်ရပ်တည်ခဲ့ပြီး BLACKPINK၊ NCT Dream နှင့်အခြားဟာတွေကတော့

Korea News

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။

Forbes Korea မှ 2021 YouTube channelများတွင် ဝင်ငွေအများဆုံးရရှိတဲ့ ကိုရီးယား အနုပညာရှင်စရင်းကို ထုတ်ပြန်ခဲ့ပါတယ်၊စာရင်းရှိသူ၂၀ တွင် ၁၅ဦးဟာ Kpop အနုပညာရှင်တွေဖြစ်ပါတယ်၊ နံပါတ်၁ နေရာကိုတော့ BTS အဖွဲ့ကရရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ BLACKPINK ,NCT Dream ,Seventeen, BamBam , MAMAMOO စသည့်အဖွဲ့များပါဝင်ပါတယ်၊

အခုဖော်ပြထားတာကတော့ အဆင့်၂၀ အတွင်း ဝင်တဲ့ Kpop အနုပညာရှင်များပဲဖြစ်ပါတယ်၊(Subscribeလုပ်သူအရေအတွက်ကိုလိုက်၍ Forbesမှ စာရင်းပြုစုကာ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်)

1.BTS

BTS အဖွဲ့ဟာဆိုရင် ‘BANGTANTV’ အမည်ရှိ Channelဖြင့် နံပါတ်၁ နေရာကို ရရှိခဲ့တာဖြစ်ပါတယ်၊သူတို့ရဲ့ Channel ဟာ လတ်တလောတွင် subscribers 57 သန်းခန့်ရှိပြီး ကြည့်ရှုသူ 12 ဘီလီယံရှိပါတယ်၊2021 ခုနှစ်မှာဆိုရင် BTS အဖွဲ့ရဲ့ YouTube Channelဟာ ဆိုရင် ကိုရီးယား ဝမ် 19 .1 ဘီလီယံ (အမေရိကန် ဒေါ်လာ 16.4 သန်း) ဝင်ငွေရှိတယ်လို့ Forbesက ခန့်မှန်းထားပါတယ်၊

2.BLACKPINK

BLACKPINK အဖွဲ့ကတော့ ‘BLACKPINK’ အမည်ရှိ YouTube Channelဖြင့် နံပါတ် ၂ နေရာကို ရရှိခဲ့တာဖြစ်ပါတယ်၊ သူတို့ရဲ့ Channelကတော့ ယခုလက်ရှိတွင် Subscriber 65.4သန်းရှိပြီး ကြည့်ရှုသူ19 ဘီလီယံရှိပါတယ်၊ သူတို့ရဲ့ YouTube Channel ကတော့ 2021 ခုနှစ်တွင် ကိုရီးယား ဝမ် 13.5 ဘီလီယံ အမေရိကန်ဒေါ်လာ 11.6 သန်း ဝင်ငွေရှိတယ်လို့ Forbes က ခန့်မှန်းထားပါတယ်၊

3.NCT Dream

NCT Dreamအဖွဲ့ကတော့ ‘NCT DREAM’ YouTube Channelဖြင့် နံပါတ် 3 နေရာမှာ ရှိနေပြီး လက်တလောတွင် subscribers 3.94 သန်း၊ကြည့်ရှုသူ 394.8 သန်းခန့်ရှိပါတယ်၊ Forbesရဲ့ ခန်းမှန်းချက်အရဆို ၎င်းအဖွဲ့ ရဲ့ YouTube Channelဟာဆိုရင် 2021တွင် ကိုရီးယားဝမ် 2.10 ဘီလီယံ (အမေရိကန်ဒေါ်လာ 1.81 သန်း)ဝင်ငွေရှိတယ်လို့သိရပါတယ်၊

4.Seventeen

‘SEVENTEEN ‘ YouTube Channel ကတော့ နံပါတ်4 နေရာမှာ ရှိပြီးsubscribers 6.8သန်း၊ကြည့်ရှုသူ 2.1 ဘီလီယံ ရှိပါတယ်၊ ၎င်း YouTube Channel ရဲ့ ဝင်ငွေကတော့ 2021 ခုနှစ်‌တွင် ကိုရီးယား ဝမ် 1.92 ဘီလီယံ ( အမေရိကန်ဒေါ်လာ 1.65 သန်း)ရှိတယ်လို့သိရပါတယ်၊

5.BamBam

BamBam အဖွဲ့ကတော့ ‘ BAMBAM’ YouTube Channelဖြင့် နံပါတ်5နေရာကိုရရှိခဲ့တာဖြစ်ပါတယ်၊၎င်းရဲ့ Channelမှာဆိုရင် subscribers 1.07သန်း၊ ကြည့်ရှုသူ 75 သန်း ရှိပါပြီး 2021 ခုနှစ်တွင် ထိုChannelဟာ ဝင်ငွေအား ဖြင့် ကိုရီးယား ဝမ် 1.69 ဘီလီယမ် (အမေရိကန်ဒေါ်လာ 1.45သန်း)ရှိတယ်လို့ ခန့်မှန်းရရှိပါတယ်၊

6.MAMAMOO

နံပါတ် 6 နေရာမှာ ရှိနေတာကတော့ subscribers 6.7သန်း ၊ကြည့်ရှုသူ1.6 ဘီလီယံ ရှိတဲ့ ‘MAMAMOO’ YouTube Channel ဖြစ်ပါတယ် ၊ထိုChannel ရဲ့ 2021ခုနှစ်ဝင်ငွေဟာဆိုရင် ကိုရီးယား ဝမ် 1.69 ဘီလီယံ (အမေရိကန် ဒေါ်လာ 1.45 သန်း)ရှိတယ်လို့ ခန့်မှန်းသိရပါတယ်၊

7.EXO

EXO အဖွဲ့ရဲ့ YouTube Channelက နံပါတ် 7 နေရာတွင်ရှိနေပြီး subscribers 8.3သန်း ၊ ကြည့်ရှုသူ 471.4သန်း ဝန်းကျင်ရှိပါတယ်၊ ၎င်းတို့ ရဲ့ Channelက တော့ 2021ခုနှစ်တွင် ကိုရီးယားဝမ် 1.69 ဘီလီယံ(အမေရိကန် ဒေါ်လာ 1.45သန်း) ဝင်ငွေရှိတယ်လို့ Forbesက ခန့်မှန်းထားပါတယ်၊

8.IU

IU ဟာ သူမရဲ့ YouTube channel ‘IU Official’ နှင့်နံပါတ် ၈ တွင်ရပ်တည်ခဲ့ပါတယ်၊ သူမရဲ့ Channel ဟာလက်ရှိမှာ subscribers ၆.၆၉ သန်းရှိပြီးကြည့်ရှုသူ ၉၅၀.၈ သန်းဝန်းကျင်ရှိပါတယ်၊ Forbes ရဲ့ခန့်မှန်းချက်အရ ၂၀၂၁ တွင်သူမရဲ့ Channel ဟာ ၀ င်ငွေ အားဖြင့် ကိုရီးယား ဝမ် ၁.၅၆ ဘီလျံ ၀ န်းကျင် (အမေရိကန်ဒေါ်လာ ၁.၃၄ သန်း) ရှိပါတယ်၊

9.Aespa

Aespa သည်သူတို့ရဲ့ YouTube channel ‘aespa’ ဖြင့်နံပါတ် ၉ တွင် ရှိပါတယ်၊ သူတို့ရဲ့ Channel သည်လက်ရှိတွင်subscribers ၂.၃၅ သန်းရှိပြီးကြည့်ရှုသူ ၂၈၂.၃ သန်းဝန်းကျင်ရှိပါတယ်၊ Forbes ၏ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်တွင်သူတို့ရဲ့ Channel သည် ဝ င်ငွေ အားဖြင့် ကိုရီးယား ဝမ် ၁.၄၄ ဘီလျံ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၁.၂၄ သန်း) ရှိပါတယ်၊

10.Tomorrow X Together

TXT ဟာ သူတို့ရဲ့ YouTube channel ‘TOMORROW X TOGETHER OFFICIAL’ ဖြင့်နံပါတ် ၁၀ နေရာတွင် ရှိပါတယ်၊ သူတို့ရဲ့ချန်နယ်ဟာ လက်ရှိတွင်subscribers ၇.၅၄ သန်းရှိပြီးကြည့်ရှုသူ ၄၆၅.၂ သန်းဝန်းကျင်ရှိပါတယ်၊ Forbes ၏ခန့်မှန်းချက်အရ ၂၀၂၁ တွင်သူတို့ရဲ့ Channel ဟာ ဝင်ငွေအားဖြင့် ကိုရီးယားဝမ် ၁.၁၄ ဘီလီယံ ၀ န်းကျင် (အမရိကန်ဒေါ်လာ ၉၈၁၀၀၀ )ရှိတယ်လို့ သိရပါတယ်၊

Red Velvet ရဲ့ Channel ‘Red Velvet’ YouTube ဝင်ငွေအားဖြင့် ကိုရီးယားဝမ် ၇၈၂ သန်း (အမေရိကန်ဒေါ်လာ ၆၇၃၀၀၀ )အဖြင့် နံပါတ်13၊ LOONA ရဲ့ Channel ‘lonnatheworld’ ဟာ နံပါတ် 14 တွင်ရှိပြီး ဝင်ငွေအားဖြင့် ကိုရီးယားဝမ် ၇၈၂ သန်း (အမေရိကန်ဒေါ်လာ ၆၇၂၀၀၀ )၊ NCT ရဲ့ Channel ‘’ NCT Daily ‘’ကတော့ ကိုရီးယား ဝမ် 501 သန်း (အမေရိကန်ဒေါ်လာ431000 ) တစ်နှစ်ဝင်ငွေနှင့်အတူ နံပါတ်16 ၊ AKMUရဲ့ Channel ‘AKMU’ ကတော့ ကိုရီးယားဝမ် 374 သန်း(အမေရိကန်ဒေါ်လာ322000)တစ်နှစ်ဝင်ငွေနှင့်အတူ နံပါတ်19 နှင့် NCT ရဲ့Channel ‘NCT’ ဟာ ကိုရီးယား ဝမ် ၃၆၄ သန်း (အမေရိကန်ဒေါ်လာ ၃၁၃၀၀၀ )ဝက်ငွေဖြင့် အဆင့်20တွင် ရပ်တည်နေပါတယ်၊

ဒါ့အပြင် ပရိတ်သတ်တွေရဲ့တုံ့ပြန်တဲ့ မှတ်ချက်တချို့လည်းပါဝင်ပါတယ်၊

“ငါတို့ BamBam ကအဆင့် ၅ <3”

“BLACKPINK ရဲ့ subcribers အရေအတွက်ကဘယ်လောက်‌ တောင်လဲ?၊ ငါပဲအမြင်မှား‌ေနတာလား”

“NCT Daily ကိုတွေ့တာကြာပြီ LOL “

“တခြားYouTube Channel တွေက ကြည့်ရှုသူပိုများလာဖို့ကြော်ငြာ တွေကိုသုံးပြီး ကြိုးစားနေနေပေမယ့် Big Hit က idol တွေကတော့ ကြော်ငြာသုံးစရာတောင်မလိုဘူး”

“ဒါပေမယ့် BTS က BANGTANTV ရဲ့ ဝင်ငွေကိုသိပ်ပြီးအာရုံမစိုက်ဘူးလို့ ထင်တယ်”

“ဒါကမှား‌ နေတယ်ထင်တယ် … BLACKPINK က BTS ထက် ကြည့်ရှုသူပိုများတယ်၊ ဒါပေမယ့်သူတို့ကဘာလို့ဒုတိယနေရာမှာရှိနေတာလဲ”

“BTS ကဗီဒီယိုပေါင်း ၁၅၀၀ ကျော်တင်ထားတယ်၊ သူတို့တကယ်အများကြီးတင်ထားတာပဲ”

“NCT Dream Subscribersက နည်း‌ ပေမယ့် ဝင်ငွေများသားပဲ”

“Wow BLACKPINK”

“သူတို့ တကယ် လုပ်နိုင်တာပဲ”

“BANGTANTV က HYBE မှတဆင့်မဟုတ်ပဲ သီချင်းဗီဒီယိုတွေကိုတင်စေချင်တယ်”

red:all kpop
trans:Evelyn

zawgyi



BTS


BLACKPINK


NCT Dream


Seventeen


BamBam


MAMAMOO


EXO


IU


Aespa


Tomorrow X Together





“BLACKPINK ရဲ့ subcribers အရေအတွက်ကဘယ်လောက်‌ တောင်လဲ?၊ ငါပဲအမြင်မှား‌နေတာလား”







“Wow BLACKPINK”



red:all kpop
trans:Evelyn

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။