British Army မှပင်မတိုက်ပွဲဝင်တင့်ကားအသစ်ဖြစ်သည့် Challenger2

Militarily

British Army မှ ပင်မတိုက်ပွဲဝင်တင့်ကားအသစ်ဖြစ်သည့် Challenger2 စတင်အသုံးပြုသည့် ၁၉၉၆ မတိုင်မှီအထိ UK မှထုတ်လုပ်သော Chieftain(Main Battle Tank – MBT)ကို Challenger1 နှင့်အတူ အသုံးပြုခဲ့သည်။ Chieftain ပင်မတိုက်ပွဲဝင်တင့်ကား အစီးရေ ၈၇၀ ကို British Army သို့လွှဲပြောင်းပေးအပ်ခဲ့သည်။ Chieftain တင့်ကားကို British Army အပြင် အီရန် ၇၀၇ စီး၊ ဂျော်ဒန် ၂၇၄ စီး၊ ကူဝိတ်နှင့် အိုမန် ၂၇ စီး အသုံးပြုသည်ဟု ဆို သည်။ Chieftain တင့်ကားသည် ပြင်ပသွင်ပြင်လက္ခဏာ မှာ အမေရိကန် M60 Patton နှင့် ဂျာမန် Leopard1 အပြင် ဆိုဗီယက်၏ T62 တင့်ကားများနှင့် တူညီမှုရှိသည်။

Chieftain တင့်ကားတွင် L11 series ဖြစ်သော တည်ငြိမ် ထိန်းစနစ်အပြည့်ပါသည့် ၁၂၀ မမ အမြောက်ကို တပ်ဆင် ပေးထားသည်။ ပြောင်းချောအမြောက်(Smoothbore gun)ဖြစ်သည့်အတွက် အမြောက်ကျည်များအပြင် တင့်ဖျက်ဒုံးများကိုပါ ထည့်သွင့်ပစ်ခတ်နိုင်သည်။ တည်ငြိမ်ထိန်း စနစ်အပြည့်ပါသောကြောင့် မောင်းနေရင်းဖြင့်ပင် ပစ်မှတ် အား ထိမှန်အောင်ပစ်ခတ်နိုင်သည်။ ကျည်ထိုးစနစ်အနေဖြင့် Manual ဖြစ်သောကြောင့် driver,commander, gunner,loader ဟုဆိုကာ Crew ၄ ဦး လိုက်ပါဆောင် ရွက်သည်။

ပင်မအမြောက်အပြင် ၁၂.၇ မမ လေယာဥ်ပစ် စက်သေနတ်ကြီး ၁ လက်နှင့် ၇.၆၂ မမ စက်သေနတ် ၂ လက် ကိုလည်း တပ်ဆင်ပေးထားသည်။ ကျည်ပါဝင်မှုအနေ ဖြင့် NATO စံပြု ၁၂၀ မမ ကျည် ၅၃ တောင့်အပြင် ၇.၆၂ မမ ကျည် ၆၀၀၀ တောင့် နှင့် ၁၂.၇ မမ ကျည် ၃၀၀ တောင့် တို့ဖြစ်သည်။ ပင်မအမြောက်အနေဖြင့် Shaped charge (HEAT)ကျည်များကို ထည့်သွင်းပစ်ခတ်ခြင်း မပြုဘဲ Armor-Piercing Discarding Sabot(APDS) နှင့် Armor-Piercing Fin-Stablized Discarding Sabot (APFSDS) စသည့် သံချပ်ကာဖောက်ကျည်များအပြင် High Explosive Squash Head(HESH) ကဲ့သို့ ခေါင်း ပြားခွင်းကျည်များကိုသာ ထည့်သွင်းပစ်ခတ်သည်ဟု ဆို သည်။

Chieftain ကို အဆင့်မြှင့်တင်ထားသည့် တင့်ကား တွင်မူ ပစ်ခတ်မှုအထောက်အကူပြု အကွာအဝေးတိုင်း တာသည့် laser rangefinder အပြင့် ကွန်ပြူတာပစ်ခတ်မှု ထိန်းချုပ်ရေးစနစ်ပါရှိလာသည်။ driver, gunner and commander တို့ညမြင်ကွင်းအတွက် night vision equipment တပ်ဆင်ပေးထားသည်။ လက်နက်တပ်ဆင် သည့်ဆုံလည်(turret)မှာ ၃၆၀ ဒီဂရီ လှည့်ပတ်ပစ်ခတ်နိုင် ကာ အမြောက်အနိမ့်/အမြင့် ပြုလုပ်နိုင်မှုမှာ -10 to +20 degrees ဖြစ်သည်။ အမြောက်၏ ပစ်ခတ်မှုနှုန်းထားအနေ ဖြင့် တစ်မိနစ်လျှင် ကျည် ၈ တောင့် နှုန်းဖြစ်သည်။

Chieftain တင့်ကားတွင် NBC protection system ကို Crew အတွက် တပ်ဆင်ပေးထားသည်။ တင့်ကားအတွင်း Crew မှ ၂၄ နာရီ အထက်ကျော်လွန်စွာ နေထိုင်နိုင်ရန် Crew stations ကို comfortable ဖြစ်အောင် ဖန်တီး ပေးထားသည်။ အလျား ၇.၅ မီတာ၊ ရှေ့ထွက်အမြောက်ပါ အလျား ၁၀.၈ မီတာ၊ အကျယ် ၃.၆၆ မီတာ နှင့် အမြင့် ၂.၉ မီတာ အရွယ်အစားရှိကာ ဝန်ပြည့်တန်ချိန် ၅၅ တန် ဖြစ် သည်။ NATO အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် NATO ၏ policy အရ တင့်နှင့် သံချပ်ကာများတွင် တပ်ဆင်သည့် အင်ဂျင်မှာ multi-fuel ဖြစ်ရမည် သတ်မှတ်ထားသဖြင့် Rolls-Royce V8 diesel engine မှာ multi-fuel မရ ရှိသဖြင့် multi-fuel ရရှိသည့် မြင်းကောင်ရေ ၅၈၅ ကောင် ရှိသော Leyland L60 diesel engine ကိုပြောင်းလဲတပ် ဆင်ခဲ့သည်။

တင့်ကားအနေဖြင့် တစ်နာရီ ၄၈ ကီလိုမီတာ အမြန်နှုန်းဖြင့် ၅၀၀ ကီလိုမီတာ အထိ တိုက်ရိုက်မောင်းနှင် နိုင်သည်။ တင့်ကားကို top-attack မခံရအောင် upgrade ပြုလုပ်ထားသည့် မျိုးကွဲတွင် turret ရှေ့ထိပ်ပိုင်းတွင် Stillbrew passive armor ကိုတပ်ဆင်ပေးထားသည်။ တင့်ကားတွင် လက်နက်များအပြင် dozer blade နှင့် mine clearing equipment ကိုတပ်ဆင်အသုံးပြုနိုင် သည်။ ရေအနက်ပိုင်းတွင် ဖြတ်သန်းမောင်းနှင်နိုင်ရန်အ တွက် floatation kit ကိုလည်း တပ်ဆင်အသုံးပြုနိုင်သည်။

Chieftain တင့်ကားသည် ဆိုဗီယက်၏ T-64 တင့်ကားကို ခြိမ်းခြောက်နိုင်သော်လည်း latest T-80 တင့်ကားကိုမူ ခြိမ်းခြောက်နိုင်ခြင်း မရှိဟုဆိုသည်။ Chieftain မျိုးကွဲ Mk.1 မှ Mk.12 အထိ ထုတ်လုပ်ပေးထားသည့် အပြင် ဂျော်ဒန်၏ Khalid တင့်ကားနှင့် အီရန်၏ Shir2 တင့်ကား သည့် Chieftain ၏ မျိုးကွဲများဖြစ်သည်။

credit – KokolinOo

Leave a Reply