တရုတ်-ကနေဒါကပြား မင်းသား၊ အဆိုတော်၊ မော်ဒယ် Kirs Wu ကို မိန်းကလေးငယ်များအား ဖြား ယောင်းအ ဓ မ္မကျင့် မှု စွပ်စွဲချက်များအတွက် ဖမ်းဆီးထားသည်ဟု သိရသည်။

Kris Wu သည် ငယ်ရွယ်သည့် မိန်းကလေးများအား အကြိမ်ရေများစွာ လှည့်ဖြား၍ ကာ မ ရယူခဲ့သည်ဆိုသည့် အွန်လိုင်းစွပ်စွဲချက်များကို ပေကျင်းအာဏာပိုင်များက စစ်ဆေးလျက်ရှိသည်။ကေပေါ့အဖွဲ့ EXO မှ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည့် ဝူသည် တရုတ်နိုင်ငံရှိ ထိပ်တန်း Brand Ambassador များထဲမှ တစ်ဦးဖြစ်ပြီး Louis Vuitton ၊ Bvlgari ၊ Porsche ၊ L’Oreal ၊ Lancome နှင့် Kans အစရှိသည့် နာမည်ကျော် ဘရန်းကုမ္ပဏီများအတွက် ကြော်ငြာပေးနေရသူဖြစ်သည်။
သို့သော်သတင်းများ ထွက်လာပြီးသည့်နောက် Kris Wu ပါသည့် ကြော်ငြာများကို ဘရန်းကုမ္ပဏီအချို့က ဖျက်သိမ်းမှုများ ပြုလုပ်လိုက်ကြသည်။

ဝူ၏ ချစ်သူဆိုသည့် အသက် ၁၉ နှစ် အရွယ် ကောလိပ်ကျောင်းသူ Du Meizhu ဆိုသူက ဝူကို သ စ္စာ မဲ့သူအဖြစ် ဇူလိုင် ၈ ရက်တွင် စွပ်စွဲခဲ့ရာမှ အရှုပ်တော်ပုံစတင်ခဲ့သည်။
ဝူနှင့် အသက်မ ပြည့်မိန်းကလေးများ ပြောဆိုထားသည့်အကြောင်းအရာ Screenshot များကိုလည်း သူမက ဝေပိုတွင် တင်ခဲ့သည်။ ဝူနှင့် တွေ့စဉ်က သူမ၏အသက် ၁၇ နှစ်ဟု ဆိုထားသည်။ ဝူ၏အိမ်တွင်ပြုလုပ်သည့် ပါတီသို့ သူမကိုဖိတ်သည့်အတွက် သွားခဲ့ပြီးနောက် ကျူး လွန် ခံရပုံမျိုး သူမက ပြောသည်။
သူမအဆိုအရ ဝူသည် WeChat အကောင့်တစ်ခုဖြင့် မိန်းကလေးများကို ဆက်သွယ်ပြီး သူတို့ကို မြူးဇစ်ဗီဒီယိုများတွင် မင်းသမီးအဖြစ် ပါခိုင်းမည်ဆိုကာ ဖြား ယောင်းသွေး ဆောင်ခဲ့သည်။ အချို့သည် အသက် ၁၈ နှစ်ပင် မပြည့်သေးပေ။ ဝူကို စွပ်စွဲထားသည့် နောက်ထပ်မိန်းကလေး ၂၄ ဦးလည်း ထွက်ပေါ်လာခဲ့သည်။

ဝူဘက်ကမူ စွပ်စွဲချက်အားလုံးကိုငြင်းဆန်ထားသည်။ Du Meizhu ကိုလည်း သူ၏ ရှေ့နေများက အသ ရေဖျက်မှုဖြင့်တရားပင် ပြန်စွဲထားသည်။သတင်းများကို လက်မခံနိုင်ဖြစ်ကြသည့် လူအချို့ကမူ ဝူကို အနုပညာလောကမှ ထွက်ခွာရန်နှင့် နိုင်ငံကပါ ထွက်သွားရန် တောင်းဆိုသည်အထိ ရှိခဲ့သည်။ ဝူသည် EXO အဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး အဆိုတော် သရုပ်ဆောင်ဘဝကို သီးခြားရပ်တည်ရန် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ ယခုကဲ့သို့ လက်မခံနိုင်ဖွယ် အရှုပ်အရှင်းများကြောင့် ရှန်ဟိုင်းအခြေစိုက် အလှကုန်ဖြစ်သည့် Kans က ဝူနှင့် ကြော်ငြာစာချုပ်ကို အဆုံးသတ်လိုက်ကြောင်း ဝေပိုလူမှုကွန်ရက်တွင် ဇူလိုင် ၁၈ ရက်က ကြေညာလိုက်သည်။

ထိုနေ့တွင်ပင် Porsche ၊ Vatti ၊ King Of Glory အွန်လိုင်းဂိမ်းတို့က ဝူပါသည့် ဝေပိုပို့စ်များအားလုံးကို ဖြုတ်ချလိုက်သည်။ Louis Vuitton ကလည်း ဝူ၏ပို့စ်များကို ယာယီဖျောက်ထားခဲ့ပြီးနောက်မှ Public ပြန်တင်ခဲ့သည်။
news-eleven
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။