Boeing 747 ေလာက္ႀကီးတဲ့ Drone ေတြကို အနာဂါတ္မွာ သယ္ယူပို႔ေဆာင္ေရးအတြက္ အသုံးျပဳဖို႔ ရည္႐ြယ္ထား..

Boeing 747 ေလာက္ႀကီးတဲ့ Drone ေတြကို အနာဂါတ္မွာ သယ္ယူပို႔ေဆာင္ေရးအတြက္ အသုံးျပဳဖို႔ ရည္႐ြယ္ထား..

ကမာၻလုံးဆိုင္ရာ ေထာက္ပံ့ေရးကြင္းဆက္ျပတ္လပ္မႈ၊ ပစၥည္းျပတ္လပ္မႈ၊ အလုပ္သမားရွားပါးမႈမ်ား စတဲ့အခက္အခဲေပါင္းစုံကိုေတြ႕ႀကဳံရင္ဆိုင္ေနရခ်ိန္မွာ San Diego အေျခစိုက္ startup တစ္ခု ကေန ဆန္းသစ္တဲ့ ေျဖရွင္းခ်က္တစ္ခုနဲ႔ ေလေၾကာင္းကုန္စည္ပို႔ေဆာင္မႈအတြက္ လိုအပ္ခ်က္အခ်ိဳ႕ကို ျဖည့္ဆည္းေပးဖို႔ စီစဥ္ထားထားပါတယ္။ ဒ

ါကေတာ့ Boeing 747 လိုမ်ိဳး ႀကီးမားတဲ့ ေမာင္းသူမဲ့ ကုန္တင္ ဒ႐ုန္းမ်ားကို တီထြင္ဖန္တီးဖို႔အတြက္ျဖစ္တယ္။ 2016 ခုႏွစ္က တည္ေထာင္ခဲ့တဲ့ Natilus ကေန ၎ရဲ႕ေလယာဥ္ အစီးေရ 440 အတြက္ $6 ဘီလီယံတန္ဖိုးရွိ ႀကိဳတင္မွာယူမႈမ်ားကိုေၾကညာခဲ့ပါတယ္။
၎ရဲ႕ blended wing design ဟာ လက္ရွိ ကုန္စည္ပို႔ေဆာင္ေရး ေလယာဥ္မ်ားထက္ 60 ရာခိုင္ႏႈန္း ပိုမို အံဝင္ခြင္က် ရွိႏိုင္ၿပီး ကုန္က်စရိတ္ 60 ရာခိုင္ႏႈန္း နဲ႔ ကာဗြန္ ထုတ္လႊတ္မႈ 50 ရာခိုင္ႏႈန္း ေလ်ာ့နည္း ေၾကာင္း ကုမၸဏီမွ ေျပာၾကား ခဲ့ပါတယ္။

အေတာင္မ်ားႏွင့္ ေလယာဥ္ကိုယ္ထည္ကို ေပါင္းစပ္ထားတဲ့အတြက္ေၾကာင့္ ကိုယ္ထည္ဟာ ႐ိုး႐ိုးခရီးသည္တင္ေလယာဥ္မ်ားထက္ မ်ားစြာပိုက်ယ္ၿပီးေတာ့ ပိုျပားတဲ့ ပုံသ႑ာန္ကို ေဖာ္ေဆာင္ထားတာကိုေတြ႕ရမွာပါ။ ယခုအခ်ိန္အထိ blended wing body ေလယာဥ္မ်ားကို စစ္ဘက္ဆိုင္ရာ ရည္႐ြယ္ခ်က္မ်ားအတြက္ အဓိက အသုံးျပဳေနၾကေသာ္လည္း ေလယာဥ္ထုတ္လုပ္သူမ်ားႏွင့္ NASA တို႔ဟာ ေလယာဥ္မ်ားရဲ႕ အသုံးျပဳမႈကို တိုးခ်ဲ႕ကာ ေရွ႕ေျပးပုံစံအသစ္မ်ားကို စတင္ရွာေဖြေနၿပီျဖစ္တယ္။

ေလယာဥ္ရဲ႕ အျပင္ပိုင္းပုံသ႑ာန္ဟာ ေလခြင္းအားပိုေကာင္းေစၿပီး ဆီစားသက္သာႏိုင္မယ့္အျပင္ ျမန္ဆန္စြာသြားႏိုင္မွာလည္းျဖစ္တယ္။ ေလယာဥ္ကို ေမာင္းသူမဲ့ ပ်ံသန္းဖို႔အတြက္ ျပဳလုပ္ထားေသာ္လည္း full autonomy အတြက္ စည္းမ်ဥ္းစည္းကမ္းမ်ား ခြင့္ျပဳေပးတဲ့အခ်ိန္အထိ အေဝးထိန္းေလယာဥ္မႉးမ်ားထံမွ ႀကီးၾကပ္မႈျဖင့္ ကနဦး လည္ပတ္သြားမွာျဖစ္တယ္။

ကုမၸဏီအေနနဲ႔ ၃ ဒသမ ၈ တန္ အေလးခ်ိန္ရွိတဲ့ တာတိုခရီးတိုေလယာဥ္၊ တန္ ၆၀ အေလးခ်ိန္ရွိတဲ့ တာလတ္/တာေဝး ေလယာဥ္နဲ႔ ၁၀၀ တန္ ႏွင့္ ၁၃ဝ တန္ long-range ေလယာဥ္မ်ား ထုတ္လုပ္ဖို႔အတြက္ စီစဥ္ထားပါတယ္။
မၾကာေသးမီက Natilus မွ ႀကိဳတင္မွာယူထားတဲ့ ေလယာဥ္ customers အခ်ိဳ႕မွာ ကင္ညာကုန္တင္ေလေၾကာင္းလိုင္း Astral Aviation၊ ဒ႐ုန္းဝန္ေဆာင္မႈေပးသူ Volatus Aerospace နဲ႔ ကုန္စည္ပို႔ေဆာင္ေရးကုမၸဏီ Flexport တို႔ ပါဝင္ပါတယ္။

ယေန႔အထိ၊ Natilus ဟာ ၎ရဲ႕ ေလယာဥ္ကို အတည္ျပဳဖို႔အတြက္ စမ္းသပ္မႈ ႏွစ္ခုကို ၿပီးေျမာက္ခဲ့ၿပီး 2023 ခုႏွစ္မွာ ျပဳလုပ္မယ့္ full-scale prototype ရဲ႕ ပထမဆုံးေသာ ပ်ံသန္းမႈကို စီစဥ္လ်က္ရွိပါတယ္။

Credit..Ga Mone Pwint – GMP Motors

Unicode

Boeing 747 လောက်ကြီးတဲ့ Drone တွေကို အနာဂါတ်မှာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုဖို့ ရည်ရွယ်ထား..

ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ပြတ်လပ်မှု၊ ပစ္စည်းပြတ်လပ်မှု၊ အလုပ်သမားရှားပါးမှုများ စတဲ့အခက်အခဲပေါင်းစုံကိုတွေ့ကြုံရင်ဆိုင်နေရချိန်မှာ San Diego အခြေစိုက် startup တစ်ခု ကနေ ဆန်းသစ်တဲ့ ဖြေရှင်းချက်တစ်ခုနဲ့ လေကြောင်းကုန်စည်ပို့ဆောင်မှုအတွက် လိုအပ်ချက်အချို့ကို ဖြည့်ဆည်းပေးဖို့ စီစဉ်ထားထားပါတယ်။ ဒါကတော့ Boeing 747 လိုမျိုး ကြီးမားတဲ့ မောင်းသူမဲ့ ကုန်တင် ဒရုန်းများကို တီထွင်ဖန်တီးဖို့အတွက်ဖြစ်တယ်။ 2016 ခုနှစ်က တည်ထောင်ခဲ့တဲ့ Natilus ကနေ ၎င်းရဲ့လေယာဉ် အစီးရေ 440 အတွက် $6 ဘီလီယံတန်ဖိုးရှိ ကြိုတင်မှာယူမှုများကိုကြေညာခဲ့ပါတယ်။
၎င်းရဲ့ blended wing design ဟာ လက်ရှိ ကုန်စည်ပို့ဆောင်ရေး လေယာဉ်များထက် 60 ရာခိုင်နှုန်း ပိုမို အံဝင်ခွင်ကျ ရှိနိုင်ပြီး ကုန်ကျစရိတ် 60 ရာခိုင်နှုန်း နဲ့ ကာဗွန် ထုတ်လွှတ်မှု 50 ရာခိုင်နှုန်း လျော့နည်း ကြောင်း ကုမ္ပဏီမှ ပြောကြား ခဲ့ပါတယ်။ အတောင်များနှင့် လေယာဉ်ကိုယ်ထည်ကို ပေါင်းစပ်ထားတဲ့အတွက်ကြောင့် ကိုယ်ထည်ဟာ ရိုးရိုးခရီးသည်တင်လေယာဉ်များထက် များစွာပိုကျယ်ပြီးတော့ ပိုပြားတဲ့ ပုံသဏ္ဍာန်ကို ဖော်ဆောင်ထားတာကိုတွေ့ရမှာပါ။ ယခုအချိန်အထိ blended wing body လေယာဉ်များကို စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အဓိက အသုံးပြုနေကြသော်လည်း လေယာဉ်ထုတ်လုပ်သူများနှင့် NASA တို့ဟာ လေယာဉ်များရဲ့ အသုံးပြုမှုကို တိုးချဲ့ကာ ရှေ့ပြေးပုံစံအသစ်များကို စတင်ရှာဖွေနေပြီဖြစ်တယ်။
လေယာဉ်ရဲ့ အပြင်ပိုင်းပုံသဏ္ဍာန်ဟာ လေခွင်းအားပိုကောင်းစေပြီး ဆီစားသက်သာနိုင်မယ့်အပြင် မြန်ဆန်စွာသွားနိုင်မှာလည်းဖြစ်တယ်။ လေယာဉ်ကို မောင်းသူမဲ့ ပျံသန်းဖို့အတွက် ပြုလုပ်ထားသော်လည်း full autonomy အတွက် စည်းမျဉ်းစည်းကမ်းများ ခွင့်ပြုပေးတဲ့အချိန်အထိ အဝေးထိန်းလေယာဉ်မှူးများထံမှ ကြီးကြပ်မှုဖြင့် ကနဦး လည်ပတ်သွားမှာဖြစ်တယ်။ ကုမ္ပဏီအနေနဲ့ ၃ ဒသမ ၈ တန် အလေးချိန်ရှိတဲ့ တာတိုခရီးတိုလေယာဉ်၊ တန် ၆၀ အလေးချိန်ရှိတဲ့ တာလတ်/တာဝေး လေယာဉ်နဲ့ ၁၀၀ တန် နှင့် ၁၃ဝ တန် long-range လေယာဉ်များ ထုတ်လုပ်ဖို့အတွက် စီစဉ်ထားပါတယ်။
မကြာသေးမီက Natilus မှ ကြိုတင်မှာယူထားတဲ့ လေယာဉ် customers အချို့မှာ ကင်ညာကုန်တင်လေကြောင်းလိုင်း Astral Aviation၊ ဒရုန်းဝန်ဆောင်မှုပေးသူ Volatus Aerospace နဲ့ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ Flexport တို့ ပါဝင်ပါတယ်။ ယနေ့အထိ၊ Natilus ဟာ ၎င်းရဲ့ လေယာဉ်ကို အတည်ပြုဖို့အတွက် စမ်းသပ်မှု နှစ်ခုကို ပြီးမြောက်ခဲ့ပြီး 2023 ခုနှစ်မှာ ပြုလုပ်မယ့် full-scale prototype ရဲ့ ပထမဆုံးသော ပျံသန်းမှုကို စီစဉ်လျက်ရှိပါတယ်။

Credit..Ga Mone Pwint – GMP Motors

Crd