BLACKPINKအဖွဲ့ဝင်RoseမှGirls’ dayအဖွဲ့ဝင်Hyeri ရဲ့ရိုက်ကူးရေးသို့ပေးပို့ခဲ့သောsuprise gift

Celebrity Kpop News

သူမတို့ရဲ့ သူငယ်ချင်းသံယောဇဥ်က တန်ဖိုးရှိလိုက်တာ…

Hyeri သည်သူမကို Christmas အကြိုလက်ဆောင်အဖြစ်ပို့ခဲ့သော suprise gift နဲ့ပတ်သက်ပြီး BLACKPINK’s Roséအား ဆိုရှယ်မီဒီယာပေါ်မှာ ကျေးဇူးတင်ခဲ့ပါသည်။

Hyeri သည် ၂၀၂၁ အစောပိုင်းတွင်ထွက်ရှိမည့် Frightening Cohabitation ဒရာမာကိုရိုက်ကူးနေစဥ် Roséက Hyeri အတွက် သရေစာထရပ်ကားတစ်စီးပို့ပေးခဲ့ပါသည်။

ထရပ်ကားတွင် Hyeri ရဲ့ပုံနှစ်ပုံနှင့် ပန်းရောင် banner လည်းပါရှိကာထိုbannerပေါ်မှာ သူငယ်ချင်း Hyeri အတွက် Rose မှမေတ္တာနဲ့အားပေးမှုဖြစ်စေတဲ့စာမျိုးရေးသားခဲ့ပါသေးသည်။

“ဒီဓာတ်ပုံကိုကြည့်ပြီး ငါတို့ရဲ့အရမ်းလှတဲ့ Hyeri လေးက သန်သန်မာမာနေနော်.. Frightening Cohabitation အတွက် ရှေ့ဆက်ကြစို့.. မင်းကအစားအရမ်းကြီးတယ်..churro တွေကိုတစ်ကြိမ်ထဲနဲ့အကုန်မစားနဲ့နော်..ဟုတ်ပြီလား..? သောက်စရာပူပူလေးသောက်ပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်ဦး..နင့်ကိုချစ်တယ်..”
Rosé

တုန့်ပြန်မှုအနေဖြင့် Hyeri ကသူမရဲ့ snack truck နှင့်ဓာတ်ပုံများစွာရိုက်ပြီး Instagram မှာတင်ခဲ့သည့်အပြင် Roséအတွက်လည်း ချိုသာတဲ့စာတစ်စောင်ရေးသားခဲ့ပါသေးသည်။

“ချစ်ရတဲ့ Chaeyoung (ကိုရီးယားနာမည်) ခရစ်စမတ်အကြိုည suprise gift အတွက်ကျေးဇူးတင်ပါတယ်.. ခရစ်စမတ်ကို အခုမှပဲသတိရသွားတော့တယ်.. ငါအရမ်းသဘောကျပါတယ်.. Park Rose ကို ချစ်တယ်..”
Hyeri

သူတို့နှစ်ဦးဟာ ချစ်ခင်ရင်းနှီးမှုရှိကြောင်းလူသိများပြီး မကြာခင်က Amazing Saturday မှာအဖွဲ့ဝင်အဖြစ် Jisooနဲ့ Rose ကပါဝင်ခဲ့ကာ ထိုမှတစ်ဆင့် Hyeri နှင့်Roséသည် လူမှုမီဒီယာသို့ အံ့သြဖွယ်ချစ်ကြည်ရင်းနှီးမှုရှိသည်အား ပရိသတ်များကိုပြသခဲ့ပြီး…

ပရိသတ်များကလည်း သူမတို့နှစ်ယောက်အား ရှေ့ဆက်အတူတကွ မြင်ရဖို့ မျှော်လင့်နေကြပါသည်။

Ref:allkpop
သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့ယခုသတင်းနဲ့ဆောင်းပါးကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။မေတ္တာရပ်ခံပါတယ်။

Leave a Reply