TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■bill gateရဲ့ကမ္ဘာ့စျေးအကြီးဆုံးစာကြည့်တိုက်မှ လီယိုနာဒိုဒါဗင်ချီရဲ့ ကိုယ်ရေးမှတ်စုစာအုပ်

နှစ်တော်တော်ကြာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူအဖြစ် သတ်မှတ်ခံထားရပေမဲ့ ဘေလ်ဂိတ် (bill gate)မှာ ဇိမ်ခံ အသုံးအဆောင်ပစ္စည်းအနည်းငယ်သာရှိပါတယ်။ ဒါပေမဲ့လဲ ခိုင်မာတဲ့ သတင်းအရ ဂိတ်ဟာ ကမ္ဘာ့ စျေးအကြီးဆုံး စာကြည့်တိုက်အတွက် ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲထားပါတယ်။

ဒီစာကြည့်တိုက်ရဲ့ အဓိက ရတနာတပါးကတော့ ၁၉၉၄ခုနစ်မှာ သူ ဒေါ်လာ ၃၀.၈မီလီယမ်နဲ့ ဝယ်ယူခဲ့တဲ့ လီယိုနာဒို ဒါဗင်ချီရဲ့ (leonardo da vinci) ကိုယ်ရေးမှတ်စုစာအုပ်ပဲ ဖြစ်ပါတယ်။ ၁၅၀၆ နဲ့ ၁၅၁၀ခု နှစ်ကြားမှာ ရေးခဲ့တာ ဖြစ်ပြီး စာမျက်နှာ ၇၂ခုပါဝင်တဲ့ ဒီစာအုပ်ဟာ ပုံကြမ်းတွေနဲ့ အစောပိုင်းအတွေးအခေါ်တွေပါဝင်ပြီး ဒါဗင်ချီရဲ့ စိတ်ကူးစိတ်သန်းတွေကို လှစ်ဖော်ပြသနိုင်ပါတယ်။

စာလုံးတွေကို တော့ ဒါဗင်ချီရဲ့ ကျော်ကြားတဲ့ မှန်ပုံရိပ် စတိုင်နဲ့ ရေးထားတာပါ။ ဆိုလိုတာကတော့ စာလုံးတွေကို ညာဘက်ကနေဘယ်ဘက်ကို ဖတ်သွားရမှာပါ။ စာလုံးတွေကို ရှေးဟောင်း အီတလီ စာလုံးတွေနဲ့ ရေးထားတာဖြစ်လို့ ကျယ်ကျယ်ပြန်ပြန့် ဘာသာပြန်ဖို့ လိုအပ်ပါတယ်။

ဟုတ်ပါတယ်။ ဘီလ်ဂိတ် ကတေ့ာ ရှေးခေတ် အီတလီ ဘာသာစကားကို မပြောတတ်ပါဘူး။ ဒါ့ကြောင့်လဲ သူဟာ သူ့ရဲ့ ကြီးမားလှတဲ့ စာ ကြည့်တိုက်အတွက် အချက်အချာတစ်ခု အဖြစ်ပဲ သိမ်းထားတာပါ။

ကမ္ဘာ့စျေးအကြီးဆုံး စာကြည့်တိုက်အဖြစ် မှတ်တမ်းဝင်ပြီးသွားချိန်မှာတော့ ဂိတ်ဟာ ကမ္ဘာကို ဝေငှရန်အလို့ငှာ အဲ့ဒီလက်ရေးမူကို စာကြည့်တိုက်ပေါင်းမြောက်များစွာကို ငှားရမ်းပြီးပါပြီ။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■bill gateရဲ့ကမၻာ့ေစ်းအႀကီးဆုံးစာၾကည့္တိုက္မွ လီယိုနာဒိုဒါဗင္ခ်ီရဲ့ ကိုယ္ေရးမွတ္စုစာအုပ္
ႏွစ္ေတာ္ေတာ္ၾကာ ကမၻာေပၚမွာ အခ်မ္းသာဆုံး လူအျဖစ္ သတ္မွတ္ခံထားရေပမဲ့ ေဘလ္ဂိတ္ (bill gate)မွာ ဇိမ္ခံ အသုံးအေဆာင္ပစၥည္းအနည္းငယ္သာရွိပါတယ္။ ဒါေပမဲ့လဲ ခိုင္မာတဲ့ သတင္းအရ ဂိတ္ဟာ ကမၻာ့ ေစ်းအႀကီးဆုံး စာၾကည့္တိုက္အတြက္ ေဒၚလာသန္းေပါင္းမ်ားစြာ သုံးစြဲထားပါတယ္။
ဒီစာၾကည့္တိုက္ရဲ့ အဓိက ရတနာတပါးကေတာ့ ၁၉၉၄ခုနစ္မွာ သူ ေဒၚလာ ၃၀.၈မီလီယမ္နဲ႔ ဝယ္ယူခဲ့တဲ့ လီယိုနာဒို ဒါဗင္ခ်ီရဲ့ (leonardo da vinci) ကိုယ္ေရးမွတ္စုစာအုပ္ပဲ ျဖစ္ပါတယ္။ ၁၅၀၆ နဲ႔ ၁၅၁၀ခု ႏွစ္ၾကားမွာ ေရးခဲ့တာ ျဖစ္ၿပီး စာမ်က္ႏွာ ၇၂ခုပါဝင္တဲ့ ဒီစာအုပ္ဟာ ပုံၾကမ္းေတြနဲ႔ အေစာပိုင္းအေတြးအေခၚေတြပါဝင္ၿပီး ဒါဗင္ခ်ီရဲ့ စိတ္ကူးစိတ္သန္းေတြကို လွစ္ေဖာ္ျပသနိုင္ပါတယ္။
စာလုံးေတြကို ေတာ့ ဒါဗင္ခ်ီရဲ့ ေက်ာ္ၾကားတဲ့ မွန္ပုံရိပ္ စတိုင္နဲ႔ ေရးထားတာပါ။ ဆိုလိုတာကေတာ့ စာလုံးေတြကို ညာဘက္ကေနဘယ္ဘက္ကို ဖတ္သြားရမွာပါ။ စာလုံးေတြကို ေရွးေဟာင္း အီတလီ စာလုံးေတြနဲ႔ ေရးထားတာျဖစ္လို႔ က်ယ္က်ယ္ျပန္ျပန္႔ ဘာသာျပန္ဖို႔ လိုအပ္ပါတယ္။
ဟုတ္ပါတယ္။ ဘီလ္ဂိတ္ ကေတ့ာ ေရွးေခတ္ အီတလီ ဘာသာစကားကို မေျပာတတ္ပါဘူး။ ဒါ့ေၾကာင့္လဲ သူဟာ သူ႔ရဲ့ ႀကီးမားလွတဲ့ စာ ၾကည့္တိုက္အတြက္ အခ်က္အခ်ာတစ္ခု အျဖစ္ပဲ သိမ္းထားတာပါ။
ကမၻာ့ေစ်းအႀကီးဆုံး စာၾကည့္တိုက္အျဖစ္ မွတ္တမ္းဝင္ၿပီးသြားခ်ိန္မွာေတာ့ ဂိတ္ဟာ ကမၻာကို ေဝငွရန္အလို႔ငွာ အဲ့ဒီလက္ေရးမူကို စာၾကည့္တိုက္ေပါင္းေျမာက္မ်ားစြာကို ငွားရမ္းၿပီးပါၿပီ။
Ref:youtube
Trans:thegeektext