Apple က တရုတ်ကုမ္မဏီမှ ချစ်ပ်ပြားများအသုံးပြုမည့်အစီအစဉ်ကို ဆိုင်းငံ့

Apple က ထိပ်တန်းတရုတ်ကုမ္ပဏီမှ ချစ်ပ်ပြားများအသုံးပြုမည့်အစီအစဉ်ကို ဆိုင်းငံ့
Apple ကုမ္ပဏီသည် မိမိတို့၏ထုတ်ကုန်များတွင် တရုတ် Yangtze Memory Technologies Co (YMTC) မှ မှတ်ဉာဏ်ချစ်ပ်ပြားများအား ဝယ်ယူအသုံးပြုမည့် အစီအစဉ်များကို ဆိုင်းငံ့ထားကြောင်း ဂျပန်သတင်းစာ Nikkei Asia က သတင်းရင်းမြစ်များ ကို ကိုးကား၍ ဖော်ပြသည်။
အမေရိကန်ကုမ္ပဏီက ယခုလတွင် ပို့ကုန်ထိန်းချုပ်မှုစာရင်းမထုတ်ပြန်မီတွင် အမေရိကန် နိုင်ငံစုံ နည်းပညာကုမ္ပဏီ Apple သည် iPhonesများတွင် အသုံးပြုမည့် YMTC ထုတ် ၁၂၈ လွှာ 3D NAND မှတ်ဉာဏ်ချစ်ပ်ပြားများကို စစ်ဆေးအတည်ပြုသည့် လုပ်ငန်းစဉ်ပြီးစီးထားသည်။
Nikkei Asia ၏ အဆိုအရ NAND flash memory သည် စမတ်ဖုန်းများနှင့်ကိုယ်ပိုင်ကွန်ပျူတာများမှ ဆာဗာများအထိ အီလက်ထရွန်နစ် စက်ပစ္စည်းများအားလုံးတွင် တွေ့ရသည့် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတရုတ်ချစ်ပ်ပြားများသည် ယခုအချိန်ထိ အဆင့်မြင့်ဆုံးချစ်ပ်ပြားဖြစ်သည်။
YMTCချစ်ပြားများသည် ပြိုင်ဘက်များထက် ဈေးသက်သာသော်လည်း များပြားလာသော ပထဝီနိုင်ငံရေး ဖိအားနှင့် အမေရိကန်ချစ်ပ်ပြားထုတ်လုပ်သူများ၏ ဝေဖန်မှုကြောင့် Apple ကို လမ်းကြောင်း ပြောင်းစေခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့်လက အမေရိကန်အထက်လွှတ်တော်အမတ်များသည် YMTC မှ ချစ်ပ်ပြားများဝယ်မည့် Apple ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြပြီး အဆိုပါအရောင်းအဝယ်သည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ရှိ မရှိ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။
အမေရိကန်လွှတ်တော်အမတ်များက ထိုကိစ္စကို စုံစမ်းစစ်ဆေးပေးရန် အမျိုးသားလုံခြုံရေးဒါရိုက်တာ အေဗရယ်ဟေးစ်ထံ တင်ပြဆောင်းဆိုခဲ့ကြသည်။
YMTCသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေပြီး iPhoneတွင် ၎င်းချစ်ပ်ပြားအသုံးပြုမည့် သဘောတူညီချက်သည် ကမ္ဘာ့ဒစ်ဂျစ်တယ်ပစ္စည်းထုတ်လုပ်ရောင်းချဖြန့်ဖြူးမှုတွင် ကိုယ်ရေး ကိုယ်တာနှင့် လုံခြုံရေးဆိုင်ရာအန္တရာယ်များ ရှိလာနိုင်သည်ဟု Financial Postက ဖော်ပြသည်။
စီးပွားရေးနှင့်အမျိုးသားလုံခြုံရေးအတွက် သဘောတူညီချက်ဆိုင်ရာ အန္တရာယ်များကိုလည်း အကဲဖြတ်ရမည်ဟု အထက်လွှတ်တော်အမတ်များက တိုက်တွန်းထားသည်။ တရုတ်ကွန်မြူနစ်ပါတီက ၎င်းနိုင်ငံ၏ ချစ်ပ်ပြား လုပ်ငန်းကို ပံ့ပိုးရန်နှင့် အမေရိကန်နှင့်မဟာမိတ်များထံမှ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူများအား ဖယ်ရှားရန် YMTC ကို မည်သို့အသုံးချနေကြောင်းကိုပါ စုံစမ်းရန်လည်း တိုက်တွန်းခဲ့သည်။
အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ရှောင်ကွင်းကာ Huawei နှင့် တခြားတရုတ်ကုမ္ပဏီများအပေါ်YMTC ၏ သံသယဖြစ်ဖွယ် ကူညီထောက်ပံ့မှုများကို သုံးသပ်ရန်လည်း တောင်းဆိုခဲ့ကြသည်။
By ANI News 19 October 2022
#Appleကထိပ်တန်းတရုတ်ကုမ္ပဏီမှချစ်ပ်ပြားများအသုံးပြုမည့်အစီအစဉ်ကိုဆိုင်းငံ့
#AppleChips
#SemiconductorChipsApple
#YMTC
crd Moe win oo
Crd