မိသားစု၏ငွေကြေးအခက်အခဲများကြောင့် အနှိပ်ခန်းတွင် အလုပ်လုပ်နေခဲ့ရသည့် ကောင်မလေးကို သနားပြီး လက်ထပ်ယူခဲ့ရာမှ ၁၉ရက်သာပေါင်းလိုက်ရပြီး ငွေကြေးတွေကုန်သွားခဲ့ရသည့် သူဋ္ဌေးကြီး

ယခုအကြောင်းအရာလေးကတော့ ဇာတ်လမ်းတစ်ပုဒ်ထပ်ပင် ဆန်းကြယ်လှတာကို တွေ့မြင်နေခဲ့ရပါတယ်။Ly Duc Hoanhဆိုသည့်အမျိုးသားဟာ အသက်၅၀အရွယ်ရှိပြီဖြစ်ကာ နည်းပညာကုမ္ပဏီပိုင်ရှင်သူဋ္ဌေးကြီးဖြစ်ပါတယ်။

သူဟာ ရည်းစားဦးနှင့်လွဲခဲ့ပြီး ဘယ်သူကိုမှ မချစ်တော့ဘဲ လူပျိုကြီးဘဝဖြင့် တစ်ယောက်တည်းနေထိုင်ခဲ့ပါတယ်။တစ်ရက်တွင် သူငယ်ချင်းများနှင့်အနှိပ်ခန်း လိုက်သွားခဲ့ရာမှ ၃၆နှစ်အရွယ် ကလေးတစ်ယောက်အမေနှင့် ဆုံတွေ့ခဲ့ရပါတယ်။
ထိုအခါမှ အမျိုးသမီး၏ ဘဝဆင်းရဲပုံကို ကြားလိုက်ရပြီးနောက်သနားသွားကာ ကုမ္ပဏီတွင်အလုပ်ခန့်ပေးခဲ့ပါတယ်။ဆုံတွေ့ပြီး၆လအကြာတွင် နှစ်ဦးသားလက်ထပ်ယူခဲ့ကြပါတယ်။ထို့နောက် ပေါင်းသင်းနေထိုင်ပြီး ၁၉ရက်အကြာတွင်တော့ အမျိုးသမီးက သူမ၏အရင်က ဘဝလေးကိုသာ ပြန်လိုချင်တော့ကြောင်းဆိုခဲ့ကာ ကွာရှင်းခွင့်တောင်းလာပါတော့တယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)
Crd