လျှပ်စစ်ကား EV တွေ ဘယ်လောက် မောင်းပြီးရင် ဘယ်လောက် Battery အားသွင်းရမလဲ တွက်နည်း

လျှပ်စစ်ကား EV တွေ ဘယ်လောက် မောင်းပြီးရင် ဘယ်လောက် Battery အားသွင်းရမလဲ တွက်နည်း..
လျှပ်စစ် EV ကားတွေ အားသွင်းတာ ရိုးရိုး battery အားသွင်းတာနဲ့ သဘောသဘာဝ အတူတူပါပဲ။ သွင်းတဲ့ အားပမာဏကို KWh (Kilo watt hour) နဲ့ သုံးပါတယ်။ လျပ်စစ်သုံးတဲ့စွမ်းအား watt နောက်ဖက်မှာ အချိန်နာရီ ပါပါတယ်။ ထမင်းချက်တဲ့ မီးဖို က 2 KW ရှိတယ်ဆိုပါစို့ အဲဒါကို တနာရီ သုံးရင် 2 KWh သုံးလိုက်ပါတယ်။ 1 KWh ကို လက်ရှိဈေးက ၁၀၀ ကျပ်ဆိုပါစို့ ။ ၂၀၀ ဖိုး ကုန်သွားတဲ့ သဘောပါ။
တကာင်ခွဲ 1.5 HP air-condition (9000 BTU) က တနာရီ ကို 1KWh လောက်သုံးပါတယ်။ ၁၀ နာရီဖွင့်ရင် 10 KWh ပေါ့။ အဲလိုပါပဲ EV တွေ အားသွင်းရင် သုံးခဲ့တဲ့ battery ပမာဏ (လျော့သွားတဲ့ ပမာဏ) ကို ပဲ ပြန်ဖြည့်ရမှာပါ။ တွက်ချက်မှု အရ 1 KWh မှာ ကားက 5 miles or 8 kilometer သွားနိုင်ပါတယ်။

ဥပမာ ပေးရရင် ကျွန်တော်အိမ် ၈ မိုင် ကနေ ဆူးလေကို သွားရင် ၈ မိုင်ပါ။ အသွားအပြန် ၁၆ မိုင်ပေါ့။ 4 KWh လောက် ကုန်မယ်ပေါ့နော်။ ကျွန်တော့်ကားမှာ တပ်ထားတာက 40 KWh တပ်ထားတာပါ။ မိုင် ၂၀၀ လောက်သွားနိုင်တယ်ပေါ့။ ကားကို ပြန်ပြီးအားသွင်းရင် ကုန်သွားတဲ့ 4 KWh ကိုသာ ပြန်သွင်းရမှာပါ။ ၄၀၀ ကျပ်ဖိုးပေါ့။ တနာရီ ကို 1 KWh နဲ့ သွင်းရင် ၄ နာရီ ကြာသွင်းရမှာပါ။ တနာရီ 2 KW နဲ့ သွင်းရင် ၂ နာရီ ကြာမှာပါ။
အဲတော့ တနေ့ မိုင် ၂၀ လောက်သုံးတဲ့သူက 2 KW charger ရှိရင် တနေ့ ၂ နာရီလောက် အားသွင်း ရင်ရပါပြီ။ နောက် battery ရဲ့ သဘောတရား အရ ပြည့်သွားရင် Auto ရပ်သွားတာပါ။ စောင့် ကြည့်စရာမလိုပါ။ လျှပ်စစ်ကား EV မှာ တပ်ထားတဲ့ LiFePo4 battery တွေက သူ့ရဲ့ capacity ရဲ့ 200 % Amp အထိ သွင်းနိုင်ပါတယ်။
Charger (DC fast charger) ကောင်းရင် ၁၀၀ % နီးပါးကို နာရီဝက်အတွင်း သွင်းနိုင်ပါတယ်။ 350 VDC သုံးတဲ့ 40 KWh ကားမှာတပ်ထားမဲ့ Battery က 115 Ah လောက်ရှိတဲ့ Lifepo4 battery ကို တပ်ထားပါတယ်။ အားလုံးက Series တွဲ ဆက်ထားတာပါ။
အကုန်နီးပါး သုံးလိုက်လို့ AMP 200 လောက်နဲ့ သွင်းရင် နာရီဝက်လောက်ပေါ့။ အဲတော့ ကုန်သွားတဲ့ လျပ်စစ်ပမာဏ ကို 4 KW လောက်ကိုဖြည့်ရင် မိနစ် အနည်းငယ်သာ ကြာမှာပါ။ အဲလိုလဲ အမြဲ ဖြည့်နေစရာမလိုပါဘူး။
တနေ့ကို မိုင် ၂၀ (4 KWh) လောက်ပဲ သုံးနေရင် တပတ် တခါလောက်မှ ဖြည့်ရင် အဆင်ပြေပါတယ်။ ဒါကတော့ လူတိုင်းနားလည်လွယ်အောင် ပြောပြတာပါ။ EV ဆိုတာနဲ့ နေ့မအားညမအား Charger ကြိုးကြီးကိုင်ပြီး အားသွင်းရမလို ထင်နေတဲ့သူတွေ အတွက်ပါ။
နောက်ပြီး EV တွေမှာ ဘယ်လောက်ကျန်တယ် ဘယ်နှစ်မိုင် ခရီးသွား နိုင်တယ်ဆိုတာကို ဖေါ်ပြပေးနေတာပါ။ နောက်ပြီး အရေးပေါ်ဆိုရင် ရိုးရိုး 16 AMP ပလတ်ခေါင်းထဲကို ချိတ်ပြီး အားသွင်းလို့ရပါတယ်။ ကျေးဇူးပါ။ (Kyaw Oo – EI Engineering)
Post Views:
66
Crd