လူတွေကို သေဆုံးခွင့်မပြုတဲ့ ကမ္ဘာ့မြောက်ဘက်စွန်းပိုင်းက စိတ်ဝင်စားဖွယ်ရာ မြို့လေးအကြောင်း – The Geek Text

လူတွေကို သေဆုံးခွင့်မပြုတဲ့ ကမ္ဘာ့မြောက်ဘက်စွန်းပိုင်းက စိတ်ဝင်စားဖွယ်ရာ မြို့လေးအကြောင်း
ကမ္ဘာပေါ်မှာ ထူးဆန်းလှပါတယ်ဆိုတဲ့ မြို့တွေ အမြောက်အများရှိကြပေမဲ့ ဘယ်မြို့ကမှတော့ ဒီမြို့လေးရဲ့ ထူးခြားဆန်းကြယ်မှုအပိုင်းကို ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမခံလို့ရပါတယ်။
မြို့လေးရဲ့ အမည်ကတော့ လောင်းရီးယား ဘိုင်အန် (Longyearbyen) လို့ခေါ်ပြီး ကမ္ဘာ့ထိပ်ဆုံးပိုင်း၊ ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့တင်ကို အလွန်စိတ်ဝင်စားစရာကောင်းတဲ့ မြို့တစ်မြို့အဖြစ် ခန့်မှန်းလို့ရနေပါပြီ။

ဒါပေမဲ့ ဒီမြို့ရဲ့ စိတ်ဝင်စားဖွယ်တွေက သင်အလွန်ဆုံး တွေးခေါ်ထားနိုင်တာထက်ကို အဆပေါင်းများစွာ ကျော်လွန်လို့နေပါတယ်။
ပထမဆုံးအနေနဲ့ အာတိတ်စက်ဝိုင်းသို့ ဝင်ပေါက်တစ်ခုအနေဖြင့် ဒီမြို့ဟာ မရှိမဖြစ်လိုအပ်တဲ့ မြောက်ဘက်အကျဆုံး ဖြစ်ပါတယ်။
နော်ဝေကျွန်းစု Svalbard ရဲ့ မြို့တော် လောင်ရီးယားဘိုင်အန် (Longyearbyen) ဟာ တစ်ချိန်က မိုင်းတွင်းမြို့တစ်မြို့သာ ဖြစ်ခဲ့ပေမဲ့ ယခုအခါ လာရောက်လည်ပတ်သူများ နှစ်သက်ကြတဲ့ သေးငယ်တဲ့ အသိုက်အဝန်းလေးတစ်ခုဖြစ်လာပါပြီ။
အမှန်တကယ်မှာလည်း မြို့ရဲ့ ရှုခင်းတွေနဲ့ ထူးခြားတဲ့ သဘာဝတရားတို့ ဝန်းရံထားမှုဟာ ဒီမြို့လေးကို အထူးကျော်ကြားစေခဲ့ပါတယ်။
ဒီအာတိတ်ကျွန်းစုမှာ ဘယ်လိုဘဝမျိုးလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ အောက်ဖော်ပြအချက်တွေကို လေ့လာဖတ်ရှုနိုင်ပြီး ဒီအချက်တွေအားလုံး ဖတ်ပြီးသွားမယ်ဆိုရင်တော့ သင်ဟာ အံ့အားသင့်မှုပေါင်းများစွာနဲ့ တွေးတောကျန်ရစ်နေခဲ့မှာ အသေအချာပါပဲ။
၁။ Longyearbyen မြို့က လမ်းတွေမှာ နာမည် မရှိပါဘူး။ Longyearbyen မှာရှိတဲ့ လမ်းတွေကို နာမည်ထက် နံပါတ်သာ တပ်ထားပါတယ်။ ဒီမြို့ဟာ ရိုးရိုးရှင်းရှင်းပဲ တွေးခေါ်ကြတယ် ထင်ပါတယ်။
၂။ သင်္ချီုင်းကုန်းမရှိတဲ့ ကမ္ဘာ့တစ်ခုတည်းသောမြို့ ဖြစ်ပါလိမ့်မယ်။ Longyearbyen မှာ လူတွေကို တရားဝင် သေဆုံးခွင့် မပြုထားပါဘူး။
ဒါကြောင့် ဒီမြို့ဟာ ခေါင်းစဥ်မှာ ဖော်ပြထားခဲ့သလိုပဲ နေထိုင်သူတွေ သေဆုံးခွင့်မရှိတဲ့ ဘုရားစူး မြို့တစ်မြို့ပါ။
မြို့ရဲ့ မြေဆီလွှာဟာ အမြဲတမ်း အေးခဲနေတာ ကျွန်းစုအတွင်း မြှုပ်နှံထားတဲ့ အလောင်းတွေကို မပြိုကွဲစေပါဘူး။
ဒါကြောင့် Longyearbyen ရဲ့ သင်္ချိုင်းဟောင်းကို လွန်ခဲ့သော နှစ် ၈၀ ကျော်ကတည်းက အသုံးမပြုခဲ့တာပါ။
ဒါကြောင့် လူသေသွားခဲ့ရင် အလောင်းတွေကို ပြည်မကြီးကို ပြန်ပို့တယ်။ သေဆုံးခွင့်မရှိတာကြောင့် အငြိမ်းစားယူခါနီးမှာ တခြားနေရာတွေမှာ အခြေချနေထိုင်ဖို့ တိုက်တွန်းပါတယ်။ သက်ကြီးရွယ်အိုတွေကို နေရာရွှေ့ပြောင်းပေးပါတယ်။
၃။ နေထိုင်သူများဟာ အချိုရည်၊ အရက်ဝယ်ယူရန်အတွက် အယ်လ်ကိုဟောကတ်ဆိုတာ လိုအပ်ပါတယ်။ ဒီဓလေ့ဟာ မြို့ဟောင်းရဲ့ တူးဖော်မှု လက်ထက်ကတည်း တည်ရှိခဲ့တဲ့ မြို့ရဲ့ယဥ်ကျေးမှုလည်း ဖြစ်ပါတယ်။
မိုင်းလုပ်သားများကို အချိုရည်တစ်ပုလင်း သို့မဟုတ် ဘီယာတစ်ပုလင်းယူရန် ‘ရိက္ခာကတ်’ ပေးခဲ့ရာမှာ အစပြုပြီး အခုချိန်ထိ အသောက်အစား ရဖို့အတွက် ဒေသခံတွေဟာ သူတို့ရဲ့ကတ်ကို ပြသရပါတယ်။
အကယ်၍ သင်ဟာ ဒီနေရာကို ဧည့်သည်အဖြစ် လာပါက မြို့ခံတွေသုံးတဲ့ ရိက္ခာကတ်အစား သင့်ရဲ့ လေယာဉ်လက်မှတ်ကို အသုံးပြုနိုင်ပါတယ်။
၄။ နိုင်ငံပေါင်း ၄၀ ကျော်က longyearbyen မှာ လုပ်ပိုင်ခွင့်တွေ ပိုင်ဆိုင်ထားပါတယ်။ ဒီမြို့က ဘယ်သူပိုင်ဆိုရင် အပြင်ပန်းအားဖြင့်တော့ နော်ဝေးပိုင်နက်မှာဖြစ်ပေမယ့် သိပ်တော့ မရိုးရှင်းပါဘူး။
ဒီကျွန်းစုဟာ သတ္တုများကို မတွေ့ရှိမီက အုပ်ချုပ်သူနိုင်ငံ ကင်းစင်ခဲ့ပါတယ်။ နောက်တော့ လူတိုင်းက ဘယ်နေရာမှာ မိုင်းခွဲနိုင်မလဲ ပြဿနာဖြစ်လာတော့ နော်ဝေးရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတဲ့ အဖြေကို တွေ့ရှိခဲ့ပါတယ်။
ဆိုရရင်တော့ ဒီမြို့အတွက် သြစတြေးလျ၊ အမေရိကန်၊ ယူကေ၊ တရုတ်၊ အာဂျင်တီးနား၊ လစ်သူယေးနီးယားနဲ့ တောင်အာဖရိကတို့ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က မူပိုင်ခွင့် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း ဒီမြို့ကို နော်ဝေနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆဆဲဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံမှာ တာဝန်ရှိပါတယ်။
ဒါပေမဲ့လည်း စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ မည်သည့်နိုင်ငံမှ မည်သည့်အဖွဲ့ဝင်မဆို Svalbard မှာ နေထိုင်ခွင့်ရရှိပြီး ကျွန်းပေါ်မှာ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်း၊ မိုင်းခွဲခြင်း သို့မဟုတ် ကုန်သွယ်မှု လုပ်ပိုင်ခွင့်တွေ ရရှိထားပါတယ်။
၅။ ရက်အကန့်အသတ်မရှိ နေနိုင်ပါတယ်။ ဒီမြို့ဟာ ဗီဇာမလိုဘဲ အလုပ်လုပ်နိုင်၊ နေထိုင်နိုင်ပြီး လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေက လူမျိုးတွေသာမက မည်သူမဆို လွတ်လတ်စွာ နေထိုင်ခွင့်ပေးထားပါတယ်။
၆။ ထိုင်းနိုင်ငံဟာ သဘောတူစာချုပ်ကို လက်မှတ် မထိုးဖူးခဲ့ပေမဲ့လည်း ထိုင်းလူဦးရေ အများအပြားရှိပါတယ်။
စိတ်ဝင်စားစရာကောင်းတာက မြို့ရဲ့လူဦးရေမှာ နော်ဝေ၊ ရုရှားနဲ့ ထိုင်းလူမျိုးတွေက အများဆုံး နေရာယူထားတာပါပဲ။
၇။ သင့်ဖိနပ်ကို တံခါးဝမှာ ထားခဲ့ခြင်းဟာ ဒီမြို့မှာနေထိုင်ရင် ကျင့်သုံးရမယ့် ယဉ်ကျေးသိမ်မွေ့သော ဓလေ့ဖြစ်ပါတယ်။
ဟိုတယ်များ၊ ပြတိုက်နဲ့ ဒေသဆိုင်ရာ စာကြည့်တိုက်များမှာ ဧည့်သည်များကို နှင်းများနဲ့ ရွှံ့များပေနေနိုင်တဲ့ ဖိနပ်များကို တံခါးဝမှာသာ ချွတ်ထားခဲ့ရန် တောင်းဆိုထားတဲ့ ဆိုင်းဘုတ်များ ရှိကြပါတယ်။
၈။ သေနတ်မပါဘဲ မြို့တွင်းက ကန့်သတ်နေရာတွေကို သွားခွင့်မပြုပါ။ မြို့နေလူအားလုံးနီးပါး သေနတ်တွေ ကိုင်ဆောင်ထားကြပါတယ်။ ဒါပေမဲ့ ဒီမြို့မှာ သေနတ်ကြောင့် ရာဇဝတ်မှု လုံးဝ မဖြစ်ဖူးပါဘူး။
သေနတ်ကိုင်ဆောင်ရတဲ့ အကြောင်းရင်းပတော့ ပိုလာဝက်ဝံတွေရဲ့ အန္တရာယ်ကြောင့်ပါ။ ရံဖန်ရံခါ အာတိတ်ကျွန်းစုဒေသဖြစ်တဲ့အတွက် longyearbyen ဟာ ပိုလာဝက်ဝံတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။
ဆာလောင်နေသော ဝက်ဝံများဟာ လူသားတွေကို တိုက်ခိုက်တတ်ကြလို့ မြို့ခံတွေမှာ သေနတ်ရှိနေဖို့ လိုအပ်ပါတယ်။
၉။ တစ်နှစ်တာမှာ လေးလတာအထိ နေကွယ်။ Longyearbyen ရဲ့ ဆောင်းရာသီကာလပတ်လုံး နေရောင်မရှိပါဘူး။
အောက်တိုဘာလ နှောင်းပိုင်းမှာ နေရောင်ဟာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး မတ်လ အစောပိုင်းအထိ ပြန်လည်ထွက်ပေါ်လာခြင်း မရှိတတ်ပါဘူး။
ဝင်ရိုးစွန်းညတွေမှာ လည်ပတ်တဲ့အခါလည်း ဥတ္တရ အလင်းတန်းတွေကို မြင်တွေ့ရဖို့ အာမခံပါတယ်။
မတ်လ ၈ ရက်နေ့မှာတော့ နေပြန်ထွက်လာခြင်းကို ကြိုဆိုရန်အတွက် တစ်ပတ်အကြာ ကျင်းပလေ့ရှိတဲ့ Solfestuka ပွဲလည်း ရှိပါတယ်။
ဒီပွဲမှာ နေပြန်ရောက်လာမှာကို စောင့်မျှော်ဖို့အတွက် တစ်မြို့လုံးက လူတွေက လာရောက် စုရုံးကြပါတယ်။
Knight News Team
Knight News © 2022
Crd