ရှေးသရောအခါ ပုဂံပြည်တွင် သမုဒ္ဒရာဇ်မင်း လက်ထက်၌ ငှက်ကြီး ၊ ဝက်ကြီး ၊ ကျားကြီး ၊ ရှူးပျံ တို့သည် ပြည်ရွာကို နှောက်ယှက် မင်းလူလေ၏။ ထိုရန်သူတို့ကို စွမ်းအားသတ္တိနှင့် ပြည့်စုံသော ပျူစောထီးက ဖြိုဖျက်လိုက်လေသည်။ (သမုဒ္ဒရာဇ်မင်းမှာ သာသနာ ၆၇၁ မှ ၆၉၆ ခုအထိ အုပ်စိုးသည် ဆိုသည်)ပျူစောထီးမင်းကား အထက် တကောင်းမင်းမျိုး ၊ သတိုး အာဒိစ္စရာဇာ မည်သော မင်း၏သားတည်း။ ပြည်ရွာ မငြိမ်သက် ဖြစ်သဖြင့် ပြေးပုန်းရှောင်လွဲနေရာမှ ပုဂံပြည်ဆီသို့ ရောက်ရှိ၊ ပုဂံအနီး မြေခဲတွင်း ရွာနေ ပျူအိုလင်မယားထံတွင် မှီခိုနေလေ ၏။ ပျူအိုလင်မယား ကလည်း သားသမီး မရှိသည်နှင့် သားအရင်းကဲ့သို့ မွေးကျွေးထား၏။ ပျူစောထီးသည် လေးအတတ်ကို ခုနစ်နှစ်သား လောက်ကပင် တတ်မြောက်ခဲ့၏။ ယခု ၁၆ နှစ်သား အရွယ်၌ကား အလွန်အကျူး အထူးတတ်မြောက်လေသည်။ တစ်ခါသော် ပျူစောထီးသည် မိမိ၏ လေးမြားကို စမ်းလို၍ တောသို့လှည့်ပတ်အံ့ဟု ပျူအို လင်မယားထံ၌ ခွင့်တောင်းလေရာ ၎င်းတို့ကလည်း ချစ်ခင်စိုးရိမ်စွာဖြင့် ဤသို့ ဆိုကြ၏။” ချစ်သား ပုဂံပြည်တွင် အရှေ့မျက်နှာအရပ်၌ အလွန် အားအင်ကြီးသော ဝက်ကြီး တစ်ကောင်သည် အရံဝက်များနှင့် ပြည်ရွာတွင်းသို့ ဝင်ရောက်ကာ လူတို့ စိုက်ပျိုးထားသော အသီးအနှံ စပါးဆန်တို့ကို တူးဆွဖျက်ဆီး စားသောက် နှောက်ယှက်၏။ လူတို့ကိုလည်း ရန်မူ၏။ မင်းကြီး မနိုင်နိုင်၍ ထမင်း ၊ ဖရုံသီး ၊ ဖွဲနုတို့ကို ထိုဝက်ကြီးတို့အား နေ့တိုင်း ပေးရ ကျွေးရ၏။ “” အနောက်မျက်နှာ၌ အလွန်ကြီး မားသော ငှက်ကြီးတစ်ကောင်သည် အရံငှက်များနှင့် အလွန် သောင်းကျန်းနေ၏။ တစ်ခါတစ်ရံ လူများကိုပင် ထိုးသုတ်ပေါက်သတ် စားလေသည်။ ဤငှက်ကြီးကိုလည်း မင်းကြီးမနိုင်၍ အစားအစာ ပေး၍ ကျွေးနေရ၏။ “” တောင်မျက်နှာ၌ ကျားကြီးတစ်ကောင်သည် အရံကျားများ နှင့် အစဉ်မပြတ်လိုပင် ပြည်ရွာတွင်းသို့ ဝင်၍ လူသူ ကျွဲနွားတို့ကို ကိုက်ယူ စားသောက်လေသည်။ ဤရန်သူကိုလည်း မင်းကြီးမနိုင်လေ။ ” ” မြောက်မျက်နှာ၌ ရှူးပျံတို့သည် လူတို့၏ အဝတ်အစား ၊ အသုံးအဆောင် ၊ အိမ်မိုးသက်ငယ်မှ မကျန် တွေ့သမျှကို ကိုက်ဖဲ့ ဖျက် ဆီးတတ်၏။ ” ” ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက် တစ်ခုရှိသေး၏။ ငါတို့ပုဂံပြည် တစ်ဝန်း၌ ဘူးခါးပင်တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်၏။ အနွယ်အတက်တို့မှာ အလွန်လျင်မြန်စွာ ပွား၏။ တစ်ပင်တစ်နွယ်ကို ဖျက်လျှင် နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာ၏။ လူသူ မနေနိုင်လောက်အောင် ၊ အသီးအနှံ မစိုက်ပျိုးနိုင်လောက်အောင် အနှောင့်အယှက် ဖြစ်နေ၏။ “” ဤ သို့လျှင် ဝက် ၊ ငှက် ၊ ကျား ၊ ရှူးပျံ ၊ ဘူး တည်းဟူသော ရန်သူအနှောင့်အယှက်တို ငါတို့ ပုဂံပြည်ကို နှိပ်စက်နေသည်မှာ ယခု ၁၂ နှစ်တိုင်တိုင် ရှိလေပြီ။ ချစ်သား သတိနှင့်သွားပါ ၊ ငါတို့စိုးရိမ်၏ ” ဟု ဆိုကြ၏။ပျူစောထီးကား မိမိ၏အစွမ်း လေးမြားကို အားကိုး၍ ထိုရန်သူများ ရှိရာသို့ပင် သွားရောက်လေ၏။ ရှေးဦးစွာ ဝက်ကြီးကို တွေ့လေလျှင် ဝက်ကြီးသည် မာန်ဖီ၍ အမွေးအမှင် ထောင်လျက် ပုတ်လောက်ကြီး သော ကျောက်တုံး မြေတုံးတို့ကို တူးဖော်ကာ သစ်ပင်ကြီးငယ်တို့ကို ထိုးကြိတ် ဖြိုလှဲပြီးလျှင် မင်းသားကို ထိုးပက် ရန် ပြေးလာလေ၏။

မင်းသားက လေးဖြင့် ပစ်လိုက်ရာ မြားထိ၍ ဝက်ကြီး သေလေသည်။ဝက်ကြီးသေပြီးနောက် သုံးရက်ကြာသောအခါ ပျူစောထီးသည် ငှက် ကြီးရှိရာသို့ လာခဲ့၏။ မင်းကြီးထံမှ ငှက်စာပို့ရသော ငှက်စာဆော် ငကော် သည် မိန်းမပျို ခုနစ်ယောက်နှင့် ငှက်စာပို့ရန် လာသည်ကို ပျူစော ထီး တွေ့သောအခါ ” ငှက်စာမပို့နှင့် ၊ ငှက်ကြီးကို ငါ သတ်မည် ” ဟုပြောကာ ထိုမိန်းမပျို ခုနစ်ယောက်ကိုလည်း သိမ်းယူလိုက်လေ ၏။ ငှက်ကြီးသည်လည်း လက်ပံပင်ကြီး သုံးပင်တွင် အလယ်ပင်၌ နား၍ ဘေးနှစ်ပင်တွင် အတောင် တင်ထား၏။ မင်းသားကို မြင်သော် အစာလည်း မစားရသည်နှင့် ပြင်းစွာအမျက်ထွက်၍ အစွမ်းသတ္တိ အမျိုးမျိုး ပြပြီးသော် မင်းသားကို ပေါက်လိုက်၏။ မင်းသားလည်း လေးကို ထောက်၍ နောက်သို့ ခုန်လိုက်သည်မှာ အတောင် ၇၀ မျှ ရောက်လေ၏။ လူကိုမထိဘဲ မြေကို ပေါက်မိ၍ နှုတ်သီးတွင် ပါလာသော မြေကြီးကို ထွေးအန်ပစ်ရာ တောင်ငယ်မျှ ရှိနေသည်ကို ယခုတိုင် ‘ ငှက်အန်တောင် ‘ ဟုခေါ်ကြသည်။ မင်းသားကား ကြောက်လန့်ခြင်း မရှိဘဲ ကြုံး ဝါးပြီးလျှင် လေးနှင့်ပစ်လိုက်ရာ ငှက်ကြီးကို ထိမှန်၍ ငှက်ကြီးစင်းစင်း သေလေ၏။ငှက်တောင်တချောင်းကို နုတ်၍ မိန်းမပျို ခုနစ်ယောက်အား ရွက်စေရာ အနိုင်နိုင်ပင် ရွက်ရလေသည်။ ပြီးမှ ” သင်တို့ မင်းကြီးအား သွား၍ ဆက်ချေ ” ဟု စေလိုက်၏။မိန်းမပျိုတို့လည်း လမ်းတွင် ငှက်တောင်လေး၍ မရွက်နိုင်သဖြင့် ပစ်ခဲ့လေ၏။ ထိုအရပ်ကို ‘ ငှက်တောင်ပစ် ‘ ဟူ၍ လည်းကောင်း ၊ ငှက်ကြီးကို ပစ်သတ်သော နေရာကို ‘ ငှက်ပစ်တောင် ‘ ဟူ၍ လည်းကောင်း ယခုတိုင် ခေါ်ကြလေသည်။၁၃ နှစ်တိုင်တိုင် နှောင့်ယှက် နှိပ်စက်နေကြသော ရန်သူတို့ သေလေပြီ ဖြစ်ကြောင်း မိန်းမပျိုတို့ လျှောက်၍ မင်းကြီး ကြားရသော် အလွန်နှစ်သက်ဝမ်းမြောက်၍ စစ်သည် ဗိုလ်ပါနှင့်တကွ ပျူစောထီးရှိရာသို့ လာရောက်လေ၏။ တွေ့ရမှ ” အဘယ် အမျိုးအနွယ် ဖြစ်သနည်း ၊ အဘယ်လက်နက်ဖြင့် သတ်သနည်း ” ဟု မေးတော်မူသော် ဟုတ်တိုင်းကို လျှောက်ပေ၏။မင်းကြီးကလည်း အမျိုးအရိုး ဘုန်းလက်ရုံးနှင့် ပြည့်စုံသည် ဖြစ်ပေသည်ဟု သမီးတော် စန္ဒာဒေဝီနှင့် ထိမ်း မြား၍ အိမ်ရှေ့မင်း အရာကို ပေးတော်မူ၏။ နောက်သော် ပျူစောထီး မင်း ဖြစ်၏။ဤပျူစောထီးမင်းသည် အရပ် ငါးတောင် ၊ လုံးပတ် သုံးတောင်မျှ ရှိ၍ အားအင်ကြီးမား သန်စွမ်းလေသည်။ ထိုသို့ ကျန်းမာလေ သဖြင့်လည်း အသက် ၁၁၀ ရှည်လေသည် အလွန်ထူးမြတ်သော ပုဂံမင်းတစ်ပါး ဖြစ်လေသတည်း။ကိုးကား – မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)

မူရင်း Credit
[zawgyi]
ေရွးသေရာအခါ ပုဂံျပည္တြင္ သမုဒၵရာဇ္မင္း လက္ထက္၌ ငွက္ႀကီး ၊ ဝက္ႀကီး ၊ က်ားႀကီး ၊ ရႉးပ်ံ တို႔သည္ ျပည္႐ြာကို ေႏွာက္ယွက္ မင္းလူေလ၏။ ထိုရန္သူတို႔ကို စြမ္းအားသတၱိႏွင့္ ျပည့္စုံေသာ ပ်ဴေစာထီးက ၿဖိဳဖ်က္လိုက္ေလသည္။ (သမုဒၵရာဇ္မင္းမွာ သာသနာ ၆၇၁ မွ ၆၉၆ ခုအထိ အုပ္စိုးသည္ ဆိုသည္)ပ်ဴေစာထီးမင္းကား အထက္ တေကာင္းမင္းမ်ိဳး ၊ သတိုး အာဒိစၥရာဇာ မည္ေသာ မင္း၏သားတည္း။ ျပည္႐ြာ မၿငိမ္သက္ ျဖစ္သျဖင့္ ေျပးပုန္းေရွာင္လြဲေနရာမွ ပုဂံျပည္ဆီသို႔ ေရာက္ရွိ၊ ပုဂံအနီး ေျမခဲတြင္း ႐ြာေန ပ်ဴအိုလင္မယားထံတြင္ မွီခိုေနေလ ၏။ ပ်ဴအိုလင္မယား ကလည္း သားသမီး မရွိသည္ႏွင့္ သားအရင္းကဲ့သို႔ ေမြးေကြၽးထား၏။ ပ်ဴေစာထီးသည္ ေလးအတတ္ကို ခုနစ္ႏွစ္သား ေလာက္ကပင္ တတ္ေျမာက္ခဲ့၏။ ယခု ၁၆ ႏွစ္သား အ႐ြယ္၌ကား အလြန္အက်ဴး အထူးတတ္ေျမာက္ေလသည္။ တစ္ခါေသာ္ ပ်ဴေစာထီးသည္ မိမိ၏ ေလးျမားကို စမ္းလို၍ ေတာသို႔လွည့္ပတ္အံ့ဟု ပ်ဴအို လင္မယားထံ၌ ခြင့္ေတာင္းေလရာ ၎တို႔ကလည္း ခ်စ္ခင္စိုးရိမ္စြာျဖင့္ ဤသို႔ ဆိုၾက၏။” ခ်စ္သား ပုဂံျပည္တြင္ အေရွ႕မ်က္ႏွာအရပ္၌ အလြန္ အားအင္ႀကီးေသာ ဝက္ႀကီး တစ္ေကာင္သည္ အရံဝက္မ်ားႏွင့္ ျပည္႐ြာတြင္းသို႔ ဝင္ေရာက္ကာ လူတို႔ စိုက္ပ်ိဳးထားေသာ အသီးအႏွံ စပါးဆန္တို႔ကို တူးဆြဖ်က္ဆီး စားေသာက္ ေႏွာက္ယွက္၏။ လူတို႔ကိုလည္း ရန္မူ၏။ မင္းႀကီး မႏိုင္ႏိုင္၍ ထမင္း ၊ ဖ႐ုံသီး ၊ ဖြဲႏုတို႔ကို ထိုဝက္ႀကီးတို႔အား ေန႔တိုင္း ေပးရ ေကြၽးရ၏။ “” အေနာက္မ်က္ႏွာ၌ အလြန္ႀကီး မားေသာ ငွက္ႀကီးတစ္ေကာင္သည္ အရံငွက္မ်ားႏွင့္ အလြန္ ေသာင္းက်န္းေန၏။ တစ္ခါတစ္ရံ လူမ်ားကိုပင္ ထိုးသုတ္ေပါက္သတ္ စားေလသည္။ ဤငွက္ႀကီးကိုလည္း မင္းႀကီးမႏိုင္၍ အစားအစာ ေပး၍ ေကြၽးေနရ၏။ “” ေတာင္မ်က္ႏွာ၌ က်ားႀကီးတစ္ေကာင္သည္ အရံက်ားမ်ားႏွင့္ အစဥ္မျပတ္လိုပင္ ျပည္႐ြာတြင္းသို႔ ဝင္၍ လူသူ ကြၽဲႏြားတို႔ကို ကိုက္ယူ စားေသာက္ေလသည္။ ဤရန္သူကိုလည္း မင္းႀကီးမႏိုင္ေလ။ ” ” ေျမာက္မ်က္ႏွာ၌ ရႉးပ်ံတို႔သည္ လူတို႔၏ အဝတ္အစား ၊ အသုံးအေဆာင္ ၊ အိမ္မိုးသက္ငယ္မွ မက်န္ ေတြ႕သမွ်ကို ကိုက္ဖဲ့ ဖ်က္ ဆီးတတ္၏။ ” ” ဤရန္သူႀကီး ေလးဦးအျပင္ အေႏွာင့္အယွက္ တစ္ခုရွိေသး၏။ ငါတို႔ပုဂံျပည္ တစ္ဝန္း၌ ဘူးခါးပင္တို႔သည္ ဖ်က္ဆီး၍ မႏိုင္ေအာင္ ေပါက္၏။ အႏြယ္အတက္တို႔မွာ အလြန္လ်င္ျမန္စြာ ပြား၏။ တစ္ပင္တစ္ႏြယ္ကို ဖ်က္လွ်င္ ႏွစ္ပင္ႏွစ္ႏြယ္ ျဖစ္လာ၍ တစ္ၫြန႔္ကို ဖ်က္လွ်င္ ႏွစ္ၫြန႔္ျဖစ္လာ၏။ လူသူ မေနႏိုင္ေလာက္ေအာင္ ၊ အသီးအႏွံ မစိုက္ပ်ိဳးႏိုင္ေလာက္ေအာင္ အေႏွာင့္အယွက္ ျဖစ္ေန၏။ “” ဤ သို႔လွ်င္ ဝက္ ၊ ငွက္ ၊ က်ား ၊ ရႉးပ်ံ ၊ ဘူး တည္းဟူေသာ ရန္သူအေႏွာင့္အယွက္တို ငါတို႔ ပုဂံျပည္ကို ႏွိပ္စက္ေနသည္မွာ ယခု ၁၂ ႏွစ္တိုင္တိုင္ ရွိေလၿပီ။ ခ်စ္သား သတိႏွင့္သြားပါ ၊ ငါတို႔စိုးရိမ္၏ ” ဟု ဆိုၾက၏။ပ်ဴေစာထီးကား မိမိ၏အစြမ္း ေလးျမားကို အားကိုး၍ ထိုရန္သူမ်ား ရွိရာသို႔ပင္ သြားေရာက္ေလ၏။ ေရွးဦးစြာ ဝက္ႀကီးကို ေတြ႕ေလလွ်င္ ဝက္ႀကီးသည္ မာန္ဖီ၍ အေမြးအမွင္ ေထာင္လ်က္ ပုတ္ေလာက္ႀကီး ေသာ ေက်ာက္တုံး ေျမတုံးတို႔ကို တူးေဖာ္ကာ သစ္ပင္ႀကီးငယ္တို႔ကို ထိုးႀကိတ္ ၿဖိဳလွဲၿပီးလွ်င္ မင္းသားကို ထိုးပက္ ရန္ ေျပးလာေလ၏။မင္းသားက ေလးျဖင့္ ပစ္လိုက္ရာ ျမားထိ၍ ဝက္ႀကီး ေသေလသည္။ဝက္ႀကီးေသၿပီးေနာက္ သုံးရက္ၾကာေသာအခါ ပ်ဴေစာထီးသည္ ငွက္ ႀကီးရွိရာသို႔ လာခဲ့၏။ မင္းႀကီးထံမွ ငွက္စာပို႔ရေသာ ငွက္စာေဆာ္ ငေကာ္ သည္ မိန္းမပ်ိဳ ခုနစ္ေယာက္ႏွင့္ ငွက္စာပို႔ရန္ လာသည္ကို ပ်ဴေစာ ထီး ေတြ႕ေသာအခါ ” ငွက္စာမပို႔ႏွင့္ ၊ ငွက္ႀကီးကို ငါ သတ္မည္ ” ဟုေျပာကာ ထိုမိန္းမပ်ိဳ ခုနစ္ေယာက္ကိုလည္း သိမ္းယူလိုက္ေလ ၏။ ငွက္ႀကီးသည္လည္း လက္ပံပင္ႀကီး သုံးပင္တြင္ အလယ္ပင္၌ နား၍ ေဘးႏွစ္ပင္တြင္ အေတာင္ တင္ထား၏။ မင္းသားကို ျမင္ေသာ္ အစာလည္း မစားရသည္ႏွင့္ ျပင္းစြာအမ်က္ထြက္၍ အစြမ္းသတၱိ အမ်ိဳးမ်ိဳး ျပၿပီးေသာ္ မင္းသားကို ေပါက္လိုက္၏။ မင္းသားလည္း ေလးကို ေထာက္၍ ေနာက္သို႔ ခုန္လိုက္သည္မွာ အေတာင္ ၇၀ မွ် ေရာက္ေလ၏။ လူကိုမထိဘဲ ေျမကို ေပါက္မိ၍ ႏႈတ္သီးတြင္ ပါလာေသာ ေျမႀကီးကို ေထြးအန္ပစ္ရာ ေတာင္ငယ္မွ် ရွိေနသည္ကို ယခုတိုင္ ‘ ငွက္အန္ေတာင္ ‘ ဟုေခၚၾကသည္။ မင္းသားကား ေၾကာက္လန႔္ျခင္း မရွိဘဲ ႀကဳံး ဝါးၿပီးလွ်င္ ေလးႏွင့္ပစ္လိုက္ရာ ငွက္ႀကီးကို ထိမွန္၍ ငွက္ႀကီးစင္းစင္း ေသေလ၏။ငွက္ေတာင္တေခ်ာင္းကို ႏုတ္၍ မိန္းမပ်ိဳ ခုနစ္ေယာက္အား ႐ြက္ေစရာ အႏိုင္ႏိုင္ပင္ ႐ြက္ရေလသည္။ ၿပီးမွ ” သင္တို႔ မင္းႀကီးအား သြား၍ ဆက္ေခ် ” ဟု ေစလိုက္၏။မိန္းမပ်ိဳတို႔လည္း လမ္းတြင္ ငွက္ေတာင္ေလး၍ မ႐ြက္ႏိုင္သျဖင့္ ပစ္ခဲ့ေလ၏။ ထိုအရပ္ကို ‘ ငွက္ေတာင္ပစ္ ‘ ဟူ၍ လည္းေကာင္း ၊ ငွက္ႀကီးကို ပစ္သတ္ေသာေနရာကို ‘ ငွက္ပစ္ေတာင္ ‘ ဟူ၍ လည္းေကာင္း ယခုတိုင္ ေခၚၾကေလသည္။၁၃ ႏွစ္တိုင္တိုင္ ေႏွာင့္ယွက္ ႏွိပ္စက္ေနၾကေသာ ရန္သူတို႔ ေသေလၿပီ ျဖစ္ေၾကာင္း မိန္းမပ်ိဳတို႔ ေလွ်ာက္၍ မင္းႀကီး ၾကားရေသာ္ အလြန္ႏွစ္သက္ဝမ္းေျမာက္၍ စစ္သည္ ဗိုလ္ပါႏွင့္တကြ ပ်ဴေစာထီးရွိရာသို႔ လာေရာက္ေလ၏။ ေတြ႕ရမွ ” အဘယ္ အမ်ိဳးအႏြယ္ ျဖစ္သနည္း ၊ အဘယ္လက္နက္ျဖင့္ သတ္သနည္း ” ဟု ေမးေတာ္မူေသာ္ ဟုတ္တိုင္းကို ေလွ်ာက္ေပ၏။မင္းႀကီးကလည္း အမ်ိဳးအ႐ိုး ဘုန္းလက္႐ုံးႏွင့္ ျပည့္စုံသည္ ျဖစ္ေပသည္ဟု သမီးေတာ္ စႏၵာေဒဝီႏွင့္ ထိမ္း ျမား၍ အိမ္ေရွ႕မင္း အရာကို ေပးေတာ္မူ၏။ ေနာက္ေသာ္ ပ်ဴေစာထီး မင္း ျဖစ္၏။ဤပ်ဴေစာထီးမင္းသည္ အရပ္ ငါးေတာင္ ၊ လုံးပတ္ သုံးေတာင္မွ် ရွိ၍ အားအင္ႀကီးမား သန္စြမ္းေလသည္။ ထိုသို႔ က်န္းမာေလ သျဖင့္လည္း အသက္ ၁၁၀ ရွည္ေလသည္ အလြန္ထူးျမတ္ေသာ ပုဂံမင္းတစ္ပါး ျဖစ္ေလသတည္း။ကိုးကား – ျမန္မာ့ဂုဏ္ရည္ ရာဇဝင္ဖတ္စာ (ဦးဖိုးက်ား)