TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■29နှစ်ကြာသည့်တိုင်အောင် ကလေးဘဝဇာတ်ကောင်ကိုမမေ့နိုင်ခဲ့တဲ့ Christina Ricci

သင်တို့မြင်တဲ့အတိုင်း သရုပ်ဆောင်လောကကို စောစောဝင်လာကြတဲ့ကလေးများရဲ့ဘဝမှာ ခက်ခဲလှပါတယ်။ ကံကောင်းစွာဖြင့် လာမယ့်လူစွမ်းကောင်းလေးကတော့ ကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့ပါတယ်။ Adams family ရုပ်ရှင်ကားထဲမှ အထင်ရှားဆုံးဇာတ်ကောင်ဟာ ဝမ့်စ်ဒေးလို့ပြောရင် လွန်ရာမကျပါဘူး။ အရုပ်များကို ခေါင်းဖြတ်ပြီး အစ်ကိုကို နှိပ်စက်ကာ နွေရာသီစခန်းအား ကြောက်ရွံစေခဲ့တဲ့ မှုန်ကုပ်ကုပ်မိန်းခလေးကို ကြိုက်ပါသလား။ စိတ်မပူပါနဲ့ ကိစ္စမရှိပါဘူး ။

လူတော်တော်များများဟာ ဆိုးသွမ်းရက်စက်ပြီး ခံစားချက်ကင်းမဲ့တဲ့မျက်နှာမျိုးကို သဘောကျကြပါတယ်။ ထင်ရှားတဲ့စကားပြောကို ထုတ်နုတ်ရရင်တော့ ‘မင်းရဲ့ ဝိဥာဥ်ကိုပေးရင် ငါ့အခန်းသန့်ရှင်းပေးမယ် ‘ လို့ဖြစ်ပါတယ်။ ကြည့်ရှုသူထောင်ပေါင်းများစွာဟာ ဒီမဟူရာမင်းသမီးလေးနဲ့ သူငယ်ချင်းဖြစ်ရန် စိတ်ကူးယဥ်ကြတာပါ။

နောက်ထပ်တစ်ကြီမ်ပြန်ပီးကြွေဖို့ အဆင်သင့်ပဲလား။ဝမ့်စ်ဒေးသရုပ်ဆောင်မင်းသမီး ခရစ်စတီးနား ရစ်ချီ ယခုဘယ်လိုပုံစံဖြစ်မလဲဆိုတာကြည့်ရအောင် သူမဟာ အောင်မြင်မှူဒဏ်မုာ ကျရှုံးမသွားစေရန် ထိန်းချုပ်နိုင်ခဲ့ပြီး ဟော်လိဝုဒ်မှာလည်း နေရာအခိုင်အမာရအောင် သေချာလုပ်ဆောင်ခဲ့ပါတယ် ။

barry sullenfeld’s classic ဟာသရုပ်ရှင်ပြီးနောက် ခရစ်စတီးနား ဟာ နာမည်ကျော်ရုပ်ရှင်များဖြစ်တဲ့ fear and loathing in las vegas, sleepy hollow, prozac, nation နှင့် တခြားရုပ်ရှင်များစွာမှာပါဝင်ခဲ့ပါတယ်။

29 နှစ်ကြာသည့်တိုင်အောင် ရစ်ချီဟာ သူမရဲ့ ကလေးဘဝဇာတ်ကောင်ကို မမေ့ခဲ့ပါဘူး။ သူမရဲ့ အင်စတာဂရမ်မှ ဖက်ရှင်ဓာတ်ပုံများနှင့် အလှဓာတ်ပုံများကြား Adams Family အကြောင်းများကို ရှာကြည့်လို့ရပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext