ရွက်လှေအပျော်ခရီးထွက်ပြီး 17နှစ်အရွယ် Miss Hong Kongပြိုင်ပွဲဝင်ဟောင်းတဦးနှင့် ချိန်းတွေ့နေတာဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည့် အသက် 59နှစ်အရွယ် Stephen Chow

ဟာသအကျော်မော် Stephen Chow ဟာဆိုရင် သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်၍ အမြဲ အာရုံစိုက်ခံရသူတဦးဖြစ်ပါတယ်၊
2010ခုနှစ်တွင် နာမည်ကျော် Alice Yu Manfung နဲ့ 13နှစ်ကြာ ဆက်ဆံရေး အဆုံးသတ်ခဲ့ပြီး နောက်နှစ်မှာ ငွေကြေးဆိုင်ရာတရားစွဲဆိုမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ သူဟာ ယခင်က ဟောင်ကောင် အဆိုတော်သရုပ်ဆောင် Karen Mok နဲ့ Athena Chu တို့နှင့်လည်း ချိန်းတွေ့ဖူးပါတယ်၊

လက်တလောမှာတော့ Stephen ရဲ့ အချစ်ရေးဟာ Miss Hong Kong 2021ပြိုင်ပွဲတွင် မအောင်မြင်ခဲ့သည့် Ukei Cheungအပေါ် မျက်စိကျနေကြောင်း ကောလဟာလထွက်ပေါ်ခဲ့ပါတယ်၊
ဒါနဲ့ စကားမစပ် သူ့ရဲ့ အသက်ဟာ 59နှစ်ဖြစ်ပြီး ကလေးမလေးဟာ 17နှစ်သာရှိသေးတာကြောင့် သူတို့နှစ်ယောက်ရဲ့အသက်ဟာ 42နှစ်ကွာဟနေပါတယ်၊

Hongkong’s Headline Dailyရဲ့ သတင်းထောက်တယောက်က Stephenဟာ HK$100mil (S$17.4mil)တန်သည့် ရွက်လှေဖြင့် Ukeiအပါအဝင် တခြားအမျိုးသမီးငယ်နှစ်ယောက်နဲ့ ခရီးထွက်ခဲ့တယ်လို့ တင်ပြထားပါတယ်၊
သူတို့ဟာ ပင်လယ်သို့ထွက်ပြီး လှေပေါ် ပါတီမကျင်းပခင် နာရီအနည်းငယ်လောက် ဆော့ကစားလျက်ရှိပြီး ည10နာရီအချိန်တွင် ကမ်းခြေသို့ ပြန်လာခဲ့ပါတယ်၊နောက်ရက်မှာတော့ Stephenနဲ့ Ukei တို့ဟာ နှစ်ယောက်ထဲ ဆိပ်ခံတံတားကနေ ထပ်မံ၍ ရွက်လွှင့်ခဲ့ကြောင်းတွေ့ရပါတယ်၊

အတွင်းသတင်းအရ Stephenနှင့် Ukeiတို့ဟာ ယခုနှစ် ဂျွန်လ ရွက်လှေပါတီပွဲတခုမှာ စတွေ့ခဲ့တာဖြစ်ပါတယ်၊ Stephenဟာ ပထမဆုံး Ukeiထံ ချဉ်းကပ်၍ ဖုန်းနံပတ်တောင်းကာ တိတ်တဆိတ် တွေ့ဆုံခဲ့ကြပါတယ်၊
သို့ရာတွင် စတီဖင်ဟာ သူတို့ချိန်းတွေ့ရာတွင် လိုက်နာဖို့ စည်းမျည်းတချို့ကို Ukeiအားပြောပြထားပါတယ်၊ ဥပမာ သူမကို ဖုန်းခေါ်ဖို့အတွက် WeChat ကိုသာ အသုံးပြုပြီး သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုထားတဲ့ မှတ်တမ်းတွေကိုလည်း ချန်ထားလို့မရပါဘူး၊ Ukei အနေနဲ့လည်း Stephenနဲ့တွေ့တဲ့အခါ ခြေရာလက်ရာ ကျန်စေမည့် ဓာတ်ပုံ၊ဗီဒီယို ရိုက်တာမျိုး ရှောင်ကြဉ်ရမှာဖြစ်ပါတယ်၊

ဒီ့အပြင် Stephenဟာ Ukeiအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး သူတို့အပြင်ထွက်တဲ့အခါတိုင်း သူမကို အကြိုအပို့ လုပ်ပေးလေ့ရှိပါတယ်၊
ဖြစ်ချင်တော့ ဒါတွေအားလုံဟာ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေဖြစ်နေတယ်လို့ ပြောပါတယ်၊
Stephenရဲ့ လက်ထောက်က Ukeiဟာ ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ ချစ်သူဖြစ်ဖို့ မပြောနဲ့ ရင်းနှီးမှုတောင် မရှိပါဘူးလို့ ရှင်းပြထားပါတယ်၊

ဒါဆို သူတို့တွေရဲ့ ရွက်လှေနဲ့ခရီးထွက်တဲ့ ဓာတ်ပုံကရော?
အဲ့ဒီနေ့က ရွက်လှေပေါ်မှာ လူတွေအများကြီး ရှိကြောင်း လက်ထောက်က ဖြေရှင်းထားပါတယ်၊ “ကောင်မလေးဘက်က နှစ်ရက် ကြိုတင်၍ Stephenကို ချိန်းတွေ့ဖို့ စတင်ပြောဆိုလာတာဖြစ်ပြီး Stephenကတော့ အချင်းချင်းမသိတာကြောင့် လျစ်လျူရှုခဲ့ပါတယ်၊ လူတွေအများကြီးနဲ့ ပင်လယ်ထဲအပျော်ခရီးထွက်တာကို ဘာလို့ဒီလိုသတင်းတွေရေးလဲ နားမလည်ပါဘူး” လို့ Stephenရဲ့လက်ထောက်ကပြောပါတယ်၊

Ukei ဟာ Miss Hong Kongလူရွေးပွဲမှာ ဝင်ပြိုင်ခဲ့ပြီး သူမဟာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တယောက်ဖြစ်ပါတယ်၊
သူမဟာ Chingmy Yauရဲ့သမီးဖြစ်သူ Sham Yuet (စကပ်တိုဝတ်ကာတင်ပါးပေါ်သော ပုံကြောင့် နာမည်ဆိုးရှိသူ)နဲ့ ဆင်တာကြောင့် သူသိများခဲ့ပေမယ့် Finalပွဲစဉ်အထိတော့ ပါဝင်ခဲ့ရခြင်းမရှိပါဘူး။
writer: Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team
Photos: PBE Media, Ukei Cheung/Instagram, Headline Daily