ခရုမွေးမြူရင်း ၃နှစ်အတွင်း ဗီယက်နမ်ငွေ ၁.၂ဘီလီယံတန်ဖိုးရှိ တိုက်အိမ်ကြီးအား ဆောက်လုပ်နိုင်ခဲ့သော ဇနီးမောင်နှံ

News Social News





Rain (For Ialinks)

Zawgyi

ခရုမွေးမြူရင်း ၃နှစ်အတွင်း ဗီယက်နမ်ငွေ ၁.၂ဘီလီယံတန်ဖိုးရှိ တိုက်အိမ်ကြီးအား ဆောက်လုပ်နိုင်ခဲ့သော ဇနီးမောင်နှံ

ဗီယက်နမ်နိုင်ငံ Truc Datရွာတွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည် စားဝတ်နေရေးအတွက် လက်လုပ်လက်စားဘဝနှင့် ရုန်းကန်ခဲ့ရာ ခင်ပွန်းဖြစ်သူမှ ခရုမွေးမြူရေးလုန်ငန်းအား ပြောင်းပြီးလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် အမျိုးသားသည် ခရုမွေးမြူရင်းနည်းပညာကို လေ့လာပြီးနောက် စုဆောင်းထားသော ငွေအချို့နှင့် ခရုမျိုးစိတ်ပေါင်း ၂၀၀၀၀ကိုဝယ်ယူကာ အိမ်ရှိ ရေကန်နှစ်ခုတွင် စတင်ပြီးမွေးမြူခဲ့သည်။

အမျိုးသားသည် ခရုလေးများအတွက် ဟင်းနုနွယ်ရွက် ကန်စွန်းဥ ပီလောပီနံရွက်နှင့် ခရမ်းချဉ်သီးတို့ကို ကျွေးကာ ရေကန်ကိုလည်း အမြဲသန့်ရှင်းပေးခြင်းဖြင့် ခရုလေးများမှာ ရက်ပိုင်းအတွင်း ကြီးထွားမှုနှုန်းမြင့်တက်လာခဲ့သည်။

ထို့နောက် ခရုလေးများအား စျေးကွက်နှင့် ဒေသရှိ စားသောက်ဆိုင်တို့တွင် ရောင်းချခဲ့ပြီး ရရှိသောအမြတ်များနှင့် လုပ်ငန်းကိုပိုမိုတိုးချဲ့ကာ ၃နှစ်အတွင်း ထရပ်ကားတစ်စီးနှင့် ဘီလီယံနှင့်ချီသော တန်ဖိုးရှိ တိုက်အိမ်ကြီးကို ဆောက်လုပ်ဝယ်ယူနိုင်ခဲ့သည်။

Rain (For Ialinks)

Crd