■အားအပြင်းဆုံး ဟိုက်ဒရိုဂျင်ဗုံး RDS-220 Tsar

Knowledge Militarily

■အားအပြင်းဆုံး ဟိုက်ဒရိုဂျင်ဗုံး RDS-220 Tsar

ဆာဗုံးဘာ ကတော့ ယနေ့အထိ ကမ္ဘာပေါ်မှာ တစ်လုံးတည်းအနေဖြင့် အားအပြင်းဆုံးဗုံးတစ်လုံးပဲဖြစ်ပါတယ်။တကယ်တမ်းကတော့ ဆာဗုံးဘာက ဆိုဗီယက် RDS-220 ဟိုက်ဒရိုဂျင်ဗုံးရဲ့ အနောက်တိုင်းနာမည်ဖြစ်ပြီး ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆိုဗီယက်ပြည်ထောင်စုကနေ ဖောက်ကွဲခဲ့တာပါ။ ဆာဗုံးဘာကတော့ လူတွေဖောက်ခွဲခဲ့သမျှထဲမှာ အားအပြင်းဆုံး ဗုံးတစ်လုံးဖြစ်ပြီး သမိုင်းမှာလည်း လူတွေပြုလုပ်ခဲ့တဲ့ အကြီးမားဆုံးပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေခဲ့တာပါ။

ဆာဗုံးဘာမှာပေါက်ကွဲနိုင်တဲ့ယမ်းတွေ ၅၀ မက်ဂါတန်ချိန်ပါဝင်ပြီး ထိုတစ်ခါမှာတော့ ဒီဗုံးဟာ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုရဲ့ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မူ့အထွက်အထိပ်ဖြစ်ရပ် ပဲဖြစ်ပါတယ်။ဗုံးဟာ ၈ မီတာလောက် ရှည်လျားပြီး အချင်း ၂.၆ မီတာနီးပါးရှိပီး။၂၇ တန်ထက်ပိုတဲ့ အလေးချိန်ရှိပါတယ်။ဟီရိုရှီးမားနှင့် နာဂါဆာကီကိုလွန်ခဲ့တဲ့ ဆယ်စုနှစ်တ၀က်အစောက ကြဲချခဲ့တဲ့ little Boy နှင့် Fat Man ဗုံးတွေလိုမျိုး ပုံစံတူပီး။ သို့ပေမယ့်လည်း ဆာဗုံးဘာဟာ ဟီရိုရှီးမားနှင့် နာဂါဆာကီမှာ ကြဲချခဲ့တဲ့ဗုံးတွေ ထက် အဆ ၁၅၇၀ ပိုပြင်းပြီး ဒုတိယကမ္ဘာစစ်အတွင်းမှပေါက်ကွဲမှု ပစ္စည်းအားလုံးရဲ့ပေါက်ကွဲအားထက် ဆယ်ဆပိုပြင်းပါတယ်။

ဆာဗုံးဘာဟာ ၁၈၈၃ ခုနှစ် ကရာခါတိုအာမီးတောင်ပေါက်ကွဲမှု ပြင်းအားရဲ့ ၂၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့လဲ ဖော်ပြထားပြီး နျူကလီးယား စမ်းသပ်ချက်တွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်လည်း ရှိပါတယ်။ ယှဥ်ပြီးပြောရရင်တော့ B41 အမည်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမားဆုံး နျူကလီးယားလက်နက်က သီအိုရီအားဖြင့် ပေါက်ကွဲအားက ၂၅ မက်ဂါတန် ရှိကာ။ အမေရိကန်ပြည်ထောင်စုက ဖောက်ကွဲခဲ့တဲ့ အကြီးမားဆုံး နျူကလီးယားဗုံးကို Castle Bravo လို့ခေါ်ခဲ့ပြီးပြင်းအား ၁၅ မက်ဂါတန်ရှိခဲ့ပါတယ်။

တွက်ချက်ရရင်တော့ တကယ်ကို အားပြင်းခဲ့တာပါ။ ပစ်မှတ်နေရာသို့မဟုတ်မြေပြင်သုညမှတ်ရဲ့ ပတ်ပတ်လည်မှ ၃၄ မိုင်အကွာမှာရှိတဲ့ ဆာဗာနီမှာရှိတဲ့ သစ်သားနှင့် အုတ်တွေနှင့်ဆောက်ထားတဲ့ အဆောက်အဦးတွေအားလုံးဟာ ပျောက်ကွယ်ကုန်တာပါ။ ပစ်မှတ်ကနေ မိုင် ၁၀၀ ကွာဝေးတဲ့ ဆိုဗီယက်ပြည်ထောင်စုက သစ်သားအိမ်တွေအားလုံးဟာ ပျက်ဆီးကုန်ပြီး ကျောက်တုံးတွေအုတ်တွေနှင့်ဆောက်ထားတာတွေက ပြိုပျက်ခဲ့ပါတယ်။

ရေဒီယိုဆက်သွယ်ရေးလိုင်းတွေလည်းပြတ်တောက်ခဲ့ပြီး အနက်ရောင် မျက်လုံးအကာဝတ်ထားတဲ့ မျက်မြင်သက်သေဟာဆိုရင်တောင်မှ ပစ်မှတ်ရဲ့ မိုင် ၁၇၀ အကွာအဝေးကနေ အပူရှိန်ကို ခံစားရတာပါ။ ဒီပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ အပူချိန်ဟာ ပစ်မှတ်ကနေ ၆၃ မိုင်အထိတောင်မှအပူချိန်၃ ဒီဂရီရှိတဲ့လောင်ကျွမ်းမှုတွေဖြစ်ပေါ်စေတာပါ။ ပေါက်ကွဲမှုဟာ မိုင်ပေါင်း ၄၃၀ ဝေးတဲ့ ဒစ်စွန်အိမ်ရာထိတောင် ခံစားရပြီးမိုင် ၅၆၀ အကွာအဝေးမှာဆိုရင် ပြတင်းပေါက်တွေတောင်ကွဲကုန်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လေထုတွေ တုန်ခါပြီးနော်ဝေးနှင့် ဖင်လန်နိုင်ငံမှာရှိတဲ့ပြတင်းပေါက်တွေလည်း ကွဲခဲ့ပါသေးတယ်။ မြေပြင်ပေါ်ကနေ ၁၃,၀၀၀ ပေအမြင့်မှာရှိတဲ့ လေယာဥ်ကလွဲလို့ပါ။ ဆာဗုံဘာရဲ့ မြေပြင်ပြင်းအားဟာ ရစ်တာစကေးပေါ်မှာ ၅ ယူနစ်အတိုင်းအတာအထိရှိခဲ့ပီး။ ငလျင် ဆင်ဆာတွေက ဒီလိုလှိုင်းတွေကို ကမ္ဘာတစ်ဝန်းမှာ ဆက်လက်တိုင်းထွာဖို့လုပ်ပေးခဲ့ပါသေးတယ်။

ref:youtube
trans:thegeektext

zawgyi








ref:youtube
trans:thegeektext