■အမေရိကန်ပြည်ထောင်စုကနေ တီထွင်ခဲ့တဲ့ ပြင်းအား ၂၅ မက်ဂါတန်ရှိအင်အားအကြီးဆုံး အဏုမြူဗုံး B41
B41 ကတော့ ၁၉၆၀ ပြည်နှစ်အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စုစစ်ဆင်ရေးလေတပ်ကနေ ဖောက်ခွဲခဲ့တဲ့ သာမိုနျူကလီးယားဗုံးပဲဖြစ်ပါတယ်။ဒါကတော့ အမေရိကန်ပြည်ထောင်စုကနေ တီထွင်ခဲ့တဲ့ ပြင်းအား ၂၅ မက်ဂါတန်ရှိအင်အားအကြီးဆုံး အဏုမြူဗုံးပဲပါ။
B41 က အမေရိကန်ကပြုလုပ်တဲ့ အဆင့် ၃ ဆင့်ပါ သာမိုနျူကလီးယား ဗုံးတစ်လုံးဖြစ်ပီး။ ၁၉၆၀ ခုနှစ် နှင့် ၁၉၆၂ ခုနှစ်အတွင်းမှာ ဗုံးပေါင်းအလုံး ၅၀၀ ခန့်တီထွင်ခဲ့ပြီး ဇူလိုင်လ ၁၉၇၆ အထိ တီထွင်ခဲ့ကာ။ MK41 ကိုတော့ ၁၉၅၅ ခုနှစ်မှာ စတင် အဆင့်မြှင့်ခဲ့တာပါ။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဘီအဆင့်မှီ ဗုံးကိုတီထွင်ဖို့ပဲဖြစ်ပါတယ်။
၄င်းဟာ အင်အားပြင်း သာမိုနျူကလီးယားလက်နက်တစ်ခုဖြစ်ဖို့အတွက် ပေါင်ချိန် ၁၀,၀၀၀ အလေးချိန်ရှိပါတယ်။ သူနှင့်ပုံစံတူဗုံးငယ်တွေဟာ ၁၉၅၈ ခုနှစ် မှာ Operation Hardtack Phase 1 မှာ စမ်းသပ်ခဲ့ကာ။ ၃ ဆင့်ပါ သာမိုအဏုမြူဗုံးဟာ ဒီတာရီယမ်ထရီတီယမ်နှင့်ပြုလုပ်ထားပြီးရောနှောတဲ့အဆင့်အတွက် လီသီယမ် ၆ ဒီထရီယမ် အရောကို သုံးထားတယ်လို့ ယူဆကြပါတယ်။
ဗားရှင်း ၂ ခုပြုလုပ်ခဲ့ပီး။ တတိယအဆင့်မှာ သန့်ရှင်းတဲ့ဗားရှင်းနှင့် မသန့်တဲ့ ယူရေနီယမ် ထည့်ထားတဲ့ ဗားရှင်းဆိုပြီး ၂မျိုးလုပ်ထားတာပါ။ ဗုံး ၂ ခုလုံးဟာ မဖောက်ကွဲခင်မှာ ပြုတ်ကျဖို့အတွက် လေထီးဆင်ထားပါတယ်။ သူ့ရဲ့စမ်းသပ်မှု အချိန်တစ်လျှောက်လုံးမှာ B41 ကတော့ အလေးချိန်နှင့်မလိုက်ပြင်းအားကြီးတဲ့ အကောင်းဆုံး သာမိုနျူကလီးယားဗုံးတစ်လုံးဖြစ်ခဲ့တာပါ။
ဒီဟာက ၅.၂ မက်ဂါတန်နှင့် ၂ တန်အချိုးရှိခဲ့တာပီး။ သူ့ရဲ့ပြင်းအားဟာဆာဗုံးဘာရဲ့ ၂၅မှ၅၀% အထိရှိခဲ့ပါတယ်။ ထို့အတူ ၅၀ ဒါမှမဟုတ် ၁၀၀ မက်ဂါတန် ယမ်းပေါက်ကွဲမှု အထိရှိခဲ့တာပါ။
ref:youtube
trans:thegeektext
zawgyi
ref:youtube
trans:thegeektext