■ရှေးဟောင်းဒဏ္ဍာရီတွေမှာ အမြဲတမ်းလိုလို ကမ္ဘာကို အလင်းဖြန့်ပေးတဲ့ နေသုံးလုံးအကြောင်း

မတူတဲ့နိုင်ငံတွေရဲ့ ရှေးဟောင်းဒဏ္ဍာရီတွေမှာ အမြဲတမ်းလိုလို ကမ္ဘာကို အလင်းဖြန့်ပေးတဲ့ နေသုံးလုံးအကြောင်း ပြောပါတယ်။ သေချာတာကတော့ ဒါဟာ ရှေးဟောင်းအယူအဆတစ်ခုပါပဲ။တစ်ခါတလေမှာတော့ ဒီဖြစ်ရပ်ဟာ သဘာဝအလျောက်ဖြစ်ပေါ်တတ်ပါတယ်။ ဒါကို ဟေလို လို့ခေါ်ပြီး ဒါဟာထူးခြားဖြစ်စဥ်တစ်ခုပါ။ အလင်းပင်မရင်းမြစ်ရဲ့ ပတ်လည်မှာ ရောင်ပြန်ဖြစ်နေတာဖြစ်ပါတယ်။

အာကာသသိပ္ပံပညာရှင်တွေပြောကြားချက်အရ ပထမဦးဆုံး ဟေလို သက်ရောက်မှုကို ဆောင်းရာသီမှာတွေ့နိုင်ပြီး ရာသီဥတုကြမ်းတမ်းတဲ့ဆိုက်ဘေးရီးယား နှင့် ဝင်စကော့စ်စတန်လိုမျိုး ဒေသတွေမှာဖြစ်နိုင်ပါတယ်။ ဒီလိုနေရာမျိုးမှာထူးခြားဖြစ်ရပ်မျိုးဖြစ်ဖို့ ဒီအချက်အလက်တွေလိုပါတယ်။ အလွန်အေးခဲခြင်း၊ တောက်ပတဲ့နေ နှင့်မြင့်မားသောစိုထိုင်းမှု၃ခု လိုအပ်ပါတယ်။

စည်းမျဥ်းအရ ဟေလိုကွင်းဟာ နေပတ်ပတ်လည်မှာပေါ်လာတာပါ။ထို့အတူ လမှာလည်းဖြစ်နိုင်ပါသေးတယ်။ ဒီဖြစ်ရပ်ဟာ မြေပြင်အထက် ၁၀ ကီလိုမီတာအမြင့်ရှိ ထရိုပိုစဖီးယားလေထုအလွှာမှာရှိတဲ့ တိမ်တွေမှာရှိတဲ့ ရေခဲမှုန်တွေကြောင့် ဖြစ်ပေါ်တာဖြစ်ပါတယ်။ တစ်ခါတလေကျရင်တော့ ဒီဟေလိုဟာ သက်တံသို့မဟုတ် အလင်းဝိုင်းကြီးနှင့်တောင်တူပါတယ်။

တစ်ချို့ဖြစ်ရပ်တွေမှာတော့ နောက်ထပ်နေတစ်လုံးဖြစ်နေဟန်ပေါ်တတ်ပြီး တစ်လုံးထက်ပိုတဲ့နေတွေကောင်းကင်မှာရှိနေသလိုပါပဲ။ ကျွန်မတို့ရဲ့ဘိုးဘေးတွေကတော့ ဒီဖြစ်ရပ်ကို ကံမကောင်းစေတဲ့အတိတ်နိမိတ်ဟု မှတ်ယူကြပြီး ကျမ်းစာတွေမှာတောင်ဖော်ညွှန်းကြပါတယ်။

ref:youtube
trans:thegeektext
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
ref:youtube
trans:thegeektext