■နွန်ယုံဟွီ ညဘက်အမြင်အာရုံရှိတဲ့ကောင်လေး

တရုတ်ပြည် ရွာတစ်ရွာကကောင်လေးတစ်ယောက်ဟာ မွေးကတည်းက မိုးပြာရောင် မျက်လုံးနှင့်မွေးဖွားလာတာပါ။ ဆိုင်ယာမိစ်ကြောင်တွေလိုမျိုးပါပဲ။ သူ့မိဘတွေရဲ့မျက်လုံးကတော့ အမဲရောင်ရှိပြီး သူတို့ရဲ့အဖေ အမေတွေကလည်း အမဲရောင်ပါပဲ။ သားဖြစ်သူ နွန်ယုံဟွီရဲ့ အပြာရောင်မျက်လုံးကြောင့် အရမ်းအံ့အားသင့်ခဲ့ရပါတယ်။

ဘယ်အရာကပိုပြီးထူးဆန်းလဲဆိုရင်တော့ ကောင်လေးရဲ့မျက်လုံးဟာ မီးထိုးကြည့်လိုက်ရင်ရောင်ပြန်အစိမ်းရောင်ပြောင်းသွားတာပါပဲ။ ပရိသတ်ကြီးဟာ ဒီလိုကိစ္စမျိုးကိုကြောင်တွေနှင့် အခြားသော ညဘက် ထွက်တဲ့ တိရစ္ဆာန်တွေဆီမှာသာတွေ့ရမှာဖြစ်ပြီး နွန်ယုံဟွီကတော့ ကြောင်တွေလို ညဘက်မှာပါ မြင်နိုင်ပါတယ်။

ညဘက်ထွက်တဲ့တိရစ္ဆာန်တွေမှာတော့ သူတို့ရဲ့ညဘက်အမြင်အာရုံဟာ မျက်လုံးအနောက်က အထူးပြုလုပ်ထားတဲ့ ဆဲလ်အလွှာကနေ ပံ့ပိုးပေးတာပါ။ ၎င်းဟာ အလင်းပြန်ခြင်းဆောင်ရွက်ချက်ကိုလုပ်ဆောင်ပေးပါတယ်။အခြေခံအားဖြင့်ဆိုလိုတာကတော့ မျက်လုံးကို ဝင်တဲ့မည်သည့်အလင်းမဆို မျက်လုံးက မျက်ကြည်လွှာဆီကိုရောင်ပြန်စေပြီး ညဘက်မှာ မြင်ရဖို့အတွက် ပိုပြီး အလင်းတွေကိုထုတ်လွှတ်ပေးပါတယ်။

ဒီလို အထူးပြုလုပ်ထားတဲ့ ဆဲလ်တွေမှာ UE မပါဝင်တာကြောင့် သူဟာ အလင်းရောင်နည်းနည်းမှာတောင်မှ မြင်ရပါတယ်။ ဒါကိုတော့ကောင်လေးဟာ အမှောင်ခန်းထဲမှာထိုင်နေပြီး မေးခွန်းတွေကိုဖြေရတဲ့ စစ်ဆေးမှုနှင့် သက်သေပြသခဲ့ပြီးပါပီး။
ref:youtube
trans:thegeektext
zawgyi

ref:youtube
trans:thegeektext