တခ်ိန္က ကမာၻ ့ဘုရင္ ဟာ ၿဗိတိန္ပဲျဖစ္တယ္။ ဒါေပမယ့္ ဥေရာပမွာ စစ္ႏွစ္ႀကိမ္ျဖစ္ေတာ့ ၿဗိတိန္က ဆင္းရဲသြားၿပီး အေမရိကန္က ကမာၻဘုရင္ျဖစ္လာခဲ့ပါတယ္။ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ကိုျပန္ၾကည့္ေတာ့ အေမရိကန္္မွာ ၂၀၀၈ financial crisis ျဖစ္တယ္။ ၂၀၀၃မွာ အၾကမ္းဖက္စစ္ပြဲျဖစ္တယ္။ထို႔အတြက္အေမရိကန္၏ စီးပြားေရးက်ဆင္းသြားတာေၾကာင့္ ေနရာကို ဥေရာပ နင့္တ႐ုတ္က အျမင္အားျဖင့္ေနရာဝင္ယူလာတယ္ဒါမွမဟုတ္ ယူႏိုင္မည့္အေနအထားေရာက္လာပါတယ္။
ဥေရာပႏွင့္တ႐ုတ္ကို ျပန္ယွဥ္ၾကည့္တဲ့အခါမွာဥေရာပမွာ၁။ အေမရိကန္ႏွင္တူတဲ့ တည္ၿငိမ္ေသာႏိူင္ငံေရးစနစ္ရွိတယ္။၂။အေမရိကန္ေဒၚလာႏွင့္ ယွဥ္ႏိုင္ေသာ Euro ေငြေၾကးရွိတယ္။၃။အေမရိကန္ နယူးေယာက္ႏွင့္ယွဥ္ႏိုင္ေသာ လန္ဒန္ ႏွင့္ဥေရာပ ဘ႑ာေရးေစ်းကြက္ရွိတယ္ ၄။ အေမရိကန္ႏွင့္ယွဥ္ႏိုငိေသာ ပင္မ နည္းပညာပိုင္ဆိုင္မႈရွိတယ္။ ၅။ အေမရိကန္ႏွင့္ယွဥ္ႏိုင္ေသာ လူသားအရင္းအျမစ္ရွိတယ္။ ၆။ အေမရိကန္ႏွင့္ ယွဥ္ႏိုင္ေသာ ျပည့္စုံေသာ ေစ်းကြက္စီးပြားေရးပုံစံရွိတယ္။
တ႐ုတ္ကိုၾကည့္လိုက္ေတာ့ ၁။ ႏိုငိငံေရးစနစ္က အေမရိကန္ကို လိုရန္အမ်ားႀကီးက်န္ေသးတယ္။ ၂။ တ႐ုတ္ယြမ္ဟာ SDR မွာေတာင္ ယခုမွစပါတာျဖစ္၍ အေမရိကန္ေဒၚလာကို ယွဥ္ဖို႔အေတာ္ႀကိဳးစားရဦးမယ္။၃။ တ႐ုတ္မွာ နည္းပညာအထိုက္အေလွ်ာက္ရွိေပမယ့္ စက္မႈထိပ္တနိးႏိူင္ငံတခုျဖစ္ဖို႔လိုတဲ့ ပင္မနည္းပညာပိုင္ဆိုင္မႈအားနည္းတယ္။၄။ ေဟာင္ေကာင္စေတာ့အိပ္ခ်ိန္းဟာ နယူးေယာက္ႏွင့္ လန္ဒန္ၿပီးရင္ ကမာၻမွာ တတိယဆိုေပမယ့္ စနစ္ေကာ၊ ဖြဲ႕စည္းပုံ၊ လည္ပတ္ပုံအဆင့္အတန္းေတြဟာ အေနာက္တိုင္းကိုမမွီပါဘူး။
၅။တ႐ုတ္မွာ အေမရိကန္ႏွင့္ယွဥ္ႏိုင္ေသာ လူသားအရင္းအျမစ္မရွိပါ။ ၆။ တ႐ုတ္မွာေစ်းကြက္မျပည့္စုံမႈေၾကာင့္သူထံမွထုတ္တဲ့ ပစၥည္းေတြကို ႏိုင္ငံတကာေစ်းကြက္ကိုအေျမာက္အမ်ားတင္ပို႔ၿပီး သူ႔စီးပြားေရးကိုရပ္တည္ရတယ္။ဒီေတာ့ တ႐ုတ္နဲ႔ဥေရာပယွဥ္ရင္ အေမရိကန္ကိုၿခိမ္းေျခာက္ႏိုင္တာ တ႐ုတ္မဟုတ္ ဥေရာပသာျဖစ္ပါတယ္။ ေနာက္တခုက ကိုလံဘတ္က အေမရိကတိုက္ကိုမေတြ႕ထင္အထိ တ႐ုတ္ႏွင့္ဥေရာပဟာပိုးလမ္းကေန ကုန္သြယ္ခဲ့ဖူးၾကတယ္။
ပိုးလမ္းေနရာက ယခင္ဆိုဗီယက္ျပည္ေထာင္စုကေနေပါက္ဖြားလာတဲ့နိင္ငံေတြ၏ ယေန႔ေနရာျဖစ္တယ္။ အကယ္၍ ႐ုရွားယူကရိန္းစစ္မျဖစ္ဘူးဆိုရင္ ကမာၻမွာ GDP အႀကီးဆုံး EU ႏွင့္ ကမာၻမွာ GDP တတိယအႀကီးဆုံးတ႐ုတ္က ကမာၻ နံပါတ္ ၁၁ GDP ျဖစ္တဲ့ ႐ုရွားကိုျဖတ္ေက်ာ္ၿပီးကုန္သြယ္မယ္။ ၿပီးရင္ကိုရီးယား ၊ အာရပ္၊ အာဆီယံႏွင့္ အိႏၵိယကပါေပါင္းမယ္ဆိုရင္ အာရွက တခ်ိန္ကရွိခဲ့ဖူးတဲ့ ေခတ္ကိုျပန္ေရာက္သြားမွာပါ။
ဒါဆိုရင္ ယေန႔အေမရိကန္ကိုဗဟိုျပဳၿပီး ပစိဖိတ္ႏွငိ့ အတၱလန္တစ္သမုဒၵရာ ႏွစ္ဘက္ကုန္သြယ္တဲ့စနစ္ကအားနည္းသြားမွာ အႀကိမ္းအေသပါဘဲ။ ယခုေတာ့ ႐ုရွားယူကရိန္းစစ္ပြဲေၾကာင့္ အေမရိကန္ေနရာကို ယူႏိုင္ေခ်ရွိတဲ့ Euro Zone EU ဟာ စီးပြားေရး အရ အရမ္းအားေကာင္းဖို႔မေသခ်ာေတာ့ပါဘူး။အားနည္းခ်က္ေတြရွိေနေပမယ့္ လူဦးေရးမ်ားတာေၾကာင့္ တခ်ိန္မွာ ကမာၻမွာအႀကီးဆုံး စီးပြားေရးႏိုင္ငံျဖစ္လာမယ္ဆိုၿပီး ေမွ်ာ္လင့္ၾကတဲ့ တ႐ုတ္ျပည္ဟာလည္း႐ုရွား အေရးေၾကာင့္ေႏွာင့္ေႏွးသြားၿပီဆိုရမွာပါ။
ဒီေတာ့ ယူ႐ိုေအးရွားကုန္းမႀကီးကို ျဖတ္ေက်ာ္ၿပီး ကုန္သြယ္သြားၾကမည့္ အာရွတိုက္ႏွင့္ ဥေရာပတိုက္မွႏိုင္ငံမ်ားဟာ ယခုလိုျဖစ္သြားၿပီဆိုရင္ သမုဒၶရာ ႀကီးႏွစ္ဘက္ျခားထားလို႔ ေအးခ်မ္းစြာေနရတဲ့ အေမရိကန္ျပည္ဟာ ယခုလို ဗိုလ္ေနၿမဲက်ားေနၿမဲ အေနအထားျဖင့္ ႏွစ္ေပါင္းသုံးေလးဆယ္ေလာက္ဆက္ေနသြားလို႔ရၿပီဟုဆိုရမွာပါ။ဒီေတာ့တခ်ိန္က ဥေရာပမွာ စစ္ႏွစ္ႀကိမ္ျဖစ္ၿပီး ကမာၻစီးပြားေရးဗဟိုခ်က္ဟာ အေမရိကန္ျပည္ကိုေရာက္သြားပါတယ္။
ယခုလည္း ဥေရာပမွာ စစ္ျဖစ္ျပန္ၿပီ။ ဒီေတာ့ ကမာၻစီးပြားေရးဗဟိုခ်က္ဟာ အေမရိကန္မွာမေျပာင္းလဲဘဲ ဆကိရွိေနဖို႔ ပိုၿပီးေသခ်ာသြားတာျဖစ္၍ အေမရိကန္ဟာ ယခုယူကရိန္း႐ုရွားစစ္ပြဲေၾကာင့္ အားသိပ္စိုက္စရာမလိုဘဲ ကမာၻ ဘုရင္ အျဖစ္ေနာင္ႏွစ္ေပါင္းမ်ားစြာဆက္ထိန္းခြင့္ရသြားတာျဖစ္၍ ယခု ယူကရိန္းစစ္ပြဲဟာ ဥေရာပ၊ ႐ုရွား၊ ယူကရိန္း၊ တ႐ုတ္တို႔၏က်ရႉံးမႈဟုဆိုရမွာပါ။ ဒါေၾကာင့္အေမရိကန္တို႔၏ မဟာ ေအာင္ပြဲျဖစ္တယ္ဟု သုံးသပ္ပါတယ္။March 4th, 22 ယေန႔အခ်ိန္မွာ Euro Zone မွာစီးပြားေရးျပႆနာမ်ားျဖစ္လာ၍ တစ္ယူ႐ိုဟာ တစ္ေဒၚလာေအာက္ ေရာက္သြားၿပီျဖစ္ပါတယ္။
Crd..မင္းညိဳ
Unicode
ရုရှား-ယူကရိန်းစစ်ပွဲ ( သို့မဟုတ် ) အမေရိကန်တို့၏ အောင်ပွဲ
တချိန်က ကမ္ဘာ့ဘုရင် ဟာ ဗြိတိန်ပဲဖြစ်တယ်။ ဒါပေမယ့် ဥရောပမှာ စစ်နှစ်ကြိမ်ဖြစ်တော့ ဗြိတိန်က ဆင်းရဲသွားပြီး အမေရိကန်က ကမ္ဘာဘုရင်ဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်ကိုပြန်ကြည့်တော့ အမေရိကန်မှာ ၂၀၀၈ financial crisis ဖြစ်တယ်။ ၂၀၀၃မှာ အကြမ်းဖက်စစ်ပွဲဖြစ်တယ်။ထို့အတွက်အမေရိကန်၏ စီးပွားရေးကျဆင်းသွားတာကြောင့် နေရာကို ဥရောပ နင့်တရုတ်က အမြင်အားဖြင့်နေရာဝင်ယူလာတယ်ဒါမှမဟုတ် ယူနိုင်မည့်အနေအထားရောက်လာပါတယ်။
ဥရောပနှင့်တရုတ်ကို ပြန်ယှဉ်ကြည့်တဲ့အခါမှာဥရောပမှာ၁။ အမေရိကန်နှင်တူတဲ့ တည်ငြိမ်သောနိူင်ငံရေးစနစ်ရှိတယ်။၂။အမေရိကန်ဒေါ်လာနှင့် ယှဉ်နိုင်သော Euro ငွေကြေးရှိတယ်။၃။အမေရိကန် နယူးယောက်နှင့်ယှဉ်နိုင်သော လန်ဒန် နှင့်ဥရောပ ဘဏ္ဍာရေးဈေးကွက်ရှိတယ် ၄။ အမေရိကန်နှင့်ယှဉ်နိုငိသော ပင်မ နည်းပညာပိုင်ဆိုင်မှုရှိတယ်။ ၅။ အမေရိကန်နှင့်ယှဉ်နိုင်သော လူသားအရင်းအမြစ်ရှိတယ်။ ၆။ အမေရိကန်နှင့် ယှဉ်နိုင်သော ပြည့်စုံသော ဈေးကွက်စီးပွားရေးပုံစံရှိတယ်။
တရုတ်ကိုကြည့်လိုက်တော့ ၁။ နိုငိငံရေးစနစ်က အမေရိကန်ကို လိုရန်အများကြီးကျန်သေးတယ်။ ၂။ တရုတ်ယွမ်ဟာ SDR မှာတောင် ယခုမှစပါတာဖြစ်၍ အမေရိကန်ဒေါ်လာကို ယှဉ်ဖို့အတော်ကြိုးစားရဦးမယ်။၃။ တရုတ်မှာ နည်းပညာအထိုက်အလျှောက်ရှိပေမယ့် စက်မှုထိပ်တနိးနိူင်ငံတခုဖြစ်ဖို့လိုတဲ့ ပင်မနည်းပညာပိုင်ဆိုင်မှုအားနည်းတယ်။၄။ ဟောင်ကောင်စတော့အိပ်ချိန်းဟာ နယူးယောက်နှင့် လန်ဒန်ပြီးရင် ကမ္ဘာမှာ တတိယဆိုပေမယ့် စနစ်ကော၊ ဖွဲ့စည်းပုံ၊ လည်ပတ်ပုံအဆင့်အတန်းတွေဟာ အနောက်တိုင်းကိုမမှီပါဘူး။
၅။တရုတ်မှာ အမေရိကန်နှင့်ယှဉ်နိုင်သော လူသားအရင်းအမြစ်မရှိပါ။ ၆။ တရုတ်မှာဈေးကွက်မပြည့်စုံမှုကြောင့်သူထံမှထုတ်တဲ့ ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်ကိုအမြောက်အများတင်ပို့ပြီး သူ့စီးပွားရေးကိုရပ်တည်ရတယ်။ဒီတော့ တရုတ်နဲ့ဥရောပယှဉ်ရင် အမေရိကန်ကိုခြိမ်းခြောက်နိုင်တာ တရုတ်မဟုတ် ဥရောပသာဖြစ်ပါတယ်။ နောက်တခုက ကိုလံဘတ်က အမေရိကတိုက်ကိုမတွေ့ထင်အထိ တရုတ်နှင့်ဥရောပဟာပိုးလမ်းကနေ ကုန်သွယ်ခဲ့ဖူးကြတယ်။
ပိုးလမ်းနေရာက ယခင်ဆိုဗီယက်ပြည်ထောင်စုကနေပေါက်ဖွားလာတဲ့နိင်ငံတွေ၏ ယနေ့နေရာဖြစ်တယ်။ အကယ်၍ ရုရှားယူကရိန်းစစ်မဖြစ်ဘူးဆိုရင် ကမ္ဘာမှာ GDP အကြီးဆုံး EU နှင့် ကမ္ဘာမှာ GDP တတိယအကြီးဆုံးတရုတ်က ကမ္ဘာ နံပါတ် ၁၁ GDP ဖြစ်တဲ့ ရုရှားကိုဖြတ်ကျော်ပြီးကုန်သွယ်မယ်။ ပြီးရင်ကိုရီးယား ၊ အာရပ်၊ အာဆီယံနှင့် အိန္ဒိယကပါပေါင်းမယ်ဆိုရင် အာရှက တချိန်ကရှိခဲ့ဖူးတဲ့ ခေတ်ကိုပြန်ရောက်သွားမှာပါ။
ဒါဆိုရင် ယနေ့အမေရိကန်ကိုဗဟိုပြုပြီး ပစိဖိတ်နှငိ့ အတ္တလန်တစ်သမုဒ္ဒရာ နှစ်ဘက်ကုန်သွယ်တဲ့စနစ်ကအားနည်းသွားမှာ အကြိမ်းအသေပါဘဲ။ ယခုတော့ ရုရှားယူကရိန်းစစ်ပွဲကြောင့် အမေရိကန်နေရာကို ယူနိုင်ချေရှိတဲ့ Euro Zone EU ဟာ စီးပွားရေး အရ အရမ်းအားကောင်းဖို့မသေချာတော့ပါဘူး။အားနည်းချက်တွေရှိနေပေမယ့် လူဦးရေးများတာကြောင့် တချိန်မှာ ကမ္ဘာမှာအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာမယ်ဆိုပြီး မျှော်လင့်ကြတဲ့ တရုတ်ပြည်ဟာလည်းရုရှား အရေးကြောင့်နှောင့်နှေးသွားပြီဆိုရမှာပါ။
ဒီတော့ ယူရိုအေးရှားကုန်းမကြီးကို ဖြတ်ကျော်ပြီး ကုန်သွယ်သွားကြမည့် အာရှတိုက်နှင့် ဥရောပတိုက်မှနိုင်ငံများဟာ ယခုလိုဖြစ်သွားပြီဆိုရင် သမုဒ္ဓရာ ကြီးနှစ်ဘက်ခြားထားလို့ အေးချမ်းစွာနေရတဲ့ အမေရိကန်ပြည်ဟာ ယခုလို ဗိုလ်နေမြဲကျားနေမြဲ အနေအထားဖြင့် နှစ်ပေါင်းသုံးလေးဆယ်လောက်ဆက်နေသွားလို့ရပြီဟုဆိုရမှာပါ။ဒီတော့တချိန်က ဥရောပမှာ စစ်နှစ်ကြိမ်ဖြစ်ပြီး ကမ္ဘာစီးပွားရေးဗဟိုချက်ဟာ အမေရိကန်ပြည်ကိုရောက်သွားပါတယ်။
ယခုလည်း ဥရောပမှာ စစ်ဖြစ်ပြန်ပြီ။ ဒီတော့ ကမ္ဘာစီးပွားရေးဗဟိုချက်ဟာ အမေရိကန်မှာမပြောင်းလဲဘဲ ဆကိရှိနေဖို့ ပိုပြီးသေချာသွားတာဖြစ်၍ အမေရိကန်ဟာ ယခုယူကရိန်းရုရှားစစ်ပွဲကြောင့် အားသိပ်စိုက်စရာမလိုဘဲ ကမ္ဘာ ဘုရင် အဖြစ်နောင်နှစ်ပေါင်းများစွာဆက်ထိန်းခွင့်ရသွားတာဖြစ်၍ ယခု ယူကရိန်းစစ်ပွဲဟာ ဥရောပ၊ ရုရှား၊ ယူကရိန်း၊ တရုတ်တို့၏ကျရှူံးမှုဟုဆိုရမှာပါ။ ဒါကြောင့်အမေရိကန်တို့၏ မဟာ အောင်ပွဲဖြစ်တယ်ဟု သုံးသပ်ပါတယ်။March 4th, 22 ယနေ့အချိန်မှာ Euro Zone မှာစီးပွားရေးပြဿနာများဖြစ်လာ၍ တစ်ယူရိုဟာ တစ်ဒေါ်လာအောက် ရောက်သွားပြီဖြစ်ပါတယ်။
Crd..မင်းညို
Crd