

“ရုရှားနှင့် ထိပ်တိုက်တွေ့ရန်အသင့်ဖြစ်နေပြီဟု နေတိုးစစ်ရေးကော်မတီ ဥက္ကဌက ပြော”
၃၀/၁/၂၀၂၃ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ အသင့်ဖြစ်နေပြီလို့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ချုပ်ရဲ့ စစ်ရေးကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရော့ဘ် ဘောင်ရာက ပြောလိုက်ပါတယ်။ ပေါ်တူဂီနိုင်ငံကိုရောက်ရှိနေချိန်မှာ ပေါ်တူဂီရုပ်သံသတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောလိုက်တာပါ။

ယူကရိန်းကို စတင်ကျူးကျော်ချိန်ကစပြီး နေတိုးအဖွဲ့ရဲ့ ဥရောပအရှေ့ပိုင်းမှာ စစ်အင်အားတွေ စနစ်တကျတိုးချဲ့ပြင်ဆင်ထားကြောင်း ရော့ဘ် ဘောင်ရာက ဆိုပါတယ်။ ရုရှားသမ္မတပူတင်ရဲ့ ရည်ရွယ်ချက်ဟာ ယူကရိန်းနဲ့တင်ပြီးမှာမဟုတ်ပဲ ဆိုဗီယက်ခွဲထွက်နိုင်ငံတွေကိုပါ ပစ်မှတ်ထားမယ်လို့ ယုံကြည်ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး ရော့ဘ် ဘောင်ရာက ပြောပါတယ်။ ဘယ်အချိန်မှာ ကျူးကျော်လာမယ်ဆိုတာ မသိနိုင်တဲ့အတွက် အရာရာအသင့်ပြင်ဆင်ထားဖို့လိုတယ်လို့လည်း ရော့ဘ် ဘောင်ရာက ဆိုပါတယ်။
ကျုးကျော်စစ်မှာ အင်အားကြီးတဲ့ ရုရှားတပ်တွေ အခြေအနေမလှဖြစ်ရတာဟာ သူတို့ထုတ်ပြန်နေတဲ့ သတင်းမှားတွေ သတင်းလိမ်တွေ ဝါဒဖြန့်မှုတွေနဲ့ လုံးချာလည်နေပြီး နောက်ဆုံးမှာ အခြေအနေမှန် ဖြစ်ရပ်မှန်တွေကို မသိတော့ပဲ အခြေအနေမလှဖြစ်နေရတာလို့လည်း ရော့ဘ် ဘောင်ရာက သုံးသပ်ပါတယ်။

နေတိုးမဟာမိတ်နိုင်ငံတွေက အဆင့်မြင့်လက်နက်တွေ ကူညီပေးနေမှုကြောင့် ရုရှားဘက်က ကျုးကျော်စစ် အရှိန်မြှင့်လာမယ်လို့ မထင်ကြောင်းလည်း ရော့ဘ် ဘောင်ရာက ဆိုပါတယ်။ နျူကလီးယားလက်နက်ထုတ်သုံးရဲလောက်အောင် ပူတင်ဟာ ရူးသွပ်နေသူမဟုတ်ဘူးလို့လည်း နေတိုးဗိုလ်ချုပ်ကြီးက ပြောပါတယ်။ ယူကရိန်းမှာ အဆင့်မြင့်လက်နက်တွေရနေရှိခြင်းဟာ ရုရှားရဲ့ ပြသနာပဲဖြစ်မယ်လို့ ရော့ဘ် ဘောင်ရာက ပြောပါတယ်။
ကျုးကျော်စစ်မှာ ရုရှားအနိုင်ရဖို့ကို တရုတ်ရဲ့အတွင်းစိတ်က လိုလားပေမဲ့ လူသိ ထင်ရှားကူညီထောက်ပံ့ပေးတာမလုပ်ရဲဘူးလို့လည်း နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ချုပ်ရဲ့ စစ်ရေးကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရော့ဘ်က ပြောဆိုသွားတာတွေ့ရပါတယ်။
crdBy BNN 29 January 2023#BNN#BurmaNewsNetwork
crdBy BNN 29 January 2023#BNN#BurmaNewsNetwork

Crd