႐ုရွား၏ အားနည္းခ်က္ကို အသုံးခ်ျပီး တ႐ုတ္က ေရနံမ်ား ေဈးေပါေပါႏွင့္ဝယ္ယူရန္ ျကဳိးပမ္းေန..

႐ုရွား၏ အားနည္းခ်က္ကို အသုံးခ်ျပီး တ႐ုတ္က ေရနံမ်ား ေဈးေပါေပါႏွင့္ဝယ္ယူရန္ ျကဳိးပမ္းေန..

႐ုရွား၏ အားနည္းခ်က္ကို အသုံးခ်ျပီး တ႐ုတ္က ေရနံမ်ား ေဈးေပါေပါႏွင့္ဝယ္ယူရန္ ျကဳိးပမ္းေန..

ယူကရိန္းကို က်ဴးေက်ာ္ေသာ႐ုရွားကို အေနာက္ႏိုင္ငံမွ အစိုးရအမ်ားအျပားက စီးပြားေရး ဒဏ္ခတ္ ပိတ္ဆို႔ၿပီးေနာက္ ႐ုရွားသည္ ေရနံမ်ားကို ေလွ်ာ့ေဈးျဖင့္ ေရာင္းခ်ေနသည္ကို တ႐ုတ္က ဝယ္ယူလ်က္ရွိသည္။

ျပည္ပအစိုးရတခ်ိဳ႕ႏွင့္ ကုမၸဏီမ်ားက အေရးယူပိတ္ဆို႔လိုက္သည့္အခါ ႐ုရွားထံမွ ဝယ္ယူသူ နည္းပါး သြားခဲ့သည္။ ႐ုရွားသည္ ထိုအေျခအေနကို ေက်ာ္လႊားရန္ ေရနံမ်ားကို ေလွ်ာ့ေဈး ႏွင့္ေရာင္းမည္ဟု ႏိုင္ငံမ်ားကို ကမ္းလွမ္းခဲ့ရာ တ႐ုတ္ကလည္း တက္ႂကြစြာျဖင့္ အခြင့္အေရးကို အရယူခဲ့သည္။

တ႐ုတ္သည္ ယူကရိန္းစစ္ပြဲမျဖစ္ပြားမီကပင္ ႐ုရွားေရနံကို အမ်ားဆုံးဝယ္ယူသည့္ ႏိုင္ငံမ်ားတြင္ ပါဝင္ခဲ့ၿပီး ယူကရိန္းစစ္ပြဲစတင္သည့္အခါ ဝယ္ယူမႈမွာ ပိုမိုတိုးလာခဲ့သည္။

တ႐ုတ္က ေဈးသက္သာေသာႏႈန္းျဖင့္ ရႏိုင္ေသာ မည္သည့္ေနရာမွမဆို ေရနံစိမ္းမ်ား ဝယ္ယူရမည္ဟုဆိုကာ ႐ုရွားထံမွ ေရနံဝယ္ယူမႈကို ကာကြယ္ေျပာဆိုခဲ့သည္။

တ႐ုတ္သည္ အေရွ႕အလယ္ပိုင္း၊ အန္ဂိုလာႏွင့္ ဘရာဇီးတို႔မွလည္း ေရနံမ်ား ဆက္ဝယ္ေနေသာ္လည္း ႐ုရွားသည္ ဇူလိုင္လတြင္ တ႐ုတ္၏ ၃ လ ဆက္တိုက္ ေရနံအမ်ားဆုံးဝယ္သည့္ ႏိုင္ငံအျဖစ္ ရပ္တည္ခဲ့သည္။

တ႐ုတ္သည္ မတ္လမွ ေမလအထိ ေရနံစည္ေပါင္း ၁၄ ဒသမ ၅ သန္းကို ဝယ္ယူခဲ့ၿပီး လြန္ခဲ့ေသာႏွစ္ အလားတူကာလထက္ ၃ ဆ ျမင့္တက္ခဲ့သည္။

လက္ရွိအေျခအေနအရ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံအၾကား သံတမန္ဆက္ဆံေရးသည္ တစ္ေန႔တျခား ပိုမိုအားေကာင္းလာကာ ႐ုရွားသည္ တ႐ုတ္ႏိုင္ငံအေပၚ လုံးဝမွီခိုေနရၿပီျဖစ္သည္။

Crd..By ANI News

Unicode

ရုရှား၏ အားနည်းချက်ကို အသုံးချပြီး တရုတ်က ရေနံများ ဈေးပေါပေါနှင့်ဝယ်ယူရန် ကြိုးပမ်းနေ..

ယူကရိန်းကို ကျူးကျော်သောရုရှားကို အနောက်နိုင်ငံမှ အစိုးရအများအပြားက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ပြီးနောက် ရုရှားသည် ရေနံများကို လျှော့ဈေးဖြင့် ရောင်းချနေသည်ကို တရုတ်က ဝယ်ယူလျက်ရှိသည်။

ပြည်ပအစိုးရတချို့နှင့် ကုမ္ပဏီများက အရေးယူပိတ်ဆို့လိုက်သည့်အခါ ရုရှားထံမှ ဝယ်ယူသူ နည်းပါး သွားခဲ့သည်။ ရုရှားသည် ထိုအခြေအနေကို ကျော်လွှားရန် ရေနံများကို လျှော့ဈေး နှင့်ရောင်းမည်ဟု နိုင်ငံများကို ကမ်းလှမ်းခဲ့ရာ တရုတ်ကလည်း တက်ကြွစွာဖြင့် အခွင့်အရေးကို အရယူခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲမဖြစ်ပွားမီကပင် ရုရှားရေနံကို အများဆုံးဝယ်ယူသည့် နိုင်ငံများတွင် ပါဝင်ခဲ့ပြီး ယူကရိန်းစစ်ပွဲစတင်သည့်အခါ ဝယ်ယူမှုမှာ ပိုမိုတိုးလာခဲ့သည်။

တရုတ်က ဈေးသက်သာသောနှုန်းဖြင့် ရနိုင်သော မည်သည့်နေရာမှမဆို ရေနံစိမ်းများ ဝယ်ယူရမည်ဟုဆိုကာ ရုရှားထံမှ ရေနံဝယ်ယူမှုကို ကာကွယ်ပြောဆိုခဲ့သည်။

တရုတ်သည် အရှေ့အလယ်ပိုင်း၊ အန်ဂိုလာနှင့် ဘရာဇီးတို့မှလည်း ရေနံများ ဆက်ဝယ်နေသော်လည်း ရုရှားသည် ဇူလိုင်လတွင် တရုတ်၏ ၃ လ ဆက်တိုက် ရေနံအများဆုံးဝယ်သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

တရုတ်သည် မတ်လမှ မေလအထိ ရေနံစည်ပေါင်း ၁၄ ဒသမ ၅ သန်းကို ဝယ်ယူခဲ့ပြီး လွန်ခဲ့သောနှစ် အလားတူကာလထက် ၃ ဆ မြင့်တက်ခဲ့သည်။

လက်ရှိအခြေအနေအရ ရုရှားနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် တစ်နေ့တခြား ပိုမိုအားကောင်းလာကာ ရုရှားသည် တရုတ်နိုင်ငံအပေါ် လုံးဝမှီခိုနေရပြီဖြစ်သည်။

Crd..By ANI News

Crd