“ႏွစ္ရွည္ အက်ဥ္းသားေတြကိုပါ စစ္မႈထမ္းေခၚခြင့္ရွိသည့္ ဥပေဒကို သမၼတပူတင္က လက္မွတ္ထိုး ထုတ္ျပန္”

“ႏွစ္ရွည္ အက်ဥ္းသားေတြကိုပါ စစ္မႈထမ္းေခၚခြင့္ရွိသည့္ ဥပေဒကို သမၼတပူတင္က လက္မွတ္ထိုး ထုတ္ျပန္”

“ႏွစ္ရွည္ အက်ဥ္းသားေတြကိုပါ စစ္မႈထမ္းေခၚခြင့္ရွိသည့္ ဥပေဒကို သမၼတပူတင္က လက္မွတ္ထိုး ထုတ္ျပန္”
၄/၁၁/၂၀၂၂ႏိုင္ငံေတာ္အစိုးရကို ဆန္႔က်င္မႈနဲ႔ ႏွစ္ရွည္ ေထာင္ဒဏ္ က်ခံေနသူေတြက လြဲရင္ က်န္ႏွစ္ရွည္အက်ဥ္းသား အားလုံးကို စစ္မႈထမ္းေခၚခြင့္ျပဳတဲ့ ဥပေဒကို ႐ုရွားသမၼတ ပူတင္က ႏိုဝင္ဘာ ၄ ရက္မွာ လက္ မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။
မူလ ဥပေဒအရ ေထာင္ ၇ ႏွစ္နဲ႔ အထက္ရွိတဲ့ အက်ဥ္းသားေတြကို စစ္မႈထမ္း မေခၚဖို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။ အခု ထုတ္ျပန္တဲ့ ဥပေဒသစ္အရ လူသတ္မႈ၊ မူးယစ္ေဆးဝါးမႈ၊ မုဒိန္းမူ စတဲ့ ရာဇဝတ္မႈေတြနဲ႔ ႏွစ္ရွည္ ေထာင္က်ေနသူအားလုံးကို စစ္မႈထမ္းေခၚခြင့္ ရသြားၿပီျဖစ္ပါတယ္။

ျပန္ေပးဆြဲမႈေတြနဲ႔ ႏွစ္ရွည္ ေထာင္က်ေနသူေတြကိုေတာ့ ႁခြင္းခ်က္နဲ႔ စစ္မႈထမ္းေခၚခြင့္ ရွိ မရွိ ဆုံးျဖတ္ရမယ္ဆိုပါတယ္။ ႏိုင္ငံေတာ္အစိုးရကို ဆန္႔က်င္မႈနဲ႔ ဖမ္းဆီးထားသူမွန္သမွ်ကိုေတာ့ ႏွစ္တို ႏွစ္ရွည္ ဘယ္အက်ဥ္းသားကိုမွ စစ္မႈထမ္းေခၚခြင့္ မရွိဘူးလို႔ ဒီကေန႔ ထုတ္ျပန္တဲ့ ဥပေဒသစ္မွာ ေဖာ္ျပထားပါတယ္။
အခုဥပေဒဟာ ၁၀ ရက္အတြင္း အက်ဳံးဝင္မွာျဖစ္လို႔ ႐ုရွားတႏိုင္ငံလုံးက အက်ဥ္းေထာင္ေတြထဲကို အရန္တပ္သား စုေဆာင္းေရးေတြ ထပ္မံလုပ္ေဆာင္လာေတာ့မယ္လို႔ ႐ုရွားသတင္းေတြက ေဖာ္ျပ ေနပါတယ္။အရန္တပ္သား စုေဆာင္းေရးေတြ ၿပီးဆုံးသြားၿပီလို႔ ေျပာခဲ့ၿပီးျဖစ္တာမို႔ စစ္သား စုေဆာင္းေရးေတြကို အက်ဥ္းေထာင္ေတြမွာ တိုးျမႇင့္လုပ္မဲ့ အေနအထားလို႔လည္း ႐ုရွား သတင္းေတြက ေဖာ္ျပေနပါတယ္။
crd#BNN
Unicode“နှစ်ရှည် အကျဉ်းသားတွေကိုပါ စစ်မှုထမ်းခေါ်ခွင့်ရှိသည့် ဥပဒေကို သမ္မတပူတင်က လက်မှတ်ထိုး ထုတ်ပြန်”
၄/၁၁/၂၀၂၂နိုင်ငံတော်အစိုးရကို ဆန့်ကျင်မှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံနေသူတွေက လွဲရင် ကျန်နှစ်ရှည်အကျဉ်းသား အားလုံးကို စစ်မှုထမ်းခေါ်ခွင့်ပြုတဲ့ ဥပဒေကို ရုရှားသမ္မတ ပူတင်က နိုဝင်ဘာ ၄ ရက်မှာ လက် မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
မူလ ဥပဒေအရ ထောင် ၇ နှစ်နဲ့ အထက်ရှိတဲ့ အကျဉ်းသားတွေကို စစ်မှုထမ်း မခေါ်ဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ အခု ထုတ်ပြန်တဲ့ ဥပဒေသစ်အရ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ မုဒိန်းမူ စတဲ့ ရာဇဝတ်မှုတွေနဲ့ နှစ်ရှည် ထောင်ကျနေသူအားလုံးကို စစ်မှုထမ်းခေါ်ခွင့် ရသွားပြီဖြစ်ပါတယ်။
ပြန်ပေးဆွဲမှုတွေနဲ့ နှစ်ရှည် ထောင်ကျနေသူတွေကိုတော့ ခြွင်းချက်နဲ့ စစ်မှုထမ်းခေါ်ခွင့် ရှိ မရှိ ဆုံးဖြတ်ရမယ်ဆိုပါတယ်။ နိုင်ငံတော်အစိုးရကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးထားသူမှန်သမျှကိုတော့ နှစ်တို နှစ်ရှည် ဘယ်အကျဉ်းသားကိုမှ စစ်မှုထမ်းခေါ်ခွင့် မရှိဘူးလို့ ဒီကနေ့ ထုတ်ပြန်တဲ့ ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။
အခုဥပဒေဟာ ၁၀ ရက်အတွင်း အကျုံးဝင်မှာဖြစ်လို့ ရုရှားတနိုင်ငံလုံးက အကျဉ်းထောင်တွေထဲကို အရန်တပ်သား စုဆောင်းရေးတွေ ထပ်မံလုပ်ဆောင်လာတော့မယ်လို့ ရုရှားသတင်းတွေက ဖော်ပြ နေပါတယ်။အရန်တပ်သား စုဆောင်းရေးတွေ ပြီးဆုံးသွားပြီလို့ ပြောခဲ့ပြီးဖြစ်တာမို့ စစ်သား စုဆောင်းရေးတွေကို အကျဉ်းထောင်တွေမှာ တိုးမြှင့်လုပ်မဲ့ အနေအထားလို့လည်း ရုရှား သတင်းတွေက ဖော်ပြနေပါတယ်။
crd#BNN

Crd