





Rain (For Ialinks)

Unicode

ကြံကြံဖန်ဖန် မြွေဟောက်ကိုမှ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားခဲ့ရာ အကိုက်ခံရပြီး ဆေးရုံပေါ်မှာ အသက်လုနေရသော လူငယ်တစ်ဦး

ခွေးတွေ ကြောင်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားကြသည်က မထူးဆန်းသော်လည်း ကိုယ့်ရဲ့အသက်ကို အန္တရာယ်ပေးနိုင်သည့် တိရစ္ဆာန်များကို မွေးမြူထားခြင်းကတော့ စွန့်စားရဲသည်ဟုဆိုရမည်။

ယခုတွင်လည်း ထိုင်းနိုင်ငံက လူငယ်တစ်ဦးသည်ထူးခြားစွာဖြင့် မြွေဟောက်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားပြီး လိုင်းပေါ်မှာလည်း သူနဲ့မြွေရဲ့ကြားက ရင်းနှီးသောဆက်ဆံရေးကို ဖော်ပြလေ့ရှိသည်။

မြွေဟောက်သည် အလွန်အန္တရာယ်များလှ အိမ်နီးနားချင်းများက စိုးရိမ်ပြီး လူငယ်လေးအား မမွေးထားဖို့ အကြံပေးကြသော်လည်း ဂရုမစိုက်ပဲ တူတူဆော့ကစားခဲ့ရာ ကံဆိုးစွာပဲ သူ့မြွေရဲ့ကိုက်ခြင်းကို ခံလိုက်ရသည်။

လူငယ်လေးသည် မြွေကိုက်ခံရပြီး နာရီဝက်အကြာမှာတော့ ဆေးရုံတွင် အသက်လုနေရကာ အချိန်မှီရောက်လာ၍ အသက်ဘေးကလွတ်မြောက်ခဲ့သော်လည်း သူ့ရဲ့မြွေကိုစိတ်မနာနိုင်သေးပဲ ဖြစ်နေသည်။

Rain (For Ialinks)

Crd