ၿဗိတိသွ်က ႏွစ္ ၁၀၀ ေက်ာ္ကိုလိုနီျပဳခဲ့တဲ့ အိႏၵိယႏြယ္ဖြားတစ္ဦးက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ျဖစ္လာ

ၿဗိတိသွ်က ႏွစ္ ၁၀၀ ေက်ာ္ကိုလိုနီျပဳခဲ့တဲ့ အိႏၵိယႏြယ္ဖြားတစ္ဦးက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ျဖစ္လာ

ၿဗိတိသွ်က ႏွစ္ ၁၀၀ ေက်ာ္ကိုလိုနီျပဳခဲ့တဲ့ အိႏၵိယႏြယ္ဖြားတစ္ဦးက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ျဖစ္လာ

ကြန္ဆာဗဲတစ္ပါတီတြင္က်င္းပျပဳလုပ္ေသာ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ယွဥ္ၿပိဳင္မႈတြင္ အႏိုင္ရရွိခဲ့ၿပီးေနာက္
ရီရွီဆူးနက္ခ္ဟာ ၿဗိတိန္ႏိုင္ငံ၏ ပထမဆုံး လူျဖဴမဟုတ္ေသာဝန္ႀကီးခ်ဳပ္ျဖစ္လာမည္ျဖစ္ပါတယ္။

သန္းေပါင္းမ်ားစြာေသာ လူမ်ား ပိုမိုဆင္းရဲေစမယ့္ စီးပြားေရး မတည္ၿငိမ္မႈႏွင့္ မႀကဳံစဖူး နက္ရႈိင္းစြာ ရွိေနေသာ စည္းလုံးမႈမရွိသည့္ ၿဗိတိန္ႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနတြင္ သူဟာ ဝန္ႀကီးခ်ဳပ္ျဖစ္လာတာျဖစ္ၿပီး ႀကီးမားေသာ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေျဖရွင္းရမည္ျဖစ္ပါတယ္။

အသက္ ၄၂ အ႐ြယ္ရွိတဲ့ ရီရွီဆူနက္ခ္ဟာ ၿဗိတိန္ႏိုင္ငံတြင္ အခ်မ္းသာဆုံးေသာ ႏိုင္ငံေရးသမားျဖစ္ၿပီး ေခတ္သစ္ၿဗိတိန္ႏိုင္ငံ၏ သမိုင္းတြင္ အသက္အငယ္ဆုံးေသာ ဝန္ႀကီးတစ္ေယာက္လည္း ျဖစ္လာမည္ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ၂ လအတြင္း တတိယအႀကိမ္ေျမာက္ ဝန္ႀကီးခ်ဳပ္ျဖစ္လာမယ့္သူလည္းျဖစ္ပါတယ္။

ရီရွီဆူနက္ခ္ကေတာ့ ဝန္ႀကီးခ်ဳပ္အျဖစ္ ၄၄ ရက္သာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ လစ္ဇ္ထရပ္စ္ကို အစားထိုးလာတာျဖစ္ၿပီး ႏွစ္အတန္ၾကာ တည္ၿငိမ္မႈ မရွိခဲ့ေသာ ႏိုင္ငံေရးႏွင့္ စီးပြားေရး ျပႆနာမ်ားကို ေျဖရွင္းရမည္ျဖစ္ပါတယ္။
တနလၤာေန႔တြင္ ရီရွီဆူနက္ခ္က သူ႔ရဲ႕ လႊတ္ေတာ္ မိန႔္ခြန္းထဲတြင္ သူတို႔ဟာ တည္ရွိေနေသာ စိန္ေခၚမႈမ်ားကို ေျဖရွင္းႏိုင္ရန္ စည္းလုံးရမည္ျဖစ္ေၾကာင္း မစည္းလုံးႏိုင္ပါက က်ဆုံးရန္သာရွိေၾကာင္း ေျပာခဲ့ပါတယ္။ သူကေတာ့ ၿဗိတိန္ႏိုင္ငံဟာ “အလြန္ရႈပ္ေထြးေသာ စီးပြားေရးစိန္ေခၚမႈ” နဲ႔ ရင္ဆိုင္ေနရေၾကာင္း ေျပာခဲ့ပါတယ္။

ဆူနက္ခ္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ဒီကေန႔ ေအာက္တိုဘာ ၂၅ ရက္တြင္ ဘုရင္ႀကီးခ်လ္းစ္က ခန႔္အပ္တာဝန္ေပးမည္ျဖစ္ၿပီး သူကေတာ့ ၿဗိတိန္ႏိုင္ငံ၏ အင္အားႀကီးပါတီႀကီးကိုလည္း စည္းလုံးမႈရွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ပါတယ္။ သူဟာ ဒီႏွစ္အေစာပိုင္းကပဲ ေဘာရစ္ဂြၽန္ဆန္ဦးေဆာင္ေသာ အစိုးရတြင္ ဘ႑ာေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ရာကေန အနားယူခဲ့ေသာေၾကာင့္ တစ္ခ်ိဳ႕ကေတာ့ သူ႔ကို သစၥာေဖာက္အျဖစ္ စြပ္စြဲေနၾကပါတယ္။ တစ္ခ်ိဳ႕ေသာ ကြန္ဆာဗဲတစ္ပါတီဝင္မ်ားကလည္း ဆူနက္ခ္ဟာ လက္ရွိၿဗိတိန္ႏိုင္ငံ ေန႔စဥ္ ရင္ဆိုင္ေနရေသာ စီးပြားေရးဖိအားကို နားလည္ရန္ အလြန္ခ်မ္းသာေသာသူျဖစ္ေၾကာင္း ေဝဖန္ေနေၾကတယ္။

ရီရွီဆူနက္ခ္ဟာ ေအာက္စဖို႔ေက်ာင္းထြက္၊ စတန္းဖို႔တကၠသိုလ္ကေန MBA ဘြဲ႕ရသူျဖစ္ၿပီး ၂၀၁၄ ခုႏွစ္တြင္ ၎အသက္ ၃၄ ႏွစ္တြင္ အမတ္ျဖစ္လာခဲ့ပါတယ္။ ၎အမ်ိဳးသမီးဟာ ဘီလ်ံနာသူေဌးသမီးျဖစ္ၿပီး အေမရိကန္မွာေက်ာင္းတက္စဥ္ေတြ႕ဆုံခ်စ္ကြၽမ္းဝင္ၿပီးလက္ထက္ခဲ့ၾကပါတယ္။ ၎တို႔ဟာ ဟိႏၵဴဘာသာဝင္ျဖစ္ၿပီး ဘာသာေရးကိုင္းရႈိင္းတယ္လို႔ သိရတယ္။
crd

Unicode
ဗြိတိသျှက နှစ် ၁၀၀ ကျော်ကိုလိုနီပြုခဲ့တဲ့ အိန္ဒိယနွယ်ဖွားတစ်ဦးက ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာ

ကွန်ဆာဗဲတစ်ပါတီတွင်ကျင်းပပြုလုပ်သော ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်မှုတွင် အနိုင်ရရှိခဲ့ပြီးနောက်
ရီရှီဆူးနက်ခ်ဟာ ဗြိတိန်နိုင်ငံ၏ ပထမဆုံး လူဖြူမဟုတ်သောဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ပါတယ်။

သန်းပေါင်းများစွာသော လူများ ပိုမိုဆင်းရဲစေမယ့် စီးပွားရေး မတည်ငြိမ်မှုနှင့် မကြုံစဖူး နက်ရှိုင်းစွာ ရှိနေသော စည်းလုံးမှုမရှိသည့် ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးအခြေအနေတွင် သူဟာ ဝန်ကြီးချုပ်ဖြစ်လာတာဖြစ်ပြီး ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပါတယ်။

အသက် ၄၂ အရွယ်ရှိတဲ့ ရီရှီဆူနက်ခ်ဟာ ဗြိတိန်နိုင်ငံတွင် အချမ်းသာဆုံးသော နိုင်ငံရေးသမားဖြစ်ပြီး ခေတ်သစ်ဗြိတိန်နိုင်ငံ၏ သမိုင်းတွင် အသက်အငယ်ဆုံးသော ဝန်ကြီးတစ်ယောက်လည်း ဖြစ်လာမည်ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ လအတွင်း တတိယအကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်လာမယ့်သူလည်းဖြစ်ပါတယ်။

ရီရှီဆူနက်ခ်ကတော့ ဝန်ကြီးချုပ်အဖြစ် ၄၄ ရက်သာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လစ်ဇ်ထရပ်စ်ကို အစားထိုးလာတာဖြစ်ပြီး နှစ်အတန်ကြာ တည်ငြိမ်မှု မရှိခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများကို ဖြေရှင်းရမည်ဖြစ်ပါတယ်။
တနင်္လာနေ့တွင် ရီရှီဆူနက်ခ်က သူ့ရဲ့ လွှတ်တော် မိန့်ခွန်းထဲတွင် သူတို့ဟာ တည်ရှိနေသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် စည်းလုံးရမည်ဖြစ်ကြောင်း မစည်းလုံးနိုင်ပါက ကျဆုံးရန်သာရှိကြောင်း ပြောခဲ့ပါတယ်။ သူကတော့ ဗြိတိန်နိုင်ငံဟာ “အလွန်ရှုပ်ထွေးသော စီးပွားရေးစိန်ခေါ်မှု” နဲ့ ရင်ဆိုင်နေရကြောင်း ပြောခဲ့ပါတယ်။

ဆူနက်ခ်ကို ဝန်ကြီးချုပ်အဖြစ် ဒီကနေ့ အောက်တိုဘာ ၂၅ ရက်တွင် ဘုရင်ကြီးချလ်းစ်က ခန့်အပ်တာဝန်ပေးမည်ဖြစ်ပြီး သူကတော့ ဗြိတိန်နိုင်ငံ၏ အင်အားကြီးပါတီကြီးကိုလည်း စည်းလုံးမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ သူဟာ ဒီနှစ်အစောပိုင်းကပဲ ဘောရစ်ဂျွန်ဆန်ဦးဆောင်သော အစိုးရတွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာကနေ အနားယူခဲ့သောကြောင့် တစ်ချို့ကတော့ သူ့ကို သစ္စာဖောက်အဖြစ် စွပ်စွဲနေကြပါတယ်။ တစ်ချို့သော ကွန်ဆာဗဲတစ်ပါတီဝင်များကလည်း ဆူနက်ခ်ဟာ လက်ရှိဗြိတိန်နိုင်ငံ နေ့စဉ် ရင်ဆိုင်နေရသော စီးပွားရေးဖိအားကို နားလည်ရန် အလွန်ချမ်းသာသောသူဖြစ်ကြောင်း ဝေဖန်နေကြေတယ်။

ရီရှီဆူနက်ခ်ဟာ အောက်စဖို့ကျောင်းထွက်၊ စတန်းဖို့တက္ကသိုလ်ကနေ MBA ဘွဲ့ရသူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ၎င်းအသက် ၃၄ နှစ်တွင် အမတ်ဖြစ်လာခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာ ဘီလျံနာသူဌေးသမီးဖြစ်ပြီး အမေရိကန်မှာကျောင်းတက်စဉ်တွေ့ဆုံချစ်ကျွမ်းဝင်ပြီးလက်ထက်ခဲ့ကြပါတယ်။ ၎င်းတို့ဟာ ဟိန္ဒူဘာသာဝင်ဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းတယ်လို့ သိရတယ်။
crd

Crd