ကြင်ဖော်မဲ့ဖြစ်နေသောမိခင်ကို ဘေးအိမ်ကဦးလေးတစ်ယောက်နဲ့ အောင်သွယ်လုပ်ပေးခဲ့သော သားလိမ္မာလေး

ကြင်ဖော်မဲ့ဖြစ်နေသောမိခင်ကို ဘေးအိမ်ကဦးလေးတစ်ယောက်နဲ့ အောင်သွယ်လုပ်ပေးခဲ့သော သားလိမ္မာလေး

အချို့ကလေးငယ်များသည် လူကြီးတစ်ယောက်လို ရင့်ကျက်ကာ မိဘတွေစိတ်ချမ်းသာဖို့နဲ့ မိသားစုအရေးကိုသာ ဦးစားပေးပြီး ပျော်ရွှင်စရာလေးတွေသာ ယူဆောင်လာပေးတတ်ကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Tien Giangပြည်နယ် ကိုင်လေမြို့ရှိ အသက်၆နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိဘနှစ်ပါးကွာရှင်းပြီး မိခင်နဲ့လိုက်နေခဲ့ရာ အရွယ်ကောင်းပြီး လှပနေဆဲဖြစ်သော မိခင်ဖြစ်သူကို တစ်ယောက်တည်းဖြတ်သန်းမည့်အစား လက်တွဲဖော်အသစ်ကို ရှာပေးခဲ့သည်။

ကောင်လေးသည် ဘေးအိမ်က အသက်၃၀နှစ်အရွယ် လူပျိုကြီးဦးလေးတစ်ယောက်ကို ကြင်ဖော်မဲ့ဖြစ်နေတာကြာပြီဖြစ်သော မိခင်နဲ့ ရင်းနှီးစွာ မိတ်ဆက်ပေးခဲ့ပြီး ထိုဦးလေးကြီးကလည်း မိခင်ကိုသဘောကျနေ၍ အောင်သွယ်လုပ်ပေးခဲ့သည်။

သားလေးရဲ့အလိုက်သိမှုကြောင့် မိခင်ဖြစ်သူသည် ကံကောင်းစွာပဲ သဘောကောင်းပြီး သူတို့သားအမိနှစ်ယောက်အပေါ် စာနာထောက်ထားပြီး နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာပေးသူနဲ့ ဆုံတွေ့ခွင့်ရခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd

Crd