TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■၄၉ရက်တိုင်တိုင်တဲအိမ်တစ်လုံးတည်းဖြင့် ပင်လယ်ထဲမှာကုန်ဆုံးခဲ့ရသူ

ဒီလိုယုံနိုင်စရာမကောင်းတဲ့ အကြောင်းအရာဟာ ဟောလိဝုဒ်ဇာတ်ကားမဖြစ်သေးလို့ ကျွန်မတို့က အံ့သြနေတာပါ။ အာလ်ဒီအက်လန်စ်ဆိုတဲ့လူဟာ ပင်လယ်ထဲမှာ ၄၉ ရက်တိုင်တိုင် ကုန်ဆုံးခဲ့ပါတယ်။ သူဟာ ပင်လယ်ဝမှာ အတည်တကျ စားစရာ သောက်စရာတွေမပါပဲ တဲအိမ်လေးနှင့်အတူ မျောနေတာပါ။ ဒါပေမယ့်လည်း ပင်လယ် အလယ်မှာ ဘယ်လိုလုပ်ပြီးတဲအိမ်ကရောက်နေတာလဲ။ သေချာတာကတော့ ဒီလူငယ်ဟာ စွန့်စားခန်းရုပ်ရှင်တွေကိုအကြည့်များပြီး သူကိုယ်တိုင် စွန့်စားခန်းတစ်ခုဖန်တီးမယ်လို့ဆုံးဖြတ်ခဲ့ပုံရပါတယ်။

စိတ်မကောင်းစွာဖြင့် တကယ့်အကြောင်းပြချက်ကတော့ အရမ်းလှုံ့ဆော်အားပေးမှုမကောင်းခဲ့ပါဘူး။ အာလ်ဒီအက်ဒလင်းဟာ ငါးဖမ်းတဲထဲမှာ နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူဟာ အလင်းရောင်နှင့် ပိုက်ကွန်တွေကို ကြည့်ပြီးလုပ်ခဲ့တာပါ။ တစ်ပတ်တစ်ခါ ငါးဖမ်းကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဟာ လာရောက်ခဲ့ပြီး ဖမ်းမိရသမျှ ငါးတွေယူသွားကာ အစာရေစာနှင့်မီးသွေးတွေ ချန်ထားခဲ့တတ်ပါတယ်။ ဒါပေမယ့် တစ်ခါမှာတော့ အလွန်ပြင်းထန်တဲ့လေမုန်တိုင်းတိုက်ခတ်ခဲ့ပြီး တဲကို ပင်လယ်ရေနက်ပိုင်းထဲသို့ဆွဲခေါ်သွားခဲ့ကာ ဒါပေမယ့် သိထားရမှာကတော့ သူရောက်နေတဲ့နေရာဟာ ကုန်းမြေနဲ့ဆိုရင် ၁၂၀ ကီလိုမီတာပဲဝေးပါတယ်။ တဲထဲမှာ အစာရေစာနည်းပါးသွားတဲ့အတွက် အစာရေစာ ဟာ မြန်မြန်ပြတ်လပ်သွားခဲ့တာပါ။

ဒီအချိန်ကစလို့သူဟာ အသက်ရှင်ဖို့အတွက် ဦးနောက်ကို အသုံးပြုခဲ့ရပါတယ်။ သူဟာ တဲကနေ ငါးဘယ်လိုဖမ်းရမလဲဆိုတာကို သင်ယူခဲ့ပြီး တဲအိမ်ရဲ့အပိုင်းအစတွေကို မီးရှို့ကာ အေးခဲနေတဲ့သမုဒ္ဒရာထဲမှာ နွေးထွေးအောင်လုပ်ဖို့ သင်ယူခဲ့ရပါတယ်။ သူဟာမိုးရေခံပြီး ဆားငန်ရေကို အင်္ကျီဖြင့်စစ်ကာ သောက်လို့ရအောင်ဖန်တီးခဲ့ရပါသေးတယ်။ အာလ်ဒီကတော့ တစ်ခါတလေမှာတော့ သူဟာ မျှော်လင့်ချက်ကင်းမဲ့ခဲ့တယ်လို့ဆိုကာ။ ဒါဟာ အံ့သြစရာတော့မရှိပါဘူး။ ပင်လယ်ဝမှာ ၆ ပတ်ခန့် မျောနေတဲ့အချိန်မှာ သင်္ဘောပေါင်း ၁၀ စင်းအထက်လောက်က ဘေးကဖြတ်သွားကြပါတယ်။

ဒါပေမယ့်လည်း တစ်စီးတစ်လေကမှ အထီးကျန်တဲအိုလေးကို သတိမထားမိခဲ့ကြပါဘူး။ ၄၉ ရက်ကြာပြီးနောက်ဆုံးမှာတော့ ပနားမားအလံလွှင့်ထားတဲ့သင်္ဘောဟာ ဂွမ်ကျွန်းကိုဖြတ်နေတုန်း သနားစရာကောင်းတဲ့သူကို ကူညီခဲ့ပါတော့တယ်။ အဲ့အချိန် ဆော်လ်အိုအက်စ်အီး နဲ့ ၂၀၀၀ ကီလိုမီတာ အဝေးလောက်မှာ ရှိနေတာပါ။ သူနေတဲ့ကျွန်းဖြစ်ပါတယ်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် သူပြန်ရောက်တဲ့အချိန်မှာ သူဟာ ကျန်းမာနေပါပြီ။
ဒါပေမယ့်လည်း သူဟာ ငါးဖမ်းတဲထဲမှာ ဆက်လုပ်နေသေးလားဆိုတာတော့ မသိခဲ့ရပါဘူး။
Ref:youtube
Trans:thegeektext