၂၆ နှစ်ကြာ နေ့တိုင်း ရိတ်ပြီး နေလာခဲ့ပြီးနောက်မှာ သူမရဲ့မုတ်ဆိတ်မွေးတွေကို ထပ်မရိတ်တော့ဘဲ လွတ်လပ်စွာ ကြီးထွားလာစေခဲ့တဲ့ အမျိုးသမီးတစ်ဦး

News Social News

သူမရဲ့သူမတူတဲ့လက္ခဏကို ဆယ်စုနှစ်များစွာ ပုန်းအောင်းထားလာခဲ့ရပြီးနောက် Rose Geil အမည်ရှိ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့မုတ်ဆိတ်မွေးများကို လွတ်လပ်စွာ ကြီးထွားလာစေပါတော့တယ်။ Portland နိုင်ငံမှ Geil ဟာ အပျိုဖော်ဝင်စအချိန်၌ သူမရဲ့မျက်နှာပေါ်တွင် ပိုလျှံနေတဲ့ဆံပင်များကို ပထမဆုံးမြင်တွေ့ခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ Geil ဟာ ဖုံးကွယ်ဖို့အတွက် နေ့တိုင်း မုတ်ဆိတ်ရိတ်ရပါတော့တယ်။ သူမနှင့်သူမရဲ့မိဘများက ၎င်းကြမ်းတမ်းတဲ့အမွေးအမျှင်မပေါက်စေရန်အတွက် အရာအားလုံးကိုကြိုးစားခဲ့ကြပါတယ်။ လေဆာကုထုံးနှင့် ဆေးဝါးများအပါအဝင် ကုသမှုအမျိုးမျိုးကို ဆရာဝန်များက အကြံပြုခဲ့ပေမဲ့လည်း အလုပ်မဖြစ်ခဲ့ပါဘူး။

” ဆရာဝန်တွေက စမ်းသပ်မှုအနည်းငယ်လုပ်ခဲ့ပြီး ဆေးဝါးတွေက အထောက်အကူဖြစ်နိုင်တယ်လို့ ကောက်ချက်ချလာတာကြောင့် ကျွန်မရဲ့မုတ်ဆိတ်မွေးကြီးထွားမှုကို ဆေးဝါးတွေနဲ့ ထိန်းဖို့ တစ်နှစ်လောက်ကြိုးစားခဲ့ပေမယ့် တကယ်ထိရောက်မှုမရှိခဲ့ဘူး” လို့ Geil က အစီအစဉ်တစ်ခုမှာ ရှင်းပြခဲ့ပါတယ်။ နောက်ဆုံးမှာ သူမဟာ polycystic ovary syndrome သို့မဟုတ် PCOS၊ ဟော်မုန်းဆိုင်ရာချို့ယွင်းမှုရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ၎င်းက သူမရဲ့ဘဝကြီးပြင်းလာရတာ ခက်ခဲစေပြီး “ကျွန်မရဲ့လူမှုရေးဘဝကို အများစုထိခိုက်စေပါတယ်၊ ကျွန်မရဲ့ကိုယ်ရည်ကိုယ်သွေး အပြည့်ရှိနေတယ်လို့ မခံစားရဘဲ၊ လှောင်ပြောင်မှုတွေကို ရင်ဆိုင်ရမယ့်အစား ပုန်းကွယ်နေစေခဲ့တယ်” လို့ သူမက ဆိုပါတယ်။

ဒါပေမဲ့ Geil ဟာ သူမရဲ့မုတ်ဆိတ်မွေးများအား ၂၆ နှစ်ကြာ နေ့တိုင်း ရိတ်လာခဲ့ပြီးနောက်မှာတော့ သူမရဲ့အမွေးတွေကို ထပ်မရိတ်တော့ဘဲ လွတ်လပ်စွာ ကြီးထွားလာစေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ Geil ဟာ ၎င်းဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး “ ဆိုရှယ်မီဒီယာသာမရှိရင် ကျွန်မ အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး ၊ အွန်လိုင်းသူငယ်ချင်းတွေရဲ့ပံ့ပိုးမှုက ကျွန်မရဲ့အကူးအပြောင်းကို ခံနိုင်ရည်ရှိစေခဲ့တယ် “ လို့လည်း ဆိုထားပါတယ်။

နောက်ပိုင်းမှာ သူမဟာ အမျိုးသားများရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိလာခဲ့ပေမဲ့ “ကမ္ဘာပေါ်မှာ အရာခပ်သိမ်းကို စွဲဆောင်နေတဲ့ လူတွေ အမျိုးမျိုးရှိတယ်လေ ၊ ဒါကြောင့် လူအများဆီကနေ ပိုမိုအာရုံစိုက်ခံလာရတဲ့အခါ အရမ်းမအံ့သဩတော့ပါဘူး ” လို့လည်း ဖြေကြားခဲ့ပါတယ်။

သူမရဲ့ မုတ်ဆိတ်မွေးတွေကို ဂရုတစိုက် ဖုံးကွယ်ထားခဲ့ရတဲ့ ၂၆ နှစ်ကို ပြန်တွေးကြည့်ရင် Geil ဟာ နောင်တရစရာတွေရှိပေမယ့် အခုဆို စိတ်လွတ်သွားလို့ ပျော်ရွှင်စိတ်ချမ်းသာနေပြီဖြစ်သလို သူမရဲ့ဘဝကို လွတ်လပ်စွာ ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

JRose (KB Chimmy one)

Reference : people

Crd