၂၀၂၁ ခုနှစ်ထဲတွင် Su-57 ၅ စီးထိ တပ်တော်ဝင်ဖို့မျှော်မှန်းထားတဲ့ရုရှား
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယခုနှစ်အကုန်ပိုင်းလောက်မှာ Su-57 (၅)စီး တပ်တော်ဝင်နိုင်လိမ့်မယ်လို့ဆိုပါတယ်။ Komsomolsk-on-Amur လေယာဉ်ထုတ်လုပ်ရေးစက်ရုံဟာ Su-57 ဘက်စုံသုံးတိုက် လေယာဉ် (၅)စီးကို ဒီနှစ်ထဲမှာ ရုရှားစစ်တပ်ထံလွှဲပြောင်းပေးအပ်သွားမယ်လို့ Khabar ovsk မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ပထမဦးဆုံး Su-57 တစ်စီး ကတော့ တောင်ပိုင်းစစ်ဒေသခရိုင်ရဲ့လေတပ် တပ်ရင်းကြီးတစ်ခုမှာ တပ်တော် ဝင်ခဲ့ပြီးပါပြီ။

Su-57 ကို UAC အောက်မှာရှိတဲ့ဆူခွိုင်းကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ တာဖြစ်ပြီး Komsomolsk-on-Amur Aviation Plant (KnAAZ) စက်ရုံမှာ လက်ရှိထုတ်လုပ်နေပါတယ်။ပဉ္စမမျိုးဆက်ဘက်စုံသုံးတိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေကြောင်းပစ်မှတ်အမျိုးအမျိုးကို တာဝေး၊တာနီး လေကြောင်း စစ်ဆင်ရေးတွေဆင်နွှဲနိုင်ပါတယ်။မြေပြင်၊ရေပြင်ပစ်မှတ်မျိုးစုံကို တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်းရှိကာ ရန်သူ့လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်များ ကို ရှောင်ကွင်းကျော်လွှား တန်ပြန်ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။

ပထမဦးဆုံး ပျံသန်းမှုကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာပြုလုပ်နိုင်ခဲ့ပါတယ်။ အစပိုင်းကတော့ ၂၀၁၉ ခုနှစ်ကုန်မှာ ရုရှားစစ်တပ်ကိုလွှဲပြောင်းပေးဖို့ ရည်ရွယ် ခဲ့ပေမယ့် စမ်းသပ်ပျံသန်းမှုနောက်ဆုံးအခေါက်မှာ ပျက်ကျခဲ့ရပါတယ်။ ရုရှား နိုင်ငံဟာ ၂၀၂၈ ခုနှစ်မှာ Su-57 တိုက်လေယာဉ် ၇၆ စီးအထိ ပိုင်ဆိုင်သွားဖို့ မျှော်မှန်းထားပါတယ်။
Russian Military to Receive Five Su-57 Jets this Year အားဘာသာပြန်ဆို ထားခြင်းဖြစ်ပါသည်။

သက်ထူးခန့်ပိုင် ရေနံချောင်း မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi