TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■၂၀၁၆မှာ ခြိမ်းခြောက်တာခံရပြီးနောက် လုံခြုံရေးရဲ့အဖွဲ့အင်အားကိုထပ်ဖြည့်ခဲ့တဲ့ Conor McGregor
အကယ်၍ Floyd Mayweather ကသာ ယနေ့ခေတ်မှာ အကျော်ကြားဆုံးလက်ဝှေ့ထိုးသတ်သမားတစ်ယောက်မဟုတ်ရင် featherweight ဘုရင်လို့ နာမည်ကြီးတဲ့ Ireland လူမျိုူး Conor McGregor (ကော်နာ မက်ဂ် ဂရီဂေါ) က နေရာယူထားနိုင်စရာရှိပါတယ်။ ၂၀၁၆မှာ ခြိမ်းခြောက်တာ ခံရပြီးနောက်မှာ သူလုံခြုံရေးရဲ့အဖွဲ့အင်အား ကို “Round the clock” လုံခြုံရေးကုမ္ပဏီရဲ့ အစီအစဉ်နဲ့ အချိန်ဇယားလုပ်ပြီး ထပ်ဖြည့်ခဲ့ရပါတယ်။
Corner ဟာ(ကော်နာ) ၂၀၁၇ သြဂုတ်လမှာ Mayweather (မေဝဲသာ) ကို ထိုးသတ်ခဲ့တဲ့အတွက် ဒေါ်လာသန်းတစ်ရာ ရခဲ့ပါတယ်။ သူ့ရဲ့ လုံခြုံရေးအတွက် အသုံးပြုစရာ ပိုက်ဆံတွေ အများကြီးရသွားခဲ့ပြီး အဲ့ပိုက်ဆံတွေတော်တော်များများကို Rocky ရုပ်ရှင်ထဲမှာပါတဲ့ characterတွေကိုအစွဲပြုပြီး သူခေါ်တဲ့ Rocky (ရော့ကီး) နဲ့ Drago(ဒရာဂို) ဆိုတဲ့ ယုံကြည်ရတဲ့ bodyguard နှစ်ယောက်ကိုငှါးဖို့ပဲသုံးခဲ့ပါတယ်။
Cornor က ဒဒ်ပလင်မှာကျင်းပတဲ့ Vip- style ဆုပေးပွဲကိုတက်ခဲ့တုန်းက ပွဲခဏနားချိန်အိမ်သာကို အမြန်သွားလိုက်တဲ့ အချိန်မှာတောင် သူ့ရဲ့ သ က်တော်စောင့်တစ်ယောက်က အိမ်သာရှေ့မှာစောင့်နေပြီးသားတောင်ဖြစ်နေတာပါ။ ဒီလောက် နှုတ်ဆက်စရာအသိမိတ်ဆွေတွေပြည့်နေတဲ့ပွဲမှာ သူ့သက်တော်စောင့်တွေက သူ့ကို မျက်စိအောက်ကနေ တစ်မိနစ်တောင်အပျောက်မခံပါဘူး။
ဓာတ်ပုံရိုက်ချင်တဲ့ဘယ်သူမဆို သူတို့ကိုအရင်တွေ့ရပါတယ်။ ဒါဆိုသူတို့မှာ လက်နက်တွေရောရှိပါလား။ အဖြေကတော့ တစ်ခါတစ်လေရှိတတ်ပါတယ်။ USA မှာဆိုရင် ပြည်တွင်း ဥပဒေအရ ဘယ်သူတွေက လက်နက်ကိုင်ဆောင်ခွင့်ရပြီး ဘယ်နေရာမှာကိုင်ဆောင်နိုင်တယ်ဆိုတာမျိုးက သတ်မှတ်ထားပြီးသားပါ။ အမည်မဖော်လိုတဲ့ သက်တော်စောင့်တစ်ယောက်ပြောဖူးတာကတော့ လူမျိုးပေါင်းစုံရှိနေတဲ့နေရာမှာဆိုရင်တော့ လက်နက်ဆိုတာ ပ္စည်းကိရိယာတွေထည့်တဲ့ဘူးထဲက ကိရိယာလေးတစ်ခုပါပဲ လို့ပြောခဲ့ပါတယ်။
”ကျွန်တော်နဲ့ နေ့နေ့ညည အမြဲဆောင်ထားတာကတော့ သယ်ရလွယ်တဲ့ဆေးသေတ္တာလေးပါ။ အထူးသဖြင့်တော့ စကားပြောနေတုန်းအချိန်ပေါ့ ကျွန်တော်တို့ကိုငှါးထားတဲ့သူက စင်အနောက်မှာ ဝိုင်ယာကြိုးကို ခလုတ်တိုက်ပြီး ခြေချင်းဝတ်လည်တာမျိုးတွေဖြစ်တာကအစ စနိုက်ပါ သေနတ်သမားတွေရန်က ကာကွယ်တာအဆုံးပေါ့။”လို့ပြောခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext