■၂တန်အလေးချိန်ရှိတဲ့ကားကို ဆွဲနေခဲ့တဲ့ ခွန်အားကြီးသူ ယန်ကျင်လောင်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ချွေးတောင်မထွက်ပဲပေါင် ၂၂၀ ရှိတဲ့ ဘိလပ်မြေအိတ်ကို သယ်နိုင်တဲ့ ခွန်အားကြီးသူ ယန်ကျင်လောင်

တရုတ်ပြည်က ရွာတစ်ရွာမှာနေထိုင်တဲ့ ခုနှစ်သားအရွယ်ကောင်လေးဟာကတော့ နာမည်ကြီးခဲ့ပါတယ်။ ပိုင့်အရွယ်သာရှိတဲ့ကောင်လေးက ၂တန်အလေးချိန်ရှိတဲ့ကားကို ဆွဲနေခဲ့တာပါ။ကောင်လေးဟာ ပေါင်ချိန် ၁၁၀ ပဲရှိပေမယ့် သူဟာ သိသိသာသာကိုကြီးထွားလာတာပါ။

သူဟာ ဘယ်လောက်တောင်မှ သန်မာလည်းဆိုတာကိုသိဖို့အတွက် ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုကိုယ်တိုင်ပြုလုပ်ခဲ့ပါတယ်။ ဒီကလေးကတော့ မွေးကတည်းက သန်မာတာပါ။ သူက သူ့ရဲ့စွမ်းအားတွေကို ကားတွေရွေ့ပြတာထက်ပိုတဲ့ နေရာမှ အသုံးချခဲ့ပါတယ်။

တကယ်လို့ပရိသတ်ကြီးက ဘိလပ်မြေအိတ်တွေကို ထရပ်ကားပေါ်သယ်ဖို့အခက်အခဲရှိနေရင် ယန်ကျင်လောင် ဆိုတဲ့ကောင်လေးက သူ့ရဲ့ကျောပေါ်မှာပေါင်ချိန် ၂၂၀ ရှိတဲ့ ဘိလပ်မြေအိတ်တွေကို သယ်ပြီးကူညီပေးပါလိမ့်မယ်။ ပြီးရင်ပရိသတ်ကြီးလိုချင်တဲ့နေရာမှန်သမျှကိုလဲပို့ပေးအုံးမှာပါ။

ဒါပေမယ့်လည်းပရိသတ်ကြီးကသူ့ကိုအလုပ်ခန့်လို့မရပါဘူး။ သူကကလေးပဲရှိသေးလို့ပါ။ ဒါပေမယ့်လည်း ချွေးတောင်မထွက်ပဲပေါင် ၂၂၀ ရှိတဲ့ ဘိလပ်မြေအိတ်ကို သယ်နိုင်ပုံထောက်ရင်တော့ ကလေးငယ် ယန်ရဲ့ ခွန်အားဟာ တော်တော်ကိုအံ့အားသင့်စရာပါပဲ။

ယန်ရဲ့ ခွန်အားနှင့်ပတ်သက်ပြီး တော့ လေးစားဖို့ကောင်းတဲ့အခိုက်အတန့်တစ်ခုကတော့ သူဟာ ၁၉၈ ပေါင်ရှိတဲ့ အဖေကို အိမ်ပတ်ပတ်လည်မပြီး ရွေ့ပြခဲ့တာပဲဖြစ်ပါတယ်။ သေချာတာကတော့ သူဟာသူငယ်ချင်းတွေနှင့် လွန်ဆွဲပြိုင်ရင် နိုင်မှာသေချာပါတယ်။
ref:youtube
trans:thegeektext

zawgyi







ref:youtube
trans:thegeektext