TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■၁၉၉၀ပြည့်နှစ်တစ်လျှောက်လုံးtomahawkရာပေါင်းများစွာကို အသုံးပြုခဲ့

ပျံတက်သွားတဲ့အခါ အမြင့်ကိုရောက်ဖို့အတွက် ဒုံးကျည်ရဲ့ အတောင်ပံတွေ ဖြန့်ထွက်လာပြီး အဲစကု လည်း ပေါ်လာပြီးတော့ ပျံသန်းမှုအတွက် တာဘိုဖန် အင်ဂျင်ကို အသုံးပြုပါတယ်။ ရေထဲမှာဆိုရင် tomahawk က ကြိုတင်ချိန်ကိုက်ပြီးသား လမ်းကြောင်းတစ်ခုကို လိုက်ဖို့ရာအတွက် အီနာရှယ် ဂိုက်ဒန့် ဒါမှမဟူတ် GPS ကို အသုံးပြုတာပါ။

မြေပြင်မှာတော့ ဒုံးကျည်ရဲ့ ဂိုက်ဒန့်စစ်စတမ်ကို မြေပြင် ကောက်ကြောင်း တွဲဖက်ပေးတဲ့ turcom(တာကွန်း) မှ ကူညီပေးတာဖြစ်ပြီး တာမီနယ် ဂိုက်ဒန့် စစ်စတမ်ကိုတော့ ဒစ်ဂျစ်တယ် ဆီး မက်ချီး ဧရိယာ ကိုရက်လေးရှင်း dsm-ac system ဒါမှမဟုတ် GPS က ထောက်ပံ့ပေးထားပြီး circular error probability (ဆာကူလာ အဲရာ ပရောပါဘဲလက်တီ) ၁၀ မီတာကို ထုတ်လုပ်ပေးတာပါ။

tomahawk လက်နက်စနစ်မှာ ဒုံးကျည် ၊ သီရေတာ မစ်ရှင် ပလန်းနီး စင်တာ TMPC ၊ ဖလုတ် ပလန်းနီး စစ်စတမ် နဲ့ surface ship တွေမှာ Tomahawk လက်နက်ထိန်းချုပ်ရေးစနစ် ဒါမှမဟုတ် ရေငုပ်သဘ်ောတွေမှာတော့ တိုက်ပွဲထိန်းချုပ်ရေးစနစ် စတာတွေ ပါဝင်ပါတယ်။ tomahawk ရဲ့ ပွဲဦးထွက် တိုက်ပွဲဟာ ၁၉၉၁ ပါရှန်း ပင်လယ်ကွေ့စစ်ပွဲ အတွင်းဖြစ်ပါတယ်။ဇန်နဝါရီလ ၁၇ ရက်နေ့မှာ USS Paul S foster(ပေါလ် အက်ဖ် ဖိုစတာ) ဟာ ပထမဆုံး Tomahawk ဒုံးကျည် ကို ပစ်လွှတ်ခဲ့ပြီး တခြားသင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေက နောက်ထပ် ဒုံးကျည် အစင်း ၃၀၀ နီးပါးကို တိုက်ပွဲအတွင်းနေ့တိုင်း ပစ်ခတ်ခဲ့ပါတယ်ရှင်။

ဒီလက်နက်အသစ်ဟာ စစ်ပွဲကို မြန်မြန်အပြီးသတ်စေခဲ့တဲ့ အရေးပါတဲ့လက်နက်ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တာပါ။အဲဒီနောက် ဒုံးကျည်ထုတ်လုပ်မှုက မြင့်တက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တစ်လျှောက်လုံး tomahawk ရာပေါင်းများစွာကို အသုံးပြုခဲ့ပါတယ်။ဆက်ဒန် ဟူစိန်က အမေရိကန်နိုင်ငံရဲ့ ဥပဒေကြောင်းအရ စစ်ဆေးမှုကို ငြင်းဆိုပြီးတဲ့နောက် ၁၉၉၈ ဒီဇင်ဘာ ၁၆ ရက်နေ့ desert fox (ဒဇတ် ဖောက်) စစ်ဆင်ရေးမှာ အီရတ်ပစ်မှတ်တွေကို ဒုံးကျည် ၄၁၅ စင်းနဲ့ ပစ်ခတ်ခဲ့တာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext