TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■၁၉၇၀ ပြည့်နှစ်တွေမှာစတင်ထုတ်လုပ်ခဲ့တဲ့ tomahawk missile

မူလဒီဇိုင်းပေါ်မှာပဲ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး ရေသီယွန်မှ ပိုတိကျပြီး ပိုအားကောင်းတဲ့ ဒုံးကျည်တွေကို ထုတ်လုပ်နေပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေမှာ ဂျင်နရယ် ဒိုင်းနမစ်ဟာ ကုန်းပေါ်ရှိ ပလက်ဖောင်းတွေကနေ ပစ်လွှတ်နိုင်ပြီး တာလတ်မှ တာဝေးအထိ အမြင့်ပေ နိမ့်နိမ့်မှ ပျံသန်းပစ်ခတ်နိုင်တဲ့ tomahawk missile တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

ဒုံးကျည်ရဲ့ သီးခြားအစိတ်အပိုင်းတစ်ခုဆီတပ်ဆင်နိုင်တဲ့ ဒီဇိုင်းကြောင့် ထိပ်ဖူးအမျိုးမျိုး ၊အကွာအဝေး အမျိုးမျိုး တို့နဲ့ အသုံးပြုနိုင်ပါတယ်ရှင်။အဲ့ဒီအချိန်ကစပြီး အနည်းဆုံး မူကွဲခြောက်မျိုးနဲ့။ ပြုပြင်မွမ်းမံထားတဲ့ ဗားရှင်းအမျိုးမျိုးကို မိတ်ဆတ်ခဲ့ပြီးပါပြီ။အဲ့ဒီအထဲမှာ လေကြောင်း၊ ရေပြင်၊မြေပြင် ဒုံးလွှတ်စင်တွေမှာ တပ်ဆင်နိုင်တဲ့မူကွဲတွေနဲ့ သမားရိုးကျကျည်ထိပ်ဖူး၊ နျူကလီးယား ကျည်ထပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေပါဝင်ပါတယ်။

၂၀၁၉ ကစပြီး ရေသီယွန်မှ ထုတ်လုပ်တဲ့ non-nuclear sea launch variant (နန်း နျူကလီးယား ဆီး လန့်ခ်ျ ဗေးရီးယန့်) တွေကိုသာ လက်ရှိမှာ အသုံးပြုလျက်ရှိပါတယ်။အမေရိကန်ေရတပ်ဟာ bgm 109 tomahawk ပရောဂျက်ကို ပြုလုပ်ခဲ့ပြီး လော်ရယ်မေရီလန်းအနီးမှ လက်တွေ့အသုံးချရူပဗေဒဓာတ်ခွဲခန်းအတွက် James H Walker(ဂျိမ်း အိတ် ဝေါကာ) နဲ့ သိပ္ပံပညာရှင်တစ်ဖွဲ့ကို ငှားရမ်းခဲ့တာပါ။

အဲ့ဒီအချိန်ကစလို့ တိကျစွာမောင်းနှင်နိုင်ဖို့ကာအတွက် လမ်းညွှန်စနစ်တွေကို အကြိမ်ကြိမ် အဆင့်မြှင့်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■၁၉၇၀ ျပည့္ႏွစ္ေတြမွာစတင္ထုတ္လုပ္ခဲ့တဲ့ tomahawk missile
မူလဒီဇိုင္းေပၚမွာပဲ ျပဳျပင္ေျပာင္းလဲမႈေတြျပဳလုပ္ခဲ့ၿပီး ေရသီယြန္မွ ပိုတိက်ၿပီး ပိုအားေကာင္းတဲ့ ဒုံးက်ည္ေတြကို ထုတ္လုပ္ေနပါတယ္။ ၁၉၇၀ ျပည့္ႏွစ္ေတြမွာ ဂ်င္နရယ္ ဒိုင္းနမစ္ဟာ ကုန္းေပၚရွိ ပလက္ေဖာင္းေတြကေန ပစ္လႊတ္နိုင္ၿပီး တာလတ္မွ တာေဝးအထိ အျမင့္ေပ နိမ့္နိမ့္မွ ပ်ံသန္းပစ္ခတ္နိုင္တဲ့ tomahawk missile ေတြကို စတင္ထုတ္လုပ္ခဲ့ပါတယ္။
ဒုံးက်ည္ရဲ့ သီးျခားအစိတ္အပိုင္းတစ္ခုဆီတပ္ဆင္နိုင္တဲ့ ဒီဇိုင္းေၾကာင့္ ထိပ္ဖူးအမ်ိဳးမ်ိဳး ၊အကြာအေဝး အမ်ိဳးမ်ိဳး တို႔နဲ႔ အသုံးျပဳနိုင္ပါတယ္ရွင္။အဲ့ဒီအခ်ိန္ကစၿပီး အနည္းဆုံး မူကြဲေျခာက္မ်ိဳးနဲ႔။ ျပဳျပင္မြမ္းမံထားတဲ့ ဗားရွင္းအမ်ိဳးမ်ိဳးကို မိတ္ဆတ္ခဲ့ၿပီးပါၿပီ။အဲ့ဒီအထဲမွာ ေလေၾကာင္း၊ ေရျပင္၊ေျမျပင္ ဒုံးလႊတ္စင္ေတြမွာ တပ္ဆင္နိုင္တဲ့မူကြဲေတြနဲ႔ သမားရိုးက်က်ည္ထိပ္ဖူး၊ န်ဴကလီးယား က်ည္ထပ္ဖူး တပ္ဆင္နိုင္တဲ့ ဒုံးက်ည္ေတြပါဝင္ပါတယ္။
၂၀၁၉ ကစၿပီး ေရသီယြန္မွ ထုတ္လုပ္တဲ့ non-nuclear sea launch variant (နန္း န်ဴကလီးယား ဆီး လန႔္ခ္် ေဗးရီးယန႔္) ေတြကိုသာ လက္ရွိမွာ အသုံးျပဳလ်က္ရွိပါတယ္။အေမရိကန္ေရတပ္ဟာ bgm 109 tomahawk ပေရာဂ်က္ကို ျပဳလုပ္ခဲ့ၿပီး ေလာ္ရယ္ေမရီလန္းအနီးမွ လက္ေတြ႕အသုံးခ်႐ူပေဗဒဓာတ္ခြဲခန္းအတြက္ James H Walker(ဂ်ိမ္း အိတ္ ေဝါကာ) နဲ႔ သိပၸံပညာရွင္တစ္ဖြဲ႕ကို ငွားရမ္းခဲ့တာပါ။
အဲ့ဒီအခ်ိန္ကစလို႔ တိက်စြာေမာင္းႏွင္နိုင္ဖို႔ကာအတြက္ လမ္းညႊန္စနစ္ေတြကို အႀကိမ္ႀကိမ္ အဆင့္ျမႇင့္ခဲ့ပါတယ္။
Ref:youtube
Trans:thegeektext