■၁၈၀ကီလိုကျော်မှ ဝိတ်တွေအများကြီးကျသွားခဲ့သော John Goodman

Article Celebrity Hollywood World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■၁၈၀ကီလိုကျော်မှ ဝိတ်တွေအများကြီးကျသွားခဲ့သော John Goodman

တဇွတ်ထိုးသမား ဝေါတာဆော့ပ်ချက်အဖြစ် big lebowski ဇာတ်ကားနှင့် The flintstone, The conners နှင့် roseanne တီဗွီအစီအစဥ်တို့ဖြင် သရုပ်ဆောင်ပါရမီရှင် ဂျွန်ဂွတ်ဒ်မန်းမှာ အမှတ်ရဖွယ်ဇာတ်ရုပ်များစွာရှိပါတယ်။Golden Globe ဆုရှင်ဂျွန်ဟာ ဟောလိဝုဒ်ဝါရင့်နာမည်ကျော်တစ်ယောက်ဖြစ်ပြီး အနုပညာသက်တမ်းတစ်လျောက်လည်း ရုပ်ရည်ပုံပန်းသဏ္ဌာန် ထူးပြီး ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။

ဝိတ်တော်တော်လေးတက်လာခဲ့ပေမယ့်လည်း ပိုပြီးတော့တောင် ကြည့်ကောင်းနေတာပါ။ Conners ရုပ်ရှင်မိတ်ဆက်ပွဲမှ ပရိတ်သတ်များ၏ အံ့သြသင့်မှုများကို တွေးကြည့်ပါ ။သူတို့ဟာ ပိန်သွယ်ပြီး ကျန်းမာသန်စွမ်းနုပျိုနေတဲ့ အမျိုးသားတစ်ဦးကို မြင်ခဲ့ပါတယ် ။ဒါတကယ်ရော ဂျွန်ဂွတ်ဒ်မန်းဟုတ်ပါရဲ့လား ။

တစ်ချက်လောက်သေချာပြန်ကြည့်ကြည့်ရအောင် ။ဟုတ်ပါတယ် ..မှားစရာမရှိပါဘူး။ ဒီပြောင်းလဲမှု လျို့ဝှက်ချက်က ဘာများဖြစ်မလဲ။ လွန့်ခဲ့သောနှစ်အနည်းငယ်က သူဟာတဖြည်းဖြည်း ဝလာကာ အဝလွန်ပြသာနာစရှိလာပါတယ်။

180 ကီလိုကျော်ချိန် ဂွတ်ဒ်မန်းဟာ ဝိတ်နှင့်ပတ်သက်ပြီးတခုခု လုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် သူဟာ အသင့်စားအစားအစာများကို စွန့်လွှတ်ပြိး ကိုယ်လက်လှုပ်ရှားများများလုပ်ကာ အားကစားစတင်လုပ်ခဲ့ပါတယ်။

သူ့စိတ်အားထက်သန်မှုနှင့် ဇွဲလုံ့လတို့ကြောင့် မူလဝိတ်ရဲ့ လေးပုံတစ်ပုံမက လျော့ခဲ့တာပါ။ အထင်ကြီးစရာရလဒ်တစ်ခုဟုတ်တယ် မဟုတ်ဘူးလား။ ဂျွန်ဟာ ဒီလောက်နှင့် မရပ်တန့်ခဲ့ပါဘူး။ အင်တာဗျူးတစ်ခု မှာ အားကစားလုပ်ခြင်းက အလုပ်လုပ်ဖို့ ခွန်အားရစေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ရုပ်ရှင်အသစ်များထဲမှ ဂွတ်ဒ်မန်းအသစ်ကို မျော်လင့်စောင့်စားကြရအောင်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext