ျမန္မာျပည္ေျမာက္ပိုင္းအစြန္ဆုံးက ေရခဲေတာင္ ႐ြာေလးမွာ ေပၚေပါက္လာမယ့္ စာၾကည့္တိုက္

ျမန္မာျပည္ေျမာက္ပိုင္းအစြန္ဆုံးက ေရခဲေတာင္ ႐ြာေလးမွာ ေပၚေပါက္လာမယ့္ စာၾကည့္တိုက္

ျမန္မာျပည္ေျမာက္ပိုင္းအစြန္ဆုံးက ေရခဲေတာင္ ႐ြာေလးမွာ ေပၚေပါက္လာမယ့္ စာၾကည့္တိုက္
ကခ်င္ျပည္နယ္၊ ေခါင္လန္ဖူးၿမိဳ႕နယ္ျမန္မာ-တ႐ုတ္နယ္စပ္တြင္ရွိသည့္ရွိန္းေခါင္ေက်း႐ြာတြင္ အႀကီးကိုကိုစာၾကည့္တိုက္အမွတ္ (၁၃) ကို (၂၀၂၃) ခုႏွစ္ဆန္းတြင္ဖြင့္လွစ္သြားမွာ ျဖစ္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ေနစာေရးဆရာအႀကီးကိုကိုက ေျပာပါတယ္။

“စာၾကည့္တိုက္ ၁၃ ဖြင့္ရတဲ့ ရည္႐ြယ္ခ်က္က ျမန္မာ-တ႐ုတ္နယ္စပ္မွာရွိတဲ့ ႐ြာေလးက ျမန္မာယဥ္ေက်းမႈထက္ တဖက္ႏိုင္ငံယဥ္ေက်းမႈလႊမ္းမိုးေနတယ္။ ေငြေၾကးသုံးစြဲမႈမွာ တ႐ုတ္ေငြေၾကးသုံးစြဲမႈ လႊမ္းမိုးေနတယ္။ယဥ္ေက်းမႈ ဓေလ့ထုံးစံဆိုရင္လည္း တ႐ုတ္ျပည္ဖက္နဲ႔နီးၿပီး သူ႔ယဥ္ေက်းမႈေတြ လႊမ္းမိုးမွာ စိုးရိမ္တဲ့အတြက္ ျမန္မာစာေပ ျမန္မာစကား ျမန္မာ့ယဥ္ေက်းမႈ ဓေလ့ထုံစံ ေနာက္ဆုံးျမန္မာ့မ်ိဳးခ်စ္စိတ္ေတြ ရွင္သန္ဖို႔ စာၾကည့္တိုက္ကို ဖြင့္လွစ္မွာပါ။”ဟု ဆရာအႀကီးကိုကိုက ေျပာပါတယ္။
ကခ်င္ျပည္နယ္ ေခါင္လန္ဖူးၿမိဳ႕မွ ၃/၄ ရက္ခန႔္ လမ္းေလွ်ာက္မွ ရွိန္းေခါင္႐ြာသို႔ ေရာက္ရွိမည္ျဖစ္ၿပီး ထို႐ြာတြင္ ျမန္မာအထက္တန္းေက်ာင္းတည္ရွိပါတယ္။ တ႐ုတ္ျပည္ႏွင့္ လမ္းပန္းပိုမိုလြယ္ကူၿပီး ေငြေၾကးသုံးစြဲမႈတြင္ တ႐ုတ္ေငြေၾကးသုံးစြဲမႈ လႊမ္းမိုးၿပီး တ႐ုတ္ယဥ္ေက်းမႈပြဲေတာ္၏ အေငြ႕အသက္မ်ားပိုမို ႐ိုက္ခတ္ေသာေဒသျဖစ္တယ္လို႔ သိရပါတယ္။

ဘာသာစကားအေနႏွင့္ ေဒသခံတိုင္းရင္းသားဘာသာစကားႏွင့္ တ႐ုတ္ဘာသာစကားကို တြင္တြင္က်ယ္က်ယ္ေျပာဆိုၾကရာ ျမန္မာစကားကို တာဝန္က် ဝန္ထမ္းမ်ားႏွင့္ စာသင္ခ်ိန္မ်ားတြင္သာ အသုံးမ်ားေၾကာင္းသိရပါတယ္။
“အခါတိုင္းက စာအုပ္နဲ႔ အားကစားပစၥည္းေတြ လႉျဖစ္တယ္။ အားကစားနဲ႔ စာေပနီးသြားရင္ မူး-စ္ေဆးဆိုတာ အလိုလိုေလ်ာ့သြားႏိုင္တယ္။ အခုလႉမယ့္ေနရာက ေရခဲေတာင္ေပၚက ဆင္းရဲႏြမ္းပါးတဲ့ နယ္စပ္ေဒသျဖစ္တဲ့အတြက္ အစားအေသာက္၊ အက်ႌအေႏြးထည္၊ ေစာင္ေတြ လႉခ်င္သူေတြ လႉေပးပါဆိုၿပီး အလႉခံထားတာပါ။” ဟု ဆရာအႀကီးကိုကိုက ေျပာပါတယ္။

Unicode
မြန်မာပြည်မြောက်ပိုင်းအစွန်ဆုံးက ရေခဲတောင် ရွာလေးမှာ ပေါ်ပေါက်လာမယ့် စာကြည့်တိုက်
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မြန်မာ-တရုတ်နယ်စပ်တွင်ရှိသည့်ရှိန်းခေါင်ကျေးရွာတွင် အကြီးကိုကိုစာကြည့်တိုက်အမှတ် (၁၃) ကို (၂၀၂၃) ခုနှစ်ဆန်းတွင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နေစာရေးဆရာအကြီးကိုကိုက ပြောပါတယ်။
“စာကြည့်တိုက် ၁၃ ဖွင့်ရတဲ့ ရည်ရွယ်ချက်က မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ ရွာလေးက မြန်မာယဉ်ကျေးမှုထက် တဖက်နိုင်ငံယဉ်ကျေးမှုလွှမ်းမိုးနေတယ်။ ငွေကြေးသုံးစွဲမှုမှာ တရုတ်ငွေကြေးသုံးစွဲမှု လွှမ်းမိုးနေတယ်။ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုရင်လည်း တရုတ်ပြည်ဖက်နဲ့နီးပြီး သူ့ယဉ်ကျေးမှုတွေ လွှမ်းမိုးမှာ စိုးရိမ်တဲ့အတွက် မြန်မာစာပေ မြန်မာစကား မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံစံ နောက်ဆုံးမြန်မာ့မျိုးချစ်စိတ်တွေ ရှင်သန်ဖို့ စာကြည့်တိုက်ကို ဖွင့်လှစ်မှာပါ။”ဟု ဆရာအကြီးကိုကိုက ပြောပါတယ်။
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့မှ ၃/၄ ရက်ခန့် လမ်းလျှောက်မှ ရှိန်းခေါင်ရွာသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုရွာတွင် မြန်မာအထက်တန်းကျောင်းတည်ရှိပါတယ်။ တရုတ်ပြည်နှင့် လမ်းပန်းပိုမိုလွယ်ကူပြီး ငွေကြေးသုံးစွဲမှုတွင် တရုတ်ငွေကြေးသုံးစွဲမှု လွှမ်းမိုးပြီး တရုတ်ယဉ်ကျေးမှုပွဲတော်၏ အငွေ့အသက်များပိုမို ရိုက်ခတ်သောဒေသဖြစ်တယ်လို့ သိရပါတယ်။
ဘာသာစကားအနေနှင့် ဒေသခံတိုင်းရင်းသားဘာသာစကားနှင့် တရုတ်ဘာသာစကားကို တွင်တွင်ကျယ်ကျယ်ပြောဆိုကြရာ မြန်မာစကားကို တာဝန်ကျ ဝန်ထမ်းများနှင့် စာသင်ချိန်များတွင်သာ အသုံးများကြောင်းသိရပါတယ်။
“အခါတိုင်းက စာအုပ်နဲ့ အားကစားပစ္စည်းတွေ လှူဖြစ်တယ်။ အားကစားနဲ့ စာပေနီးသွားရင် မူး-စ်ဆေးဆိုတာ အလိုလိုလျော့သွားနိုင်တယ်။ အခုလှူမယ့်နေရာက ရေခဲတောင်ပေါ်က ဆင်းရဲနွမ်းပါးတဲ့ နယ်စပ်ဒေသဖြစ်တဲ့အတွက် အစားအသောက်၊ အင်္ကျီအနွေးထည်၊ စောင်တွေ လှူချင်သူတွေ လှူပေးပါဆိုပြီး အလှူခံထားတာပါ။” ဟု ဆရာအကြီးကိုကိုက ပြောပါတယ်။
The post ျမန္မာျပည္ေျမာက္ပိုင္းအစြန္ဆုံးက ေရခဲေတာင္ ႐ြာေလးမွာ ေပၚေပါက္လာမယ့္ စာၾကည့္တိုက္ appeared first on Myanmar Globe.

Crd