

မြန်မာမှာပဲရှိတဲ့ ငါးမြင်းကို National Fish အဖြစ်သတ်မှတ်ဖို့ လုပ်ဆောင်တော့မည်

အာဆီယံနိုင်ငံတွေအကြား မြန်မာတစ်နိုင်ငံတည်းမှာဒေသမျိုးရင်းအဖြစ်တည်ရှိနေတဲ့ ငါးမြင်းကို National Fishအဖြစ်သတ်မှတ်ဖို့ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။




crd

Unicode
မြန်မာမှာပဲရှိတဲ့ ငါးမြင်းကို National Fish အဖြစ်သတ်မှတ်ဖို့ လုပ်ဆောင်တော့မည်

အာဆီယံနိုင်ငံတွေအကြား မြန်မာတစ်နိုင်ငံတည်းမှာဒေသမျိုးရင်းအဖြစ်တည်ရှိနေတဲ့ ငါးမြင်းကို National Fishအဖြစ်သတ်မှတ်ဖို့ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။

ငါးမြင်း ကို National Fish အဖြစ်သတ်မှတ်ဖို့လုပ်ဆောင်မှာဖြစ်ပြီး လက်ရှိ ပြည်ပဝယ်လိုအား အသင့်ရှိနေတဲ့အတွက် ကနဦး သားဖောက်လုပ်ငန်းဆောင်ရွက်အောင်မြင်ပါက မွေးမြူထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ငါးမြင်းကို သုတေသနပြုလုပ်နိုင်ဖို့ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)မှာ ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကို ငါးမြင်းမျိုးစိတ် ကောင်ရေ ၁၀၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က ရေမိုင် ၂၂ မိုင်ဝေးတဲ့ တွံတေး ငါးလုပ်ငန်းစခန်းကို ငါးမြင်းစုဆောင်းရေးစင်တာအဖြစ်ထားရှိမယ်လို့ သိရပါတယ်။

လက်ရှိ ကျန်းမာသန်စွမ်းတဲ့ ငါးသားပေါက်တွေကို စုဆောင်းပြီး ငါး လုပ်ငန်းသိပ္ပံ(တွံတေး)ရှိ အုတ်ကန်နဲ့ မြေကြီးကန်တို့မှာ ကနဦးသုတေသနအဖြစ် နှစ်နှစ်မွေးမြူခဲ့စဉ်က ၆၀ ရာခိုင်နှုန်း ရှင်သန်အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။

Crd



Post Views:
12

Crd