မြန်မာနိုင်ငံကားဈေးကွက်ထဲ ဝင်ရောက်နေရာယူတော့မည့် လျှပ်စစ် EV Car က ဘယ်သူတွေနဲ့ ပိုသင့်တော်မလဲ…

1 : ခြံဝန်းနဲ့ နေတဲ့သူတွေ
EV ရဲ့ အဓိကအလုပ်တာဝန်က အိမ်သုံးမီးနဲ့ အားသွင်းရတာပါ ။ အိမ်သုံးမီးနဲ့ဆိုရင် အနည်းဆုံး 6 နာရီဝန်းကျင်ကနေ အများဆုံး 12 နာရီ ဝန်းကျင်သွင်းရပါတယ်။ ကိုယ့်အိမ်မှာသုံးထားတဲ့ အဲကွန်း ၊ ရေခဲသေတ္တာ ၊ အဝတ်လျှော်စက် ၊ TV ၊ ဟင်းအိုး ထမင်းအိုးတွေကြောင့် အားသွင်းချိန်က တစ်အိမ်နဲ့တစ်အိမ် ၊ တစ်ကားနဲ့တစ်ကား ကွာခြားနိုင်ပါတယ်။

တိုက်ခန်းမြေညီထပ်မှာနေတဲ့သူတွေအတွက်က ကြံဖန်လုပ်ရင် အဆင်ပြေကောင်းပြေနိုင်ပေမယ့် ၊ တိုက်ခန်းအပေါ်ထပ်တွေမှာ နေတဲ့သူတွေကတော့ ကားရပ်ဖို့ နေရာရဖို့ ၊ နေရာရပြန်ရင်လည်း ကြိုးတန်းလန်းနဲ့သွင်းဖို့ ၊ အချိန်အကြာကြီး ကြိုးတန်းလန်းထားဖို့ကျတော့ ခွေးတွေ ကြောင်တွေနဲ့ ပျောက်ရှမှာကိုလည်း စိုးရိမ်ရ ၊

မြို့တွင်းမှာလည်း အားအဝင်မြန်တဲ့ Charging Station တည်ဆောက်ဖို့ကလည်း နှစ်အနည်းငယ်အတွင်း မဖြစ်နိုင်သလောက်ဆိုတော့ ကိုယ်ပိုင်ခြံဝန်းနဲ့နေတဲ့သူတွေအတွက်က ပိုမိုသင့်တော်နေဆဲပါ။

2 : လျှပ်စစ်မီး
EV ကားတွေကို အများဆုံးဝေဖန်တဲ့အချက်က လျှပ်စစ်မီးပါပဲ။ တစ်ရက်ကို 24 နာရီရဲ့တစ်ဝက်ဖြစ်တဲ့ 12 နာရီ မီးလာရင် ရပါပြီ။ မီးစက်ကိုအကြောင်းပြပြီး EV အကြောင်းကိုဝေဖန်ရင် ၊ သေချာပါတယ် .. သူတို့တွေ အခြေအမြစ်မရှိတဲ့ ရပ်ကွက်စကားတွေနဲ့ လမ်းဆုံးနေပြီဆိုတာပါ။

ဒီတော့ ကိုယ့်ဘာသာ ပြန်ဆန်းစစ်ပါ ၊ ကိုယ်နေ‌တဲ့နေရာက တစ်ရက်ကို အနည်းဆုံး 12 နာရီ မီးလာရင် ဝယ်ဖို့သင့်တော်ပါတယ်။မီးအားမြှင့်စက်တို့ မီးအားထိန်းစက်တို့ကိုတော့ လိုအပ်ရင် ဝယ်ရမယ်ဆိုတာကိုတော့ ကြိုတင်သတိချပ်စေချင်ပါတယ်။ EV Car ကို ဝယ်နိုင်ပြီဆိုမှတော့ အဲ့စက်တွေဝယ်ဖို့က ခပ်ပါးပါးလေးပါပဲ။

3 : ဘယ်ကားက ဈေးပိုကြီးသလဲ
EV Car က ဆီကားထက်ဈေးပိုကြီးပါတယ်။ ဆိုလိုချင်တာက ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ ပိုသင့်တော်ပါတယ်။4 : အရှုံးများပါမယ်
မြန်မာနိုင်ငံမှာဖြစ်နေတာက ကား‌ပြန်ရောင်းရင် မရှုံးချင်တာပါ။ ဒီတော့ ကားဟောင်းတွေကိုပဲ ဝယ်လိုက် စီးလိုက် ရောင်းလိုက်နဲ့ပဲ သံသရာလည်နေတာ။ ဈေးနှုန်းတည်ငြိမ်တဲ့ကာလတွေတုန်းက ‌ဆီကား Zero Kilo ကိုဝယ်ပြီး ပြန်ရောင်းရင် အနည်းငယ်ရှုံးပါတယ်။

အခု Zero Kilo EV Car ကို တယ်တဲ့သူတွေအတွက်က ပြန်ရောင်းရင် အများကြီးရှုံးပါမယ်။ ဒီတော့ ရှုံးမှာကို မကြောက်တဲ့သူ ၊ တန်အောင် ကာလရှည်စီးမယ့်သူတွေအတွက် ပိုသင့်တော်ပါတယ်။5 : မြို့တွင်းအသုံးများတဲ့သူ မြို့ပြင်ရော သွားလို့မရဘူးလားဆိုတော့ .. အဲ့လိုလည်းမဟုတ်ပါဘူး။ High Way လမ်းတွေမှာ အားဝင်မြန်တဲ့ Charging Station တွေက အနှေးနဲ့အမြန် ရှိလာတော့မှာပါ။ ဒါပေမယ့် ခရီးစဉ်တိုင်းမှာရှိဖို့ကတော့ အချိန်တစ်ခုတော့စောင့်ရပါမယ်။

ဆီကားနဲ့ ခရီးသွားတာနဲ့ EV Car နဲ့ခရီးသွားတာဆိုရင် Confident Level ကတော့ အနည်းငယ် ကွာခြားနေဦးမှာပါပဲ။ ကျွန်တော်ကတော့ EV Car ကို မြို့တွင်းအဓိကသုံးမယ် ၊ ခရီးဝေးကိစ္စတွေကိုတော့ အဝေးပြေးကားနဲ့သွားမယ် ၊ တစ်ခါတလေ Car Rental တွေ ဆီက ကားစီးလုံးငှားပြီးမောင်းမယ် ၊ အဆင်ပြေနေတာပဲလေ။ တစ်နှစ်ကို ခရီးဝေးတစ်ခါတောင် မထွက်ဖြစ်တဲ့သူက အဲ့ကိစ္စကိုခေါင်းခဲနေမယ်ဆိုရင်တော့ မပြောတတ်တော့ပါ။

EV Car နဲ့ နယ်ဝေးတွေသွားတဲ့ Feedback တွေကောင်းလာရင်တော့ ကျွန်တော်လည်း EV နဲ့ သွားမှာပါပဲ။6 : ဆီဖိုးမကုန်ချင်တော့တဲ့သူဒါကတော့ ရှင်းပါတယ်။ သဘာဝပတ်ဝန်းကျင် ဘာညာထက် ဆီဖိုးသက်သာချင်လို့ စီးကြတာပါ။ ဒီတော့ ဆီဖိုးသက်သာချင်တဲ့သူတွေနဲ့ သင့်တော်ပါတယ်။7 : အသစ်အဆန်းကို ကြိုဆိုတဲ့သူပြောချင်တာကတော့ Positive Thinking နဲ့ အသစ်အဆန်းလေးတွေကို Welcome လုပ်တဲ့သူတွေကိုပါ။

ဘေးတိုက်လည်းမသွား ၊ ကန့်လန့်လည်းမတိုက် ၊ ခေတ်နောက်ပြန်လည်းမဆွဲ ၊ ‌ခေတ်နောက်မှာလည်း မကျန်ရစ် ၊ ခေတ်နဲ့တပြေးညီ ရင်ဘောင်တန်းချင်သူ၊ ခေတ်ရေစီးကြောင်းအတိုင်းလိုက်ပါချင်သူတွေနဲ့ ပိုသင့်တော်ပါတယ်။စာလည်းရှည်ပြီဆိုတော့ အဆုံးသတ်ပါတော့မယ်။အမေးများတဲ့မေးခွန်းလေးတစ်ခုကိုလဲ ဖြေပေးလိုက်ပါတယ်။ရေထဲဖြတ်မောင်းလို့ရလားလို့ မေးလာရင်တော့-ဟုတ်ကဲ့-ရေထဲဖြတ်မောင်းလို့ ရပါတယ်။

Crd..Yan Paing Aung

Unicode

Crd