ပြည်ပရောက် မြန်မာတွေကို တရားဝင်လမ်းကြောင်းကနေ လုပ်ခလစာများကို နိုဝင်ဘာ ၁ ရက်နေ့စကပြီးတော့အမေရိကန်တစ်ဒ်ါလာ ၃၀ ကျပ် အပိုထပ်ဆောင်းပေးမယ်ဆိုပြီးဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ်။
Unicodeပြည်ပမှ ပြန်လည်လွှဲပို့သည့် လုပ်ခလစာငွေများကို ဒေါ်လာအပြင်အခြားနိုင်ငံခြားငွေကြေးများအား တစ်ဒေါ်လာလျှင်၃၀ကျပ်အပိုထပ်ဆောင်းပေးမည်ဟု ထုတ်ပြန်
ပြည်ပရောက် မြန်မာတွေကို တရားဝင်လမ်းကြောင်းကနေ လုပ်ခလစာများကို နိုဝင်ဘာ ၁ ရက်နေ့စကပြီးတော့အမေရိကန်တစ်ဒါ်လာ ၃၀ ကျပ် အပိုထပ်ဆောင်းပေးမယ်ဆိုပြီးဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရပ်ခြားရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာတွေကို ပြည်တွင်းရှိနိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်ရှိသည့်လိုင်စင်ရဘဏ်များမှ တဆင့်ပြန်လည် လွှဲပို့ရင်အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့် ညီမျှသောနိုင်ငံခြားငွေ)အပေါ် ၃၀ ကျပ်အပိုဆောင်းငွေအဖြစ်ပေးမယ်လို့ဆိုပါတယ်။
အဲဒီငွေကို ငွေထုတ်ယူတဲ့နေ့မှာချက်ခြင်း ထည့်သွင်းပေးသွားမယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာတော့ အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)ဟုဖော်ပြထားပြီး
လက်ရှိဗဟိုဘဏ်သတ်မှတ်ထားသည့်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပငွေကြေးဈေးကွက်အတွင်းမှာတော့ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၀၀၀ကျော်အထိရှိနေပြီး မည်သည့်ဈေးနှုန်းဖြင့် ငွေလဲမည်ကိုဖော်ပြထားခြင်းမရှိပါဘူး။
ထို့ပြင် ပြည်ပမှ ပြန်လည်လွှဲပို့သည့် လုပ်ခလစာများတွင် အမေရိကန်ဒေါ်လာအပြင် အခြားသော နိုင်ငံခြားငွေကြေးများလည်းအကျုံးဝင်ကြောင်းသိရှိရပါသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာ (၂၈) ရက်ရက်စွဲဖြင့် ဗဟိုဘဏ်ကထုတ်ပြန်ထားတာ ဖြစ်ပါတယ်။crd
Crd