ရွှေမြန်မာတို့အတွက် နောက်ဆုံးပေါ် ဟင်းလျာတမျိုး (သို့) ထူးထူးဆန်းဆန်း နှင်းဆီပန်းကြော်
Unicode
ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတခုကတော့ နှင်းဆီပန်းကို ကြော်စားခြင်းပဲ ဖြစ်ပါတယ်။ နှင်းဆီပန်းရဲ့ ပွင့်ဖတ်တွေကို မုန့်နှစ်နဲ့ ကပ်ပြီး ကြော်စားလို့ ရတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ရက် အသုံးပြုသူတဦးက တင်ထားခြင်း ဖြစ်ပါတယ်။
နှင်းဆီပန်းကို တချို့က အဆိပ်ရှိတယ်လို့ ထင်ကြပေမယ့်လည်း တရုတ်နိုင်ငံသားတွေကတော့ အစိမ်းစားခြင်း၊ ရေနွေးထဲ စိမ်သောက်ခြင်း၊ ကြော်စားခြင်း၊ ချက်စားခြင်းတွေ ပြုလုပ်လေ့ ရှိပါတယ်။
မြန်မာပြည်မှာတော့ နှင်းဆီပန်း ကြော်စားကို အထူးအဆန်း ဖြစ်နေကြပြီး စားသင့် မစားသင့် ငြင်းခုန်နေကြတာပဲ ဖြစ်ပါတယ်။ နှင်းဆီပန်းကို ကြော်စားခြင်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ မှတ်ချက်တွေကို ဖော်ပြလိုက်ပါတယ်-
မှတ်ချက် (၁) – ကြော်ဖို့အတွက်မုန့်နှစ်လုပ်တာက ယိုးဒယားမယ်တထုပ်၊ ကြက်ဥတလုံး၊ ငရုတ်ကောင်းမှုန့်ကို ရောထည့်ပြီး ရေအေးနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ပြီးရင် ကြော်လို့ရပါတယ်။ ပေါင်မုန့်ခြောက်လေးနဲ့ကြော်ရင် ပိုစားကောင်းပါတယ်နော်။
မှတ်ချက် (၂) – ဖန်ချိုချဉ်အရသာ၊ အစာအိမ်ကို ကြုံ့စေ၍ အစားကြီးလွန်နေသူများ အစားလျှော့စားလို့တဲ့ အခါမှာ တနေ့တပွင့်စာကို ရေသေချာ ဆေးကြောပြီး အစိမ်းအတိုင်းစားရပါတယ်။ ခုကာလမှာ ပိုးသတ်ဆေးတွေသုံးစိုက်ပျိုးကြလို့ (ရေမဆေးပဲ
ဆားရည်မစိမ်ပဲ မစားသင့်ပါ)။ ဆယ်တန်း သမီးငယ်တယောက် ပန်မဲ့နှင်းဆီကို ပါးစပ်နဲ့ ကိုက်မိရာက ပိုးသတ်ဆေးအဆိပ်သင့်ပြီး ဆေးရုံပို့ခဲ့ရဖူးပါတယ်။ သတိနဲ့ယှဉ် စားသုံးကြစေလိုပါတယ်။
မှတ်ချက် (၃) – ဈေးကဝယ်တာတော့
ဆားရည်ပဲစိမ်စိမ် လုံးဝမစားသင့်ပါခင်ဗျ၊ နှင်းဆီအပါအဝင် ပန်းတွေက ပိုးသတ်ဆေး အရမ်းသုံးရပါတယ်၊ မခူးခင် ညနေအထိကို ဆေးဖျန်းတုန်းပါ၊ ဦးလေးတယောက်က မှော်ဘီဘက်မှာ နှင်းဆီခြံရှင်ပါ။ သူတို့က အစားအစာမဟုတ်တော့လည်း အပင်နဲ့အပွင့်အတွက် ဆေးအရမ်းသုံးတာပါ။
မှတ်ချက် (၄) – ပိုးသတ်ဆေးတော့ သတိထားပေါ့။ ဆားရည်စိမ်၊ စားဆော်ဒါစိမ်တာမျိုး အရင်လုပ်ပါ။ ရေနွေးကြမ်းအတွက် လက်ဖက်ခြောက်လည်း လုပ်သောက်လို့ရတယ်။ ကက်ဖိန်းဖရီးပဲ။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။
Crd
Zawgyi
ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတခုကတော့ နှင်းဆီပန်းကို ကြော်စားခြင်းပဲ ဖြစ်ပါတယ်။ နှင်းဆီပန်းရဲ့ ပွင့်ဖတ်တွေကို မုန့်နှစ်နဲ့ ကပ်ပြီး ကြော်စားလို့ ရတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ရက် အသုံးပြုသူတဦးက တင်ထားခြင်း ဖြစ်ပါတယ်။
နှင်းဆီပန်းကို တချို့က အဆိပ်ရှိတယ်လို့ ထင်ကြပေမယ့်လည်း တရုတ်နိုင်ငံသားတွေကတော့ အစိမ်းစားခြင်း၊ ရေနွေးထဲ စိမ်သောက်ခြင်း၊ ကြော်စားခြင်း၊ ချက်စားခြင်းတွေ ပြုလုပ်လေ့ ရှိပါတယ်။
မြန်မာပြည်မှာတော့ နှင်းဆီပန်း ကြော်စားကို အထူးအဆန်း ဖြစ်နေကြပြီး စားသင့် မစားသင့် ငြင်းခုန်နေကြတာပဲ ဖြစ်ပါတယ်။ နှင်းဆီပန်းကို ကြော်စားခြင်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ မှတ်ချက်တွေကို ဖော်ပြလိုက်ပါတယ်-
မှတ်ချက် (၁) – ကြော်ဖို့အတွက်မုန့်နှစ်လုပ်တာက ယိုးဒယားမယ်တထုပ်၊ ကြက်ဥတလုံး၊ ငရုတ်ကောင်းမှုန့်ကို ရောထည့်ပြီး ရေအေးနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ပြီးရင် ကြော်လို့ရပါတယ်။ ပေါင်မုန့်ခြောက်လေးနဲ့ကြော်ရင် ပိုစားကောင်းပါတယ်နော်။
မှတ်ချက် (၂) – ဖန်ချိုချဉ်အရသာ၊ အစာအိမ်ကို ကြုံ့စေ၍ အစားကြီးလွန်နေသူများ အစားလျှော့စားလို့တဲ့ အခါမှာ တနေ့တပွင့်စာကို
ရေသေချာ ဆေးကြောပြီး အစိမ်းအတိုင်းစားရပါတယ်။ ခုကာလမှာ ပိုးသတ်ဆေးတွေသုံးစိုက်ပျိုးကြလို့ (ရေမဆေးပဲ ဆားရည်မစိမ်ပဲ မစားသင့်ပါ)။ ဆယ်တန်း သမီးငယ်တယောက် ပန်မဲ့နှင်းဆီကို ပါးစပ်နဲ့ ကိုက်မိရာက ပိုးသတ်ဆေးအဆိပ်သင့်ပြီး ဆေးရုံပို့ခဲ့ရဖူးပါတယ်။ သတိနဲ့ယှဉ် စားသုံးကြစေလိုပါတယ်။
မှတ်ချက် (၃) – စျေးကဝယ်တာတော့ ဆားရည်ပဲစိမ်စိမ် လုံးဝမစားသင့်ပါခင်ဗျ၊ နှင်းဆီအပါအဝင် ပန်းတွေက ပိုးသတ်ဆေး
အရမ်းသုံးရပါတယ်၊ မခူးခင် ညနေအထိကို ဆေးဖျန်းတုန်းပါ၊ ဦးလေးတယောက်က မှော်ဘီဘက်မှာ နှင်းဆီခြံရှင်ပါ။ သူတို့က အစားအစာမဟုတ်တော့လည်း အပင်နဲ့အပွင့်အတွက် ဆေးအရမ်းသုံးတာပါ။
မှတ်ချက် (၄) – ပိုးသတ်ဆေးတော့ သတိထားပေါ့။ ဆားရည်စိမ်၊ စားဆော်ဒါစိမ်တာမျိုး အရင်လုပ်ပါ။ ရေနွေးကြမ်းအတွက် လက်ဖက်ခြောက်လည်း လုပ်သောက်လို့ရတယ်။ ကက်ဖိန်းဖရီးပဲ။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။
Crd
Crd
Crd