“ေ႐ႊမႏၲေလးရဲ႕ ပုလဲေငြေရာင္ရပ္ က ျမန္မာျပည္၏ ပထမဦးဆုံး ဆိုက္ကားကို စတင္တီထြင္ခဲ့သူ”

Unicode
ရွှေမန္တလေးရဲ့ ပုလဲငွေရောင်ရပ် က မြန်မာပြည်၏ ပထမဦးဆုံး ဆိုက်ကားကို စတင်တီထွင်ခဲ့သူ”
မန္တလေး ပုလဲငွေရောင်ရပ် က မြန်မာပြည် ပဌမဦးဆုံး ဆိုက္ကား စတင်သူ..ဆိုက္ကား (Side Car) ဆိုတာက စက်မလို လောင်စာဆီမလိုဘဲလူ့အင်အားကို အသုံးပြုပြီး စက်ဘီးကို အခြေခံပြီးပေါ်လာတဲ့ ယာဉ်ပါ..
ကျနော်က ၈၃လမ်းနှင့် ၂၀-၂၁လမ်းကြားမှာ ကောင်းသန့် စက်ဘီးအပိုပစ္စည်းဆိုင်ကို ၁၉၉၂ကစတင်ဖွင့်လှစ် ခဲ့တာ အခုထိပါဘဲ..စက်ဘီးမြို့တော် ဆိုတော့ စက်ဘီး ဆိုက္ကားဆရာများ က ကျနော်ရဲ့ဖောက်သည် ကျေးဇူးရှင်တွေပါ..
အရင်က စက်ဘီး ဆိုက္ကား တော်တော်ပေါခဲ့ပြီး လမ်းဆုံထောင့်တွေ တိုင်းမှာ ဆိုက္ကားဂိတ်တွေ ရှိပြီး သွားချင်တဲ့ လိုရာခရီးကို အရောက်ပို့ဆောင်ပေးခဲ့ကြတာပါ…နှစ်စဉ် ဆိုက္ကား ဆရာများရဲ့ချွေးနည်းစာများစုပြီး ဂိတ်အလိုက် စုပေါင်းဘုံကထိန်မှာ ခင်းပြီ မဲကျရာကျောင်းတိုက်ကို ဆိုက္ကားများပေါ်
ပဒေသာပင် တင်ပြီစီတန်းလှည့်သွားကြတာ ကြည်ညိုစရာပါ…အခုတော့ စက်ဘီး ၊ဆိုက္ကား နေရာမှာ ဆိုင်ကယ် ၊မီနီအိုးဝေ တုတ်တုတ်တွေ နေရာယူလာကြပါပြီ…ပြောပြချင်တာက..မြန်မာပြည်ဆိုက္ကား စတင်ပေါ်လာတာက မန္တလေးမြို့ ပုလဲငွေရောင်ရပ်က စတင်ခဲ့တာပါ…
၁၃၀၀ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်လာတော့ မြန်မာပြည်သူပြည်သားများ ဟာ နိုင်ငံခြားသားပိုင်ပစ္စည်း အသုံးမပြုရေး သပိတ်မှောက်ကြရာ…..မြို့လည်ခေါင်ပြေးဆွဲနေတဲ့ ဓာတ်ရထားနေရာမှာ မြို့သူမြို့သားများက မစီးတော့ဘဲ.. စက်ဘီးကို သစ်သားဖြင့် ဘေးတွဲ တွဲပြီး (ယခင်က ဘယ်ချိုး) ဆိုက္ကား ကို တီထွင်ခဲ့ပါတယ်…
ထိုစဉ် က Raleigh ကျားစီးစက်ဘီးအသစ်မှ ၁၂၅ကျပ် နှင့် ဟာကြူလီ ကျားစီး တစီးမှ ၅၀ကျပ် သာ ရှိသည်ဟုသိရပါသည်..(1938)ခုနှစ်ဆိုက္ကားကို ဦးစွာ ဒီဇိုင်းထုတ် တီထွင်ခဲ့သူက ကားဘော်ဒီဆရာကြီး ဆရာညှိ ဖြစ်ပါတယ်..
ကားဘော်ဒီဆရာကြီး ဆရာညှိ ဟာ စစ်ကိုင်းတိုင်း ရွှေဘို ဝက်လက်နယ် ကျီးကန်ရွာ ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက တီထွင်မူ့ကို ဝါသနာပါတယ်လို့ဆိုပါတယ်..ရွာမှ ရေတွင်းကိုလည်းလေရဟတ်နှင့် ရေတင်ဘို့ တီထွင်ခဲ့ဘူးပါတယ်..ဆရာညှိ ရဲ့ အလုပ်ရုံက ၈၂လမ်းနှင့် လမ်း၂၀ထောင့် တဝဂူ ဘုရားနှင့် ဓားလွယ်ခုတ် လမ်းအနောက်ဘက်မှာ အခုထိ ရှိနေပါတယ်..
အလုပ်ရုံ ကပေ ၁၀၀ပတ်လည် ရှိပြီး ဆရာညှိက ဆိုက္ကားဒီဇိုင်းကို လက်နှင့် လေပေါ်မှာပုံစံချိုး ပြီး မှ လက်တွေ့လုပ်သူပါ…စက်ဘီးအဟောင်းတစီး ကို အရင် ပုံစံချိုးပြီးစတင်လုပ်ကိုင်ခဲ့ပြီး…အလုပ်သမား၃၀ ဦးနှင့် လုပ်ကိုင်ခဲ့ပြီးတနိုင်ငံလုံးဖြန့်ချီ ပါတယ်..
တဖြေးဖြေး ဆိုက္ကား တတ်ဆင် လုပ်ကိုင်ခြင်းအပြင်..စစ်ကျန် ဗိုက်ပူ ချက်ပလက် ကားတွေ ကို ဘော်ဒီ ဒီဇိုင်းထုပ်ပြီး လိုင်းကား တွေကို ကိုယ်တိုင် လွှစင်ကြီးနှင့် ပုံစံချိုးပြီးထုပ်လုပ်ခဲ့ပါသေးတယ်..
အရင်က အလှူပွဲ အငြိမ့်ပွဲတွေ အတွက် မီးစက်ကြီးများ ငှားရမ်းတဲ့အလုပ်လည်းလုပ်ပါတယ်…အဲဒီခေတ်အခါက မန္တလေး စဉ့်ကူး- စဉ့်ကူး မန္တလေး ကို အသွားအပြန် ကားနှစ်စီးထားပြီး လိုင်းကားစတင်ပြေးဆွဲခဲ့တာပါ..
ဆရာညှိ နှင့် ဇနီး ဒေါ်ဉာဏ် တို့မှ သမီး ၂ ဦး(ဒေါ်သန်မေ၊ဒေါ်သန်းရွှေ) သား ၁ ဦး (ဦးကိုလေး)ထွန်းကားခဲ့ပြီး..အသက်(၈၀နှစ်)၁၉၇၈ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်..
ဆရာညှိမျိုးဆက်အနေနှင့် တပည့် သားမက် ဦးလှမောင် သမီးဒေါ်သန်းရွှေက. သမီး၃ ဦး ဒေါ်ရီရီ၊ဒေါ်နွဲ့နွဲ့ရီ၊ဒေါ်နုနုဆွေ တို့ မွေးဖွာခဲ့ပြီး..သမီးကြီးဖြစ်သူ ဒေါ်ရီရီက ရွှေတိုက်ရုံဝင်းပိုင်ရှင်ဦးလှမောင် သား ဆရာဦးအေးကို အကြောင်းပါပြီး (AK) တွင်ခုံလုပ်ငန်း နာမည်နှင့်ရုပ်ရှင်ပြစက်တွေ ထုပ်လုပ်ပါတယ်..
ငယ်ငယ် ကညောင်ပင်ဈေးကျောင်းဆင်းလို့ပြန်ရင် ရုပ်ရှင် ပြစက်ပြင်တဲ့နေရာက ဝင်းထရံကြားက ကြည့်ခဲ့ဘူးတာ သတိရပါသေးတယ်..ဆရာညှိရဲ့မြေးသားမက်ဦးအေးကို ကဆရာညှိ ပြုလုပ်တည်ဆောက်ခဲ့တဲ့ ဘုရားပုထိုးသိမ်များများကိုပြန်လည်မွန်းမံ ခဲ့သူပါ..
ဆရာဦးအေးကို တဝဂူ ဘုရားပွဲတွေမှာ အများနှင့်မတူ တမူထူးအောင် နှစ်စဉ် ဆွမ်းလောင်းတဲ့ နေရာကို(ရဲလောင်း) ပြုလုပ်လေ့ရှိပါတယ်..(ရေလိူင်းကြားက နဂါးကြီးပေါ်လာပြီး မီးများလွှတ်ပုံ….ဆင်ဖြူတော် လူပ်ရှားနေပုံ…)
ကိုဗစ် တတိယလိူင်းမှာ ကွယ်လွန်သွားပါတယ်…ဆရာဦးအေးကို ကွယ်လွန်သွားခြင်းကလည်း စက်မူ့လောက.. တဝဂူ ဘုရားပွဲ များအတွက် ဆုံးရူံးမူ့တခုပါ)
ကားဘော်ဒီဆရာညှိရဲ့ မြစ်ဆရာဦးအေးကို (AK) နှင့် ဒေါ်ရီရီ သားကိုစန်းဝင်းကတော့ စက်မူ့မြို့သစ်မှာ (AK စက်မူ့တွင်ခုံလုပ်ငန်း)အနေဖြင့်ဆရာညှိ မျိုးဆက်အနေဖြင့် အခုလက်ရှိလုပ်ကိုင်နေပါသေးတယ်…
တချိန် ကမြန်မာ အမျိုးသားရဲ့ဇာတိမာန်ပြရုပ် တခုအဖြစ်ဖော်ဆောင်ခဲ့ ဆိုက္ကား သမိုင်းကို ပုံဖော်ခွင့်ရလို့ကျေးဇူးပါ။
crd
Zawgyi
ေ႐ႊမႏၲေလးရဲ႕ ပုလဲေငြေရာင္ရပ္ က ျမန္မာျပည္၏ ပထမဦးဆုံး ဆိုက္ကားကို စတင္တီထြင္ခဲ့သူ”
မႏၲေလး ပုလဲေငြေရာင္ရပ္ က ျမန္မာျပည္ ပဌမဦးဆုံး ဆိုကၠား စတင္သူ..ဆိုကၠား (Side Car) ဆိုတာက စက္မလို ေလာင္စာဆီမလိုဘဲလူ႔အင္အားကို အသုံးျပဳၿပီး စက္ဘီးကို အေျခခံၿပီးေပၚလာတဲ့ ယာဥ္ပါ..
က်ေနာ္က ၈၃လမ္းႏွင့္ ၂၀-၂၁လမ္းၾကားမွာ ေကာင္းသန႔္ စက္ဘီးအပိုပစၥည္းဆိုင္ကို ၁၉၉၂ကစတင္ဖြင့္လွစ္ ခဲ့တာ အခုထိပါဘဲ..စက္ဘီးၿမိဳ႕ေတာ္ ဆိုေတာ့ စက္ဘီး ဆိုကၠားဆရာမ်ား က က်ေနာ္ရဲ႕ေဖာက္သည္ ေက်းဇူးရွင္ေတြပါ..
အရင္က စက္ဘီး ဆိုကၠား ေတာ္ေတာ္ေပါခဲ့ၿပီး လမ္းဆုံေထာင့္ေတြ တိုင္းမွာ ဆိုကၠားဂိတ္ေတြ ရွိၿပီး သြားခ်င္တဲ့ လိုရာခရီးကို အေရာက္ပို႔ေဆာင္ေပးခဲ့ၾကတာပါ…ႏွစ္စဥ္ ဆိုကၠား ဆရာမ်ားရဲ႕ေခြၽးနည္းစာမ်ားစုၿပီး ဂိတ္အလိုက္ စုေပါင္းဘုံကထိန္မွာ ခင္းၿပီ မဲက်ရာေက်ာင္းတိုက္ကို ဆိုကၠားမ်ားေပၚ
ပေဒသာပင္ တင္ၿပီစီတန္းလွည့္သြားၾကတာ ၾကည္ညိဳစရာပါ…အခုေတာ့ စက္ဘီး ၊ဆိုကၠား ေနရာမွာ ဆိုင္ကယ္ ၊မီနီအိုးေဝ တုတ္တုတ္ေတြ ေနရာယူလာၾကပါၿပီ…ေျပာျပခ်င္တာက..ျမန္မာျပည္ဆိုကၠား စတင္ေပၚလာတာက မႏၲေလးၿမိဳ႕ ပုလဲေငြေရာင္ရပ္က စတင္ခဲ့တာပါ…
၁၃၀၀ျပည့္ အေရးေတာ္ပုံႀကီးေပၚေပါက္လာေတာ့ ျမန္မာျပည္သူျပည္သားမ်ား ဟာ ႏိုင္ငံျခားသားပိုင္ပစၥည္း အသုံးမျပဳေရး သပိတ္ေမွာက္ၾကရာ…..ၿမိဳ႕လည္ေခါင္ေျပးဆြဲေနတဲ့ ဓာတ္ရထားေနရာမွာ ၿမိဳ႕သူၿမိဳ႕သားမ်ားက မစီးေတာ့ဘဲ.. စက္ဘီးကို သစ္သားျဖင့္ ေဘးတြဲ တြဲၿပီး (ယခင္က ဘယ္ခ်ိဳး) ဆိုကၠား ကို တီထြင္ခဲ့ပါတယ္…
ထိုစဥ္ က Raleigh က်ားစီးစက္ဘီးအသစ္မွ ၁၂၅က်ပ္ ႏွင့္ ဟာၾကဴလီ က်ားစီး တစီးမွ ၅၀က်ပ္ သာ ရွိသည္ဟုသိရပါသည္..(1938)ခုႏွစ္ဆိုကၠားကို ဦးစြာ ဒီဇိုင္းထုတ္ တီထြင္ခဲ့သူက ကားေဘာ္ဒီဆရာႀကီး ဆရာညႇိ ျဖစ္ပါတယ္..
ကားေဘာ္ဒီဆရာႀကီး ဆရာညႇိ ဟာ စစ္ကိုင္းတိုင္း ေ႐ႊဘို ဝက္လက္နယ္ က်ီးကန္႐ြာ ဇာတိျဖစ္ၿပီး ငယ္စဥ္ကတည္းက တီထြင္မူ႔ကို ဝါသနာပါတယ္လို႔ဆိုပါတယ္..႐ြာမွ ေရတြင္းကိုလည္းေလရဟတ္ႏွင့္ ေရတင္ဘို႔ တီထြင္ခဲ့ဘူးပါတယ္..ဆရာညႇိ ရဲ႕ အလုပ္႐ုံက ၈၂လမ္းႏွင့္ လမ္း၂၀ေထာင့္ တဝဂူ ဘုရားႏွင့္ ဓားလြယ္ခုတ္ လမ္းအေနာက္ဘက္မွာ အခုထိ ရွိေနပါတယ္..
အလုပ္႐ုံ ကေပ ၁၀၀ပတ္လည္ ရွိၿပီး ဆရာညႇိက ဆိုကၠားဒီဇိုင္းကို လက္ႏွင့္ ေလေပၚမွာပုံစံခ်ိဳး ၿပီး မွ လက္ေတြ႕လုပ္သူပါ…စက္ဘီးအေဟာင္းတစီး ကို အရင္ ပုံစံခ်ိဳးၿပီးစတင္လုပ္ကိုင္ခဲ့ၿပီး…အလုပ္သမား၃၀ ဦးႏွင့္ လုပ္ကိုင္ခဲ့ၿပီးတႏိုင္ငံလုံးျဖန႔္ခ်ီ ပါတယ္..
တေျဖးေျဖး ဆိုကၠား တတ္ဆင္ လုပ္ကိုင္ျခင္းအျပင္..စစ္က်န္ ဗိုက္ပူ ခ်က္ပလက္ ကားေတြ ကို ေဘာ္ဒီ ဒီဇိုင္းထုပ္ၿပီး လိုင္းကား ေတြကို ကိုယ္တိုင္ လႊစင္ႀကီးႏွင့္ ပုံစံခ်ိဳးၿပီးထုပ္လုပ္ခဲ့ပါေသးတယ္..
အရင္က အလႉပြဲ အၿငိမ့္ပြဲေတြ အတြက္ မီးစက္ႀကီးမ်ား ငွားရမ္းတဲ့အလုပ္လည္းလုပ္ပါတယ္…အဲဒီေခတ္အခါက မႏၲေလး စဥ့္ကူး- စဥ့္ကူး မႏၲေလး ကို အသြားအျပန္ ကားႏွစ္စီးထားၿပီး လိုင္းကားစတင္ေျပးဆြဲခဲ့တာပါ..
ဆရာညႇိ ႏွင့္ ဇနီး ေဒၚဉာဏ္ တို႔မွ သမီး ၂ ဦး(ေဒၚသန္ေမ၊ေဒၚသန္းေ႐ႊ) သား ၁ ဦး (ဦးကိုေလး)ထြန္းကားခဲ့ၿပီး..အသက္(၈၀ႏွစ္)၁၉၇၈ ႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္..
ဆရာညႇိမ်ိဳးဆက္အေနႏွင့္ တပည့္ သားမက္ ဦးလွေမာင္ သမီးေဒၚသန္းေ႐ႊက. သမီး၃ ဦး ေဒၚရီရီ၊ေဒၚႏြဲ႕ႏြဲ႕ရီ၊ေဒၚႏုႏုေဆြ တို႔ ေမြးဖြာခဲ့ၿပီး..သမီးႀကီးျဖစ္သူ ေဒၚရီရီက ေ႐ႊတိုက္႐ုံဝင္းပိုင္ရွင္ဦးလွေမာင္ သား ဆရာဦးေအးကို အေၾကာင္းပါၿပီး (AK) တြင္ခုံလုပ္ငန္း နာမည္ႏွင့္႐ုပ္ရွင္ျပစက္ေတြ ထုပ္လုပ္ပါတယ္..
ငယ္ငယ္ ကေညာင္ပင္ေဈးေက်ာင္းဆင္းလို႔ျပန္ရင္ ႐ုပ္ရွင္ ျပစက္ျပင္တဲ့ေနရာက ဝင္းထရံၾကားက ၾကည့္ခဲ့ဘူးတာ သတိရပါေသးတယ္..ဆရာညႇိရဲ႕ေျမးသားမက္ဦးေအးကို ကဆရာညႇိ ျပဳလုပ္တည္ေဆာက္ခဲ့တဲ့ ဘုရားပုထိုးသိမ္မ်ားမ်ားကိုျပန္လည္မြန္းမံ ခဲ့သူပါ..
ဆရာဦးေအးကို တဝဂူ ဘုရားပြဲေတြမွာ အမ်ားႏွင့္မတူ တမူထူးေအာင္ ႏွစ္စဥ္ ဆြမ္းေလာင္းတဲ့ ေနရာကို(ရဲေလာင္း) ျပဳလုပ္ေလ့ရွိပါတယ္..(ေရလိူင္းၾကားက နဂါးႀကီးေပၚလာၿပီး မီးမ်ားလႊတ္ပုံ….ဆင္ျဖဴေတာ္ လူပ္ရွားေနပုံ…)
ကိုဗစ္ တတိယလိူင္းမွာ ကြယ္လြန္သြားပါတယ္…ဆရာဦးေအးကို ကြယ္လြန္သြားျခင္းကလည္း စက္မူ႔ေလာက.. တဝဂူ ဘုရားပြဲ မ်ားအတြက္ ဆုံး႐ူံးမူ႔တခုပါ)
ကားေဘာ္ဒီဆရာညႇိရဲ႕ ျမစ္ဆရာဦးေအးကို (AK) ႏွင့္ ေဒၚရီရီ သားကိုစန္းဝင္းကေတာ့ စက္မူ႔ၿမိဳ႕သစ္မွာ (AK စက္မူ႔တြင္ခုံလုပ္ငန္း)အေနျဖင့္ဆရာညႇိ မ်ိဳးဆက္အေနျဖင့္ အခုလက္ရွိလုပ္ကိုင္ေနပါေသးတယ္…
တခ်ိန္ ကျမန္မာ အမ်ိဳးသားရဲ႕ဇာတိမာန္ျပ႐ုပ္ တခုအျဖစ္ေဖာ္ေဆာင္ခဲ့ ဆိုကၠား သမိုင္းကို ပုံေဖာ္ခြင့္ရလို႔ေက်းဇူးပါ။
crd
33
Crd