ေျမာက္ကိုရီးယားဒုံးက်ည္_ေရပိုင္နက္အနီးက်လာသျဖင့္_ေတာင္ကိုရီးယားတုံ႔ျပန္ပစ္ခတ္

ေျမာက္ကိုရီးယားဒုံးက်ည္_ေရပိုင္နက္အနီးက်လာသျဖင့္_ေတာင္ကိုရီးယားတုံ႔ျပန္ပစ္ခတ္
ေျမာက္ကိုရီးယား၏ ဒုံးက်ည္တစ္စင္းသည္ ေတာင္ကိုရီးယားေရပိုင္နက္အနီးသို႔ ပထမဆုံးအႀကိမ္ က်ေရာက္ခဲ့ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားဒံးုက်ည္ က်ေရာက္ၿပီးေနာက္ ဆိုးလ္ၿမိဳ႕အေရွ႕ပိုင္းရွိ ကြၽန္းတစ္ကြၽန္းေပၚရွိ ေဒသခံမ်ားကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခိုင္းကာ ေတာင္ကိုရီးယားက ဂ်က္တိုက္ေလယာဥ္မ်ားမွ ေဝဟင္မွ ေျမျပင္ပစ္ ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တုံ႔ျပန္ခဲ့သည္။
ဗုဒၶဟူးေန႔ မနက္က ေျမာက္ကိုရီးယား ဒုံးက်ည္ ၁၀ စင္းထက္မနည္း ပစ္ခတ္ခဲ့ရာတြင္ တစ္စင္းသည္ ေတာင္ကိုးရီးယားကမ္း႐ိုးတန္းမွ ကီလိုမီတာ ၆၀ (၃၇ မိုင္) ေအာက္သို႔ ဆင္းသက္ခဲ့ေၾကာင္းကို ေတာင္ကိုရီးယား စစ္တပ္ႏွင့္ ဂ်ပန္ ကမ္းေျခေစာင့္တပ္မ်ားက ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
ေျမာက္ကိုရီးယားမွ NLL မ်ဥ္းကိုျဖတ္၍ ေတာင္ဘက္သို႔ ဒုံးက်ည္တစ္စင္း ပစ္လႊတ္ၿပီး နာရီပိုင္းအၾကာတြင္ ေတာင္ကိုရီးယားေလတပ္၏ F-15K ႏွင့္ KF-16 ဂ်က္ေလယာဥ္မ်ားသည္ တိက်စြာ ပစ္ခတ္ႏိုင္ေသာ ပဲ့ထိန္းဒုံးက်ည္သုံးစင္းကို အေရွ႕ပင္လယ္ရွိ NLL ၏ ေျမာက္ဘက္ ေရျပင္သို႔ ပစ္ခတ္ခဲ့ေၾကာင္း ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားက ထုတ္ျပန္ခဲ့သည္။
ပိုင္းျခားေနေသာ ကြၽန္းဆြယ္တြင္ တင္းမာမႈမ်ား တိုးျမင့္လာျခင္းသည္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔ ဆက္လက္လုပ္ေဆာင္ေနသည့္ ႀကီးမားေသာ စစ္ေရးေလ့က်င့္မႈကို ရပ္တန႔္ရန္ ေျမာက္ကိုရီးယားက ေတာင္းဆိုကာ ေဒါသကို သည္းမခံႏိုင္ေတာ့ပါဟု ေျပာၾကားခဲ့ၿပီးေနာက္ ထပ္မံေပၚေပါက္လာျခင္း ျဖစ္သည္။
ေတာင္ကိုရီးယား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား (JCS) က ေျမာက္ကိုရီးယား ဒုံးက်ည္တစ္စင္းသည္ ကိုရီးယားႏွစ္ႏိုင္ငံၾကား တရားဝင္မဟုတ္ေသာ ပင္လယ္ေရေၾကာင္းနယ္နိမိတ္ျဖစ္သည့္ ေျမာက္ပိုင္း ကန႔္သတ္မ်ဥ္း၏ ေတာင္ဘက္ ၂၆ ကီလိုမီတာ (၁၆ မိုင္) အကြာတြင္ က်ေရာက္ခဲ့ၿပီး ၁၉၅၃ ခုႏွစ္ အပစ္အခတ္ရပ္စဲေရးေနာက္ပိုင္း ပထမဆုံးအႀကိမ္ဟု ထုတ္ျပန္ခဲ့သည္။
လုံးဝလက္မခံႏိုင္ပါ ဟု JCS မွ ေျပာၾကားၿပီး “ျပတ္ျပတ္သားသားတုံ႔ျပန္မည္” ဟု ထပ္ေလာင္းေျပာၾကားခဲ့သည္။
JCS ၏အဆိုအရ နံနက္ ၈ နာရီ ၅၁ မိနစ္ခန႔္တြင္ ေျမာက္ကိုရီးယား အေရွ႕ဘက္ကမ္း႐ိုးတန္းရွိ Wonsan အနီးတစ္ဝိုက္မွ ပစ္လႊတ္ခဲ့သည့္ တာတိုပစ္ဒုံးက်ည္ အမ်ားအျပားထဲမွ တစ္ခုျဖစ္ၿပီး Ulleung ကြၽန္းအတြက္ ေလေၾကာင္းတိုက္ခိုက္မႈ သတိေပးခ်က္ ထုတ္ျပန္ခဲ့ရသည္။
ဒုံးက်ည္သည္ အေရွ႕ဘက္ကမ္း႐ိုးတန္းရွိ Sokcho ၿမိဳ႕မွ ၅၇ ကီလိုမီတာ (၃၅ မိုင္) ႏွင့္ Ulleung မွ ၁၆၇ ကီလိုမီတာ (၁၀၄ မိုင္) အကြာတြင္ က်ေရာက္ခဲ့သည္။
သမၼတ ယြန္းေဆာ့ေယာလ္ က အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အစည္းအေဝးကို ေခၚယူခဲ့ၿပီး၊ သီတင္းပတ္ကုန္ရက္က ဆိုးလ္ အီေတးဝန္ခ႐ိုင္တြံင္း လူအုပ္ႀကီးအတြင္း ေသဆုံးခဲ့ရသူ လူ ၁၅၆ ဦးအတြက္ ႏိုင္ငံေတာ္ ဝမ္းနည္းျခင္းကာလမွာ ျဖစ္ပြားခဲ့သည့္ “မႀကဳံစဖူး” ပစ္လႊတ္မႈမ်ားကို ရႈတ္ခ်ခဲ့သည္။
NLL မ်ဥ္း၏ ေတာင္ဘက္သို႔ ဒုံးက်ည္က်ေရာက္ျခင္းသည္ “နယ္ေျမက်ဴးေက်ာ္မႈႏွင့္ တူညီသည္” ဟု အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ကို မီဒီယာမ်ားက ေဖာ္ျပထားသည္။
ေျမာက္ကိုရီးယားသည္ ယခုႏွစ္အတြင္း မႀကဳံစဖူး လက္နက္စမ္းသပ္မႈ အႀကိမ္အေရအတြက္သည္ ၂၀၁၉ ခုႏွစ္တြင္ ပစ္လႊတ္ခဲ့သည့္ စံခ်ိန္ထက္ ႏွစ္ဆေက်ာ္ေနၿပီျဖစ္ၿပီး မၾကာမီ န်ဴစမ္းသပ္မႈကို ျပန္လည္ျပဳလုပ္မည္ဟု ေမွ်ာ္လင့္ရသည္။
“ေျမာက္ကိုရီးယားဟာ အရင္က မေတြ႕ဖူးေသးတဲ့ နည္းလမ္းသစ္ေတြနဲ႔ ဒုံးက်ည္ေတြကို မႀကဳံစဖူး ႏႈန္းနဲ႔ အႀကိမ္ႀကိမ္ ပစ္လႊတ္ေနပါတယ္” ဟု ကာကြယ္ေရးဝန္ႀကီး ယာဆူကာဇူ ဟာမာဒါက တိုက်ိဳတြင္ သတင္းေထာက္မ်ားအား ဗုဒၶဟူးေန႔တြင္ ေျပာၾကားခဲ့သည္။
“ဒီလုပ္ရပ္ေတြဟာ ဂ်ပန္ႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနၿပီး က်ယ္ျပန႔္တဲ့ေဒသနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို သက္ေရာက္ေစတာ လုံးဝလက္မခံႏိုင္ပါဘူး” ဟု ေျပာသည္။
ၿပဳံယမ္းက ၎၏လက္နက္စမ္းသပ္မႈမ်ားသည္ “မိမိကိုယ္ကို ကာကြယ္ရန္” လိုအပ္ေၾကာင္းႏွင့္ မၾကာေသးမီက စမ္းသပ္မႈမ်ားသည္ က်ဴးေက်ာ္စစ္ေလ့က်င့္မႈအျဖစ္ ရႈျမင္သည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈႏွင့္ပတ္သက္၍ ဝါရွင္တန္ႏွင့္ ဆိုးလ္အား သတိေပးခ်က္တစ္ရပ္ျဖစ္ေၾကာင္း တုံ႔ျပန္ခဲ့သည္။
ေတာင္ကိုရီးယားႏွင့္ အေမရိကန္တို႔၏ Vigilant Storm ဟု အမည္ေပးထားသည့္ စစ္ေရးေလ့က်င့္မႈသည္ တနလၤာေန႔တြင္ စတင္ခဲ့ၿပီး ႏွစ္ဖက္စလုံးမွ စစ္ေလယာဥ္ ၂၄၀ ခန႔္ ပါဝင္ကာ မဟာမိတ္ႏွစ္ႏိုင္ငံ၏ အႀကီးဆုံးေသာ ေလ့က်င့္ခန္းမ်ားျဖစ္သည္။ ေတာင္ကိုရီးယားႏွင့္ အေမရိကန္၏ ပုံမွန္ေလ့က်င့္မႈ အစီအစဥ္၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က ေျပာၾကားခဲ့သည္။
“သူတို႔က ရန္စမႈမ်ိဳးနဲ႔ လုပ္တယ္ဆိုတဲ့ အယူအဆကို ကြၽန္ေတာ္တို႔ ျငင္းပယ္ပါတယ္၊ ေျမာက္ကိုရီးယားအေပၚ ရန္လိုတဲ့ ရည္႐ြယ္ခ်က္ မရွိဘူးဆိုတာကို ရွင္းရွင္းလင္းလင္း သိထားၿပီး ေလးနက္ၿပီး ေရရွည္တည္တံ့တဲ့ သံတမန္ေရးရာမွာ ပါဝင္ဖို႔ ေတာင္းဆိုထားပါတယ္” ဟု အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ အဒရီနင္း ဝတ္ဆပ္က ေျပာဆိုခဲ့သည္။
ေျမာက္ကိုရီးယားသည္ ၎၏ တရားမဝင္လက္နက္အစီအစဥ္မ်ားကို တိုးတက္လာေစရန္ႏွင့္ ေဒသတြင္းတည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနမႈအေပၚ တုံ႔ျပန္ရန္ ကြၽႏ္ုပ္တို႔၏မဟာမိတ္မ်ား၊ မိတ္ဖက္မ်ားႏွင့္ အနီးကပ္ ဆက္လက္လုပ္ေဆာင္သြားမည္ ဟု ဆိုခဲ့သည္။
crd
SOURCE: AL JAZEERA AND NEWS AGENCIES
Unicode
မြောက်ကိုရီးယားဒုံးကျည်_ရေပိုင်နက်အနီးကျလာသဖြင့်_တောင်ကိုရီးယားတုံ့ပြန်ပစ်ခတ်
မြောက်ကိုရီးယား၏ ဒုံးကျည်တစ်စင်းသည် တောင်ကိုရီးယားရေပိုင်နက်အနီးသို့ ပထမဆုံးအကြိမ် ကျရောက်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားဒံးုကျည် ကျရောက်ပြီးနောက် ဆိုးလ်မြို့အရှေ့ပိုင်းရှိ ကျွန်းတစ်ကျွန်းပေါ်ရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းကာ တောင်ကိုရီးယားက ဂျက်တိုက်လေယာဉ်များမှ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် ပစ်ခတ်တုံ့ပြန်ခဲ့သည်။
ဗုဒ္ဓဟူးနေ့ မနက်က မြောက်ကိုရီးယား ဒုံးကျည် ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ရာတွင် တစ်စင်းသည် တောင်ကိုးရီးယားကမ်းရိုးတန်းမှ ကီလိုမီတာ ၆၀ (၃၇ မိုင်) အောက်သို့ ဆင်းသက်ခဲ့ကြောင်းကို တောင်ကိုရီးယား စစ်တပ်နှင့် ဂျပန် ကမ်းခြေစောင့်တပ်များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားမှ NLL မျဉ်းကိုဖြတ်၍ တောင်ဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီး နာရီပိုင်းအကြာတွင် တောင်ကိုရီးယားလေတပ်၏ F-15K နှင့် KF-16 ဂျက်လေယာဉ်များသည် တိကျစွာ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည်သုံးစင်းကို အရှေ့ပင်လယ်ရှိ NLL ၏ မြောက်ဘက် ရေပြင်သို့ ပစ်ခတ်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များက ထုတ်ပြန်ခဲ့သည်။
ပိုင်းခြားနေသော ကျွန်းဆွယ်တွင် တင်းမာမှုများ တိုးမြင့်လာခြင်းသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆက်လက်လုပ်ဆောင်နေသည့် ကြီးမားသော စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ရန် မြောက်ကိုရီးယားက တောင်းဆိုကာ ဒေါသကို သည်းမခံနိုင်တော့ပါဟု ပြောကြားခဲ့ပြီးနောက် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များ (JCS) က မြောက်ကိုရီးယား ဒုံးကျည်တစ်စင်းသည် ကိုရီးယားနှစ်နိုင်ငံကြား တရားဝင်မဟုတ်သော ပင်လယ်ရေကြောင်းနယ်နိမိတ်ဖြစ်သည့် မြောက်ပိုင်း ကန့်သတ်မျဉ်း၏ တောင်ဘက် ၂၆ ကီလိုမီတာ (၁၆ မိုင်) အကွာတွင် ကျရောက်ခဲ့ပြီး ၁၉၅၃ ခုနှစ် အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ပထမဆုံးအကြိမ်ဟု ထုတ်ပြန်ခဲ့သည်။
လုံးဝလက်မခံနိုင်ပါ ဟု JCS မှ ပြောကြားပြီး “ပြတ်ပြတ်သားသားတုံ့ပြန်မည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
JCS ၏အဆိုအရ နံနက် ၈ နာရီ ၅၁ မိနစ်ခန့်တွင် မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းရှိ Wonsan အနီးတစ်ဝိုက်မှ ပစ်လွှတ်ခဲ့သည့် တာတိုပစ်ဒုံးကျည် အများအပြားထဲမှ တစ်ခုဖြစ်ပြီး Ulleung ကျွန်းအတွက် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
ဒုံးကျည်သည် အရှေ့ဘက်ကမ်းရိုးတန်းရှိ Sokcho မြို့မှ ၅၇ ကီလိုမီတာ (၃၅ မိုင်) နှင့် Ulleung မှ ၁၆၇ ကီလိုမီတာ (၁၀၄ မိုင်) အကွာတွင် ကျရောက်ခဲ့သည်။
သမ္မတ ယွန်းဆော့ယောလ် က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ပြီး၊ သီတင်းပတ်ကုန်ရက်က ဆိုးလ် အီတေးဝန်ခရိုင်တွံင်း လူအုပ်ကြီးအတွင်း သေဆုံးခဲ့ရသူ လူ ၁၅၆ ဦးအတွက် နိုင်ငံတော် ဝမ်းနည်းခြင်းကာလမှာ ဖြစ်ပွားခဲ့သည့် “မကြုံစဖူး” ပစ်လွှတ်မှုများကို ရှုတ်ချခဲ့သည်။
NLL မျဉ်း၏ တောင်ဘက်သို့ ဒုံးကျည်ကျရောက်ခြင်းသည် “နယ်မြေကျူးကျော်မှုနှင့် တူညီသည်” ဟု အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ကို မီဒီယာများက ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း မကြုံစဖူး လက်နက်စမ်းသပ်မှု အကြိမ်အရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ပစ်လွှတ်ခဲ့သည့် စံချိန်ထက် နှစ်ဆကျော်နေပြီဖြစ်ပြီး မကြာမီ နျူစမ်းသပ်မှုကို ပြန်လည်ပြုလုပ်မည်ဟု မျှော်လင့်ရသည်။
“မြောက်ကိုရီးယားဟာ အရင်က မတွေ့ဖူးသေးတဲ့ နည်းလမ်းသစ်တွေနဲ့ ဒုံးကျည်တွေကို မကြုံစဖူး နှုန်းနဲ့ အကြိမ်ကြိမ် ပစ်လွှတ်နေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူ ဟာမာဒါက တိုကျိုတွင် သတင်းထောက်များအား ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“ဒီလုပ်ရပ်တွေဟာ ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပြီး ကျယ်ပြန့်တဲ့ဒေသနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို သက်ရောက်စေတာ လုံးဝလက်မခံနိုင်ပါဘူး” ဟု ပြောသည်။
ပြုံယမ်းက ၎င်း၏လက်နက်စမ်းသပ်မှုများသည် “မိမိကိုယ်ကို ကာကွယ်ရန်” လိုအပ်ကြောင်းနှင့် မကြာသေးမီက စမ်းသပ်မှုများသည် ကျူးကျော်စစ်လေ့ကျင့်မှုအဖြစ် ရှုမြင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် ဆိုးလ်အား သတိပေးချက်တစ်ရပ်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ Vigilant Storm ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုသည် တနင်္လာနေ့တွင် စတင်ခဲ့ပြီး နှစ်ဖက်စလုံးမှ စစ်လေယာဉ် ၂၄၀ ခန့် ပါဝင်ကာ မဟာမိတ်နှစ်နိုင်ငံ၏ အကြီးဆုံးသော လေ့ကျင့်ခန်းများဖြစ်သည်။ တောင်ကိုရီးယားနှင့် အမေရိကန်၏ ပုံမှန်လေ့ကျင့်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
“သူတို့က ရန်စမှုမျိုးနဲ့ လုပ်တယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ငြင်းပယ်ပါတယ်၊ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိထားပြီး လေးနက်ပြီး ရေရှည်တည်တံ့တဲ့ သံတမန်ရေးရာမှာ ပါဝင်ဖို့ တောင်းဆိုထားပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အဒရီနင်း ဝတ်ဆပ်က ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ တရားမဝင်လက်နက်အစီအစဉ်များကို တိုးတက်လာစေရန်နှင့် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေမှုအပေါ် တုံ့ပြန်ရန် ကျွန်ုပ်တို့၏မဟာမိတ်များ၊ မိတ်ဖက်များနှင့် အနီးကပ် ဆက်လက်လုပ်ဆောင်သွားမည် ဟု ဆိုခဲ့သည်။
crd
SOURCE: AL JAZEERA AND NEWS AGENCIES
The post ေျမာက္ကိုရီးယားဒုံးက်ည္_ေရပိုင္နက္အနီးက်လာသျဖင့္_ေတာင္ကိုရီးယားတုံ႔ျပန္ပစ္ခတ္ appeared first on Myanmar Globe.
Crd