ေလာင္စာဆီရွားပါးမႈ့နဲ့ ကပ္ဆိုက္လာေနၿပီျဖစ္တဲ့ ကမာၻႀကီး..

ေလာင္စာဆီရွားပါးမႈ့နဲ့ ကပ္ဆိုက္လာေနၿပီျဖစ္တဲ့ ကမာၻႀကီး..

သဘာဝဓာတ္ေငြ႕ရည္ ေစ်းကြက္ အၾကပ္အတည္းစိုက္လာတာနဲ႔အတူ ကမာၻႀကီးရဲ႕ အဓိက ေရနံထုတ္လုပ္ရာ ႏိုင္ငံေတြကလဲ သူတို႔ရဲ႕ ထုတ္လုပ္မႈေတြကို ေလွ်ာ့ခ်လိုက္ပါတယ္။ ဒီလို ကိစၥေတြျဖစ္လာတဲ့အတြက္ ကမာၻႀကီးဟာ ” ပထမဆုံး စြမ္းအင္ေလာင္စာ ရွားပါးၾကပ္တည္းမႈ ကပ္ဆိုက္ေနၿပီ ” ျဖစ္ေၾကာင္း ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ ရဲ႕ ေခါင္းေဆာင္တစ္ဦးက ထုတ္ေျပာလိုက္ပါတယ္။

ယူကရိန္းအေရးအခင္း ျဖစ္ေနေသာ္လည္း ဥေရာပတစ္လႊားသို႔ ဓာတ္ေငြ႕ရည္တင္ပို႔မႈမွာ တိုးျမင့္လာေသာ္လည္း တ႐ုတ္ရဲ႕ ေလာင္စာတင္သြင္းမႈ ကန္႔သတ္လိုက္တာက ဓာတ္ေငြ႕ရည္ေစ်းကြက္ကို အနည္းငယ္ တံ့သြားေစပါတယ္။ ဒါေၾကာင့္မို႔လို႔ ေနာက္ႏွစ္ ေစ်းကြက္အတြင္း ဓာတ္ေငြ႕ရည္ေရာင္းခ်မႈပမာဏမွာ 20 ဘီလီယံကုဗမီတာ ေလာက္သာ ရွိေတာ့မယ္လို႔လဲ ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ က ေျပာထားပါတယ္။

ဒါ့အျပင္ ကမာၻ႔ OPEC+ ႏိုင္ငံမ်ားကလဲ သူတို႔ရဲ႕ ေရနံထုတ္လုပ္မႈပမာဏကို တစ္ရက္လွ်င္ စည္းေပါင္း 2 သန္းသာ ေလွ်ာ့ခ်ထုတ္လုပ္ေတာ့မယ္ လို႔ မၾကာေသးခင္က သတင္းထုတ္ျပန္လိုက္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ကမာၻနဲ႔အဝွမ္း ေလာင္စာဆီလိုအပ္ခ်က္ ျမင့္မားလာေနစဥ္မွာ ဒီလိုလုပ္တာ မိမိအေနနဲ႔ အံ့ၾသမိေၾကာင္း ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ အႀကီးအကဲက ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

ကမာၻေပၚလာ ေလာင္စာဆီေစ်းေတြျမင့္တက္လာျခင္း​ဟာ တျခားကိစၥေတြနဲ႔ အဆင္မေျပျဖစ္ေနၾကတဲ့ ကမာၻသူကမာၻသားေတြအေပၚ ရက္စက္ရာက်ေၾကာင္း ဒါ့အျပင္ အလြန္ခ်မ္းေအးတဲ့ ေျမာက္ပိုင္းေဆာင္းရာသီကို ခံစားရေတာ့မဲ့ ဥေရာပက လူေတြအတြက္ ပိုမိုခက္ခဲလာေစမွာ ျဖစ္တယ္လို႔လဲ ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ က ထုတ္ျပန္ထားပါတယ္။

2023 ခုႏွစ္အတြင္း ကမာၻေပၚမွာ ေလာင္စာဆီပမာဏ တစ္ရက္လွ်င္ 1.7 သန္းေလာက္လိုအပ္လာမွာလဲ ျဖစ္ပါတယ္။ တကယ္လို႔ ဒီလိုျဖစ္လာခဲ့ရင္ ႐ုရွားေရနံေတြကိုပါ လိုအပ္လာမွာျဖစ္လို႔ ကမာၻ႔ေခါင္းေဆာင္ေတြအေနနဲ႔ ေဆြးေႏြးအေျဖရွာဖို႔လဲ ၎တို႔က တိုက္တြန္းထားပါတယ္။

Crd..ThetHtet
OilCrisis
Photo-Internet

Unicode

လောင်စာဆီရှားပါးမှု့ ကပ်ဆိုက်လာနေပြီဖြစ်တဲ့ ကမ္ဘာကြီး..

သဘာဝဓာတ်ငွေ့ရည် ဈေးကွက် အကြပ်အတည်းစိုက်လာတာနဲ့အတူ ကမ္ဘာကြီးရဲ့ အဓိက ရေနံထုတ်လုပ်ရာ နိုင်ငံတွေကလဲ သူတို့ရဲ့ ထုတ်လုပ်မှုတွေကို လျှော့ချလိုက်ပါတယ်။ ဒီလို ကိစ္စတွေဖြစ်လာတဲ့အတွက် ကမ္ဘာကြီးဟာ ” ပထမဆုံး စွမ်းအင်လောင်စာ ရှားပါးကြပ်တည်းမှု ကပ်ဆိုက်နေပြီ ” ဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ ရဲ့ ခေါင်းဆောင်တစ်ဦးက ထုတ်ပြောလိုက်ပါတယ်။

ယူကရိန်းအရေးအခင်း ဖြစ်နေသော်လည်း ဥရောပတစ်လွှားသို့ ဓာတ်ငွေ့ရည်တင်ပို့မှုမှာ တိုးမြင့်လာသော်လည်း တရုတ်ရဲ့ လောင်စာတင်သွင်းမှု ကန့်သတ်လိုက်တာက ဓာတ်ငွေ့ရည်ဈေးကွက်ကို အနည်းငယ် တံ့သွားစေပါတယ်။ ဒါကြောင့်မို့လို့ နောက်နှစ် ဈေးကွက်အတွင်း ဓာတ်ငွေ့ရည်ရောင်းချမှုပမာဏမှာ 20 ဘီလီယံကုဗမီတာ လောက်သာ ရှိတော့မယ်လို့လဲ နိုင်ငံတကာစွမ်းအင်အေဂျင်စီ က ပြောထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့ OPEC+ နိုင်ငံများကလဲ သူတို့ရဲ့ ရေနံထုတ်လုပ်မှုပမာဏကို တစ်ရက်လျှင် စည်းပေါင်း 2 သန်းသာ လျှော့ချထုတ်လုပ်တော့မယ် လို့ မကြာသေးခင်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာနဲ့အဝှမ်း လောင်စာဆီလိုအပ်ချက် မြင့်မားလာနေစဉ်မှာ ဒီလိုလုပ်တာ မိမိအနေနဲ့ အံ့သြမိကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ အကြီးအကဲက ထုတ်ဖော်ပြောကြားသွားပါတယ်။

ကမ္ဘာပေါ်လာ လောင်စာဆီဈေးတွေမြင့်တက်လာခြင်းဟာ တခြားကိစ္စတွေနဲ့ အဆင်မပြေဖြစ်နေကြတဲ့ ကမ္ဘာသူကမ္ဘာသားတွေအပေါ် ရက်စက်ရာကျကြောင်း ဒါ့အပြင် အလွန်ချမ်းအေးတဲ့ မြောက်ပိုင်းဆောင်းရာသီကို ခံစားရတော့မဲ့ ဥရောပက လူတွေအတွက် ပိုမိုခက်ခဲလာစေမှာ ဖြစ်တယ်လို့လဲ နိုင်ငံတကာစွမ်းအင်အေဂျင်စီ က ထုတ်ပြန်ထားပါတယ်။

2023 ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ လောင်စာဆီပမာဏ တစ်ရက်လျှင် 1.7 သန်းလောက်လိုအပ်လာမှာလဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်လာခဲ့ရင် ရုရှားရေနံတွေကိုပါ လိုအပ်လာမှာဖြစ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေးအဖြေရှာဖို့လဲ ၎င်းတို့က တိုက်တွန်းထားပါတယ်။

Crd..ThetHtet
OilCrisis
Photo-Internet

The post ေလာင္စာဆီရွားပါးမႈ့နဲ့ ကပ္ဆိုက္လာေနၿပီျဖစ္တဲ့ ကမာၻႀကီး.. appeared first on Entertainment.

Crd