ေရနံေတြ ေစ်းေလွ်ာ့ေရာင္းခ်ပးမယ္လို႔ ႐ုရွားဘက္က စတင္ ေလေျပထိုးလာ…..

႐ုရွားႏိုင္ငံက သူ႔ရဲ႕ေရနံေတြကို ေစ်းေလွ်ာ့ေရာင္းမယ္လို႔ ေၾကညာၿပီးတဲ့ေနာက္ ေရနံေစ်းကြက္ဟာ အနည္းငယ္ျပန္လည္တည္ၿငိမ္လာေနတယ္ လို႔ Saudi Aramco ရဲ႕ CEO Amin H. Nasser ကေျပာသြားပါတယ္။ ၿပီးခဲ့တဲ့ရက္ေတြတုံးကေတာ့ ေရနံေစ်းကြက္ဟာ သတင္းေပါင္းစုံေၾကာင့္ မတည္မၿငိမ္ျဖစ္ေနခဲ့တာပါ။
ကမာၻ႔ဒုတိယေျမာက္ စြမ္းအင္အျဖဳန္းတီးဆုံး ႏိုင္ငံႀကီးျဖစ္တဲ့ တ႐ုတ္ႏိုင္ငံကလဲ Covid ဒဏ္ေၾကာင့္ ကန္႔သတ္မႈေတြခ်ထားလို႔ ေရနံတင္သြင္းတာကို ေလွ်ာ့ခ်ထားတာျဖစ္ပါတယ္။ ႀကီးမားလွတဲ့ တ႐ုတ္ေစ်းကြက္ရဲ႕ ဝယ္လိုအားေတြ က်ဆင္းသြားခဲ့ရတာေၾကာင့္ ေရနံစိမ္းေစ်းကြက္ကို အေတာ္ေလးအထိနာ အၾကပ္႐ိုက္ေစပါတယ္။
ဒီအခ်ိန္မွာပဲ အခ်ိန္ကိုက္အေနနဲ႔ ကမာၻ႔ေရနံအဓိကထုတ္လုပ္ရာတိုင္းျပည္ေတြစုၿပီး ဖြဲ႕စည္းထားတဲ့ OPEC+ အဖြဲ႕ႀကီးကလည္း သူတို႔ရဲ႕ ေရနံထုတ္လုပ္မႈကို ေလွ်ာ့ခ်မယ္လို႔ ထုတ္ျပန္လာပါတယ္။ OPEC အဖြဲ႕ႀကီးက တစ္ရက္လွ်င္ ေရနံစိမ္းစည္ေပါင္း 2 သန္းခန္႔သာ ေလွ်ာ့ခ်ထုတ္လုပ္မယ္လို႔ သတင္းထုတ္လိုက္တဲ့အတြက္ အားလုံးက စိုးရိမ္သြားခဲ့ၾကတာပါ။
႐ုရွား ေရနံစက္႐ုံတစ္ခုတြင္ ေတြ႕ရေသာ ပူတင္
ယေန႔လက္ရွိ ကမာၻေပၚမွာ ေရနံသုံးစြဲမႈ ပမာဏက တစ္ရက္ လွ်င္ စည္ေပါင္း 1.5 သန္းရွိတယ္လို႔ သိရၿပီး လာမဲ့ 2023 ခုႏွစ္မွာ တစ္ရက္လွ်င္ စည္ေပါင္း ပ်မ္းမွ် 1.8 သန္းခန္႔ သုံးစြဲလာႏိုင္တယ္လို႔လဲ သုေတသီေတြက ေျပာထားပါတယ္။ အဲ့ဒီလို ထုတ္လုပ္မႈေတြေလွ်ာ့ခ်လိုက္ျခင္းေၾကာင့္ စြမ္းအင္အၾကပ္အတည္းေတြ ပိုျဖစ္လာႏိုင္ေၾကာင္းလဲ သုေတသီေတြက ေျပာထားပါတယ္။
အခုမွာေတာ့ ႐ုရွားဘက္ကေနၿပီး ေလသံေပ်ာ့လာကာ သူ႔ဘက္က ေရနံကို ေလွ်ာ့ေစ်းနဲ႔ တင္ပို႔ေပးမယ္ျဖစ္တယ္လို႔ စကားစလာပါတယ္။ ဒါေပမဲ့ ႐ုရွားေရနံေတြ ေစ်းကြက္ထဲေရာက္လာတာနဲ႔ ဒီအၾကပ္အတည္းေတြကို မေျပလည္ေစဘူးလို႔လဲ Amin ကေျပာထားပါေသးတယ္။
Crd..ThetHtet
CrudeOil
Photo-internet
Unicode
ရေနံတွေ ဈေးလျှော့ရောင်းချပးမယ်လို့ ရုရှားဘက်က စတင် လေပြေထိုးလာ…..
ရုရှားနိုင်ငံက သူ့ရဲ့ရေနံတွေကို ဈေးလျှော့ရောင်းမယ်လို့ ကြေညာပြီးတဲ့နောက် ရေနံဈေးကွက်ဟာ အနည်းငယ်ပြန်လည်တည်ငြိမ်လာနေတယ် လို့ Saudi Aramco ရဲ့ CEO Amin H. Nasser ကပြောသွားပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုံးကတော့ ရေနံဈေးကွက်ဟာ သတင်းပေါင်းစုံကြောင့် မတည်မငြိမ်ဖြစ်နေခဲ့တာပါ။
ကမ္ဘာ့ဒုတိယမြောက် စွမ်းအင်အဖြုန်းတီးဆုံး နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံကလဲ Covid ဒဏ်ကြောင့် ကန့်သတ်မှုတွေချထားလို့ ရေနံတင်သွင်းတာကို လျှော့ချထားတာဖြစ်ပါတယ်။ ကြီးမားလှတဲ့ တရုတ်ဈေးကွက်ရဲ့ ဝယ်လိုအားတွေ ကျဆင်းသွားခဲ့ရတာကြောင့် ရေနံစိမ်းဈေးကွက်ကို အတော်လေးအထိနာ အကြပ်ရိုက်စေပါတယ်။
ဒီအချိန်မှာပဲ အချိန်ကိုက်အနေနဲ့ ကမ္ဘာ့ရေနံအဓိကထုတ်လုပ်ရာတိုင်းပြည်တွေစုပြီး ဖွဲ့စည်းထားတဲ့ OPEC+ အဖွဲ့ကြီးကလည်း သူတို့ရဲ့ ရေနံထုတ်လုပ်မှုကို လျှော့ချမယ်လို့ ထုတ်ပြန်လာပါတယ်။ OPEC အဖွဲ့ကြီးက တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း 2 သန်းခန့်သာ လျှော့ချထုတ်လုပ်မယ်လို့ သတင်းထုတ်လိုက်တဲ့အတွက် အားလုံးက စိုးရိမ်သွားခဲ့ကြတာပါ။
ရုရှား ရေနံစက်ရုံတစ်ခုတွင် တွေ့ရသော ပူတင်
ယနေ့လက်ရှိ ကမ္ဘာပေါ်မှာ ရေနံသုံးစွဲမှု ပမာဏက တစ်ရက် လျှင် စည်ပေါင်း 1.5 သန်းရှိတယ်လို့ သိရပြီး လာမဲ့ 2023 ခုနှစ်မှာ တစ်ရက်လျှင် စည်ပေါင်း ပျမ်းမျှ 1.8 သန်းခန့် သုံးစွဲလာနိုင်တယ်လို့လဲ သုတေသီတွေက ပြောထားပါတယ်။ အဲ့ဒီလို ထုတ်လုပ်မှုတွေလျှော့ချလိုက်ခြင်းကြောင့် စွမ်းအင်အကြပ်အတည်းတွေ ပိုဖြစ်လာနိုင်ကြောင်းလဲ သုတေသီတွေက ပြောထားပါတယ်။
အခုမှာတော့ ရုရှားဘက်ကနေပြီး လေသံပျော့လာကာ သူ့ဘက်က ရေနံကို လျှော့ဈေးနဲ့ တင်ပို့ပေးမယ်ဖြစ်တယ်လို့ စကားစလာပါတယ်။ ဒါပေမဲ့ ရုရှားရေနံတွေ ဈေးကွက်ထဲရောက်လာတာနဲ့ ဒီအကြပ်အတည်းတွေကို မပြေလည်စေဘူးလို့လဲ Amin ကပြောထားပါသေးတယ်။
Crd..ThetHtet
CrudeOil
Photo-internet
Crd