ေဘာလုံးကြင္းအ႐ြယ္အစားထက္ပိုက်ယ္တဲ့ေတာင္ပံနဲ႔ ကမာၻ႔အႀကီးဆုံး ေလယာဥ္ႀကီးဟာ ၎ရဲ႕ အသံထက္ျမန္ေသာ ေရွ႕ေျပးပုံစံယာဥ္ကို သယ္ေဆာင္ကာ စမ္းသပ္ပ်ံသန္းခဲ့…..

ေဘာလုံးကြင္းအ႐ြယ္အစားထက္ပိုက်ယ္တဲ့ေတာင္ပံနဲ႔ ကမာၻ႔အႀကီးဆုံး ေလယာဥ္ႀကီးဟာ ၎ရဲ႕ အသံထက္ျမန္ေသာ ေရွ႕ေျပးပုံစံယာဥ္ကို သယ္ေဆာင္ကာ စမ္းသပ္ပ်ံသန္းခဲ့…..

၎ရဲ႕ ၃၈၃ ေပရွည္ေသာ ေတာင္ပံေၾကာင့္ ကမာၻ႔အႀကီးဆုံး ေလယာဥ္အျဖစ္ ေဖာ္ျပခံရေသာ Stratolaunch ရဲ႕ Roc carrier ေလယာဥ္ႀကီးဟာ ၎ရဲ႕ Talon-A အသံထက္ျမန္ေသာယာဥ္ကို တင္ေဆာင္ကာ ပထမဆုံးအႀကိမ္အျဖစ္ ကယ္လီဖိုးနီးယား Mojave Air and Space Port ကေန Mojave သဲကႏၲာရေပၚရွိ ေကာင္းကင္ယံသို႔ ၅ နာရီနဲ႔ ၆ မိနစ္ၾကာ ေအာင္ျမင္စြာပ်ံသန္းခဲ့ပါတယ္။

ဒီဇင္ဘာလမွာ ျပဳလုပ္ဖို႔ စီစဥ္ထားေသာ စမ္းသပ္မႈတစ္ခုၿပီးတဲ့ေနာက္ အနာဂတ္မွာ Talon ယာဥ္မ်ားကို အာကာသထဲသို႔ လႊတ္တင္သြားမွာျဖစ္ပါတယ္။ အသံထက္ ငါးဆပိုမိုေသာ အျမန္ႏႈန္းျဖင့္ ဝန္မ်ားကို သယ္ေဆာင္ႏိုင္ေသာ Talon-A (TA-0), a 28-foot-long (8.5 meters) စမ္းသပ္ယာဥ္ကို ၎ရဲ႕ေတာင္ပံအလယ္ဗဟိုမွာ ခိုင္ၿမဲစြာ ခ်ိတ္တြဲထားကာ ပ်ံသန္းခဲ့ျခင္းျဖစ္ပါတယ္။

အျမင့္ဆုံး အျမင့္ေပ 23,000 (မီတာ 7,000) သို႔ေရာက္ရွိခဲ့တဲ့ Roc ဟာ ေဝဟင္အလယ္ပိုင္းမွ လႊတ္တင္ဖို႔ ဒီဇိုင္းထုတ္ထားတဲ့ Talon-A ကို သယ္ေဆာင္ႏိုင္စြမ္းရွိေၾကာင္း သက္ေသျပခဲ့ပါတယ္။ Talon-A ဟာ Stratolaunch မွ တီထြင္ထုတ္လုပ္ထားတဲ့ ဒုံးပ်ံစြမ္းအင္သုံး Talon ယာဥ္မ်ားထဲမွ တစ္ခုျဖစ္ၿပီး Mach 6 အထိ အျမန္ႏႈန္း သို႔မဟုတ္ အသံရဲ႕ အျမန္ႏႈန္း ေျခာက္ဆအထိ ေရာက္ရွိႏိုင္ပါတယ္။

ယခုႏွစ္ ဒီဇင္ဘာလမွာ ပစိဖိတ္သမုဒၵရာအတြင္း Talon-A ေရွ႕ေျပးပုံစံကို စမ္းသပ္မႈျပဳလုပ္မည္ျဖစ္ၿပီး ေအာင္ျမင္ပါက ကုမၸဏီအေနနဲ႔ ၎ရဲ႕ပထမဆုံး အသံထက္ျမန္ေသာစမ္းသပ္ယာဥ္ျဖစ္တဲ့ Talon-A TA-1 ကို 2023 ခုႏွစ္မွာ ထုတ္ေဖာ္ျပဖို႔ ရည္မွန္းထားပါတယ္။
Stratolaunch’s Roc ဟာ ေယဘုယ်အားျဖင့္ 345 ေပပတ္လည္ရွိေသာ ေဘာလုံးကြင္းတစ္ခုရဲ႕အရွည္ထက္ ပိုက်ယ္ပါတယ္။

ေပါင္ 500,000 (230,000 ကီလိုဂရမ္) ခန႔္ အေလးခ်ိန္ရွိၿပီး အမ်ားဆုံး အေလးခ်ိန္ ေပါင္ 1.3 သန္း (589,676 ကီလိုဂရမ္) ျဖင့္ ပ်ံသန္းႏိုင္ပါတယ္။ Stratolaunch ကုမၸဏီကို 2011 ခုႏွစ္ စတင္တည္ေထာင္ခဲ့စဥ္က ပေရာဂ်က္ရဲ႕ ကုန္က်စရိတ္ဟာ ကနဦးမွာ ေပါင္ 215 သန္း (ေဒၚလာ 300 သန္း) ျဖစ္မယ္ဟု ခန႔္မွန္းထားေသာ္လည္း

၎ဟာ 2019 ခုႏွစ္မွာ ေဒၚလာ သန္း 400 ထက္ပင္ တန္ဖိုးရွိေၾကာင္း CNBC က ဆိုပါတယ္။ Boeing 747s မွာအသုံးျပဳတဲ့ အမ်ိဳးအစားတူ အင္ဂ်င္မ်ားျဖင့္ ေမာင္းႏွင္ထားတဲ့ Stratolaunch ရဲ႕ ေလယာဥ္ဟာ အျမင့္ဆုံးျမန္ႏႈန္း တစ္နာရီလွ်င္ 530 mph (853 km/h) ႏႈန္းနဲ႔ ပ်ံသန္းႏိုင္ပါတယ္။

Crd..Ga Mone Pwint – GMP Motors

Unicode

ဘောလုံးကွင်းအရွယ်အစားထက်ပိုကျယ်တဲ့တောင်ပံနဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးဟာ ၎င်းရဲ့ အသံထက်မြန်သော ရှေ့ပြေးပုံစံယာဉ်ကို သယ်ဆောင်ကာ စမ်းသပ်ပျံသန်းခဲ့…..

၎င်းရဲ့ ၃၈၃ ပေရှည်သော တောင်ပံကြောင့် ကမ္ဘာ့အကြီးဆုံး လေယာဉ်အဖြစ် ဖော်ပြခံရသော Stratolaunch ရဲ့ Roc carrier လေယာဉ်ကြီးဟာ ၎င်းရဲ့ Talon-A အသံထက်မြန်သောယာဉ်ကို တင်ဆောင်ကာ ပထမဆုံးအကြိမ်အဖြစ် ကယ်လီဖိုးနီးယား Mojave Air and Space Port ကနေ Mojave သဲကန္တာရပေါ်ရှိ ကောင်းကင်ယံသို့ ၅ နာရီနဲ့ ၆ မိနစ်ကြာ အောင်မြင်စွာပျံသန်းခဲ့ပါတယ်။

ဒီဇင်ဘာလမှာ ပြုလုပ်ဖို့ စီစဉ်ထားသော စမ်းသပ်မှုတစ်ခုပြီးတဲ့နောက် အနာဂတ်မှာ Talon ယာဉ်များကို အာကာသထဲသို့ လွှတ်တင်သွားမှာဖြစ်ပါတယ်။ အသံထက် ငါးဆပိုမိုသော အမြန်နှုန်းဖြင့် ဝန်များကို သယ်ဆောင်နိုင်သော Talon-A (TA-0), a 28-foot-long (8.5 meters) စမ်းသပ်ယာဉ်ကို ၎င်းရဲ့တောင်ပံအလယ်ဗဟိုမှာ ခိုင်မြဲစွာ ချိတ်တွဲထားကာ ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်။

အမြင့်ဆုံး အမြင့်ပေ 23,000 (မီတာ 7,000) သို့ရောက်ရှိခဲ့တဲ့ Roc ဟာ ဝေဟင်အလယ်ပိုင်းမှ လွှတ်တင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ Talon-A ကို သယ်ဆောင်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပါတယ်။ Talon-A ဟာ Stratolaunch မှ တီထွင်ထုတ်လုပ်ထားတဲ့ ဒုံးပျံစွမ်းအင်သုံး Talon ယာဉ်များထဲမှ တစ်ခုဖြစ်ပြီး Mach 6 အထိ အမြန်နှုန်း သို့မဟုတ် အသံရဲ့ အမြန်နှုန်း ခြောက်ဆအထိ ရောက်ရှိနိုင်ပါတယ်။

ယခုနှစ် ဒီဇင်ဘာလမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း Talon-A ရှေ့ပြေးပုံစံကို စမ်းသပ်မှုပြုလုပ်မည်ဖြစ်ပြီး အောင်မြင်ပါက ကုမ္ပဏီအနေနဲ့ ၎င်းရဲ့ပထမဆုံး အသံထက်မြန်သောစမ်းသပ်ယာဉ်ဖြစ်တဲ့ Talon-A TA-1 ကို 2023 ခုနှစ်မှာ ထုတ်ဖော်ပြဖို့ ရည်မှန်းထားပါတယ်။
Stratolaunch’s Roc ဟာ ယေဘုယျအားဖြင့် 345 ပေပတ်လည်ရှိသော ဘောလုံးကွင်းတစ်ခုရဲ့အရှည်ထက် ပိုကျယ်ပါတယ်။

ပေါင် 500,000 (230,000 ကီလိုဂရမ်) ခန့် အလေးချိန်ရှိပြီး အများဆုံး အလေးချိန် ပေါင် 1.3 သန်း (589,676 ကီလိုဂရမ်) ဖြင့် ပျံသန်းနိုင်ပါတယ်။ Stratolaunch ကုမ္ပဏီကို 2011 ခုနှစ် စတင်တည်ထောင်ခဲ့စဉ်က ပရောဂျက်ရဲ့ ကုန်ကျစရိတ်ဟာ ကနဦးမှာ ပေါင် 215 သန်း (ဒေါ်လာ 300 သန်း) ဖြစ်မယ်ဟု ခန့်မှန်းထားသော်လည်း

၎င်းဟာ 2019 ခုနှစ်မှာ ဒေါ်လာ သန်း 400 ထက်ပင် တန်ဖိုးရှိကြောင်း CNBC က ဆိုပါတယ်။ Boeing 747s မှာအသုံးပြုတဲ့ အမျိုးအစားတူ အင်ဂျင်များဖြင့် မောင်းနှင်ထားတဲ့ Stratolaunch ရဲ့ လေယာဉ်ဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် 530 mph (853 km/h) နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

Crd..Ga Mone Pwint – GMP Motors

Crd