ေပါက္ေဖာ္ေတြ ေျမရွားသတၱဳကို ျမန္မာျပည္မွာ အသည္းအသန္ လာတူးရတဲ့ အဓိကအေၾကာင္းရင္း

ေပါက္ေဖာ္ေတြ ေျမရွားသတၱဳကို ျမန္မာျပည္မွာ အသည္းအသန္ လာတူးရတဲ့ အဓိကအေၾကာင္းရင္း

Unicode

မြေရှား Rare Earth တူးတယ်ဆိုတာ (၁) တတောင်လုံးကို အပေါက်ဖေါက်ပြီးရင်အက်ဆစ် လောင်းထည့် (၂) တောင်အောက်ဆုံးမှာလို;င်ခေါင်းဖေါက်ပြီး

အက်ဆစ် လောင် ကျလာတဲ့ အရည်ကိုခံယူရတာပါ။ဒါကြောင့် တောင် မရှိတဲ့နေရာလုပ်ရင် ကုန်ကျစရိတ်မကာမိဘူး။ မြေကိုတူးပြီးသီးသန့်ခွဲထုတ်ရလို့ ကုန်ကျစရိတ်များတယ်။ ခုလို တောင် ထူထပ်တဲ့နေရာမှာလုပ်ရင် အေးဆေးပဲ။

(၃) Rare Earth ဆိုတာ တကယ့်မြေရှား သတ္တု မဟုတ်။ မြေ ရှိတဲ့နေရာတိုင်းက စစ်ယူလို့ရတယ်။ ပြဿနာက အဲ့လို တောင်တခုလုံး

ဖျက်ဆီးလိုက်ဖို့ နေရာ ရှားသွားတဲ့ အချက်ပါ။ (၄) တောင်လုံးကြီးဖျက်လို့မရရင် မြေကြီးကိုတူးယူပြီးသီးသန့်စက်ရုံထောင် ခွဲထုတ်ယူတဲ့နည်းဟာ အင်မတန် အဖိုးအခများတယ်။ မကိုက်ဘူး။

(၅) ကချင်ပြည်နယ်က တောင်တွေဟာတခုပြီးတခုအဆိပ်သင့်တဲ့ ရေတွေနဲ့ ကျန်ခဲ့မှာပါ။ (၆) ကုန်းနေ၊ရေနေသတ္တဝါအကုန်မျိုးတုန်းသွားနိုင်။

(၇) အဆိုးဆုံးကတော့အဲ့လိုအက်ဆစ်ရည် လောင်းထည့်မဲ့ နေရာဟာ မြန်မာတပြည်လုံးစီးဆင်းနေတဲ့ဧရာဝတီ မြစ်ဖျားခံရာ မေခနဲ့ မလိခ မြစ်ဖျားမှာ တည်ရှိတဲ့အချက်ပဲ။ တနိုင်ငံလုံး ကင်ဆာရောဂါ နဲ့ အစတုံးသွားနိုင်တယ်။ (Jet Ai Wunpawng)

မြေရှားသတ္ထုဆိုတာ ဘာလဲ၊ မြေရှားသတ္ထုကို အင်္ဂလိပ်လို Rare Earth လို့ခေါ်ပါတယ်။ သတ်မှတ်ထားတဲ့ ဒြပ်စင် ၁၇ အုပ်စုရှိပါတယ်။ အဲဒါတွေကို မြေရှားသတ္ထုလို့ခေါ်တာပါ။

မြေရှားသတ္ထုကို ဘယ်မှာသုံးလဲ၊ မြေရှားသတ္တုတွေကို အထူးသဖြင့်တော့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ကုမ္ပဏီတွေက ဝယ်သူသုံးစွဲကြပါတယ်။

မြေရှားသတ္ထုကို လျှပ်စစ်ကား ဘတ္ထရီအတွက် အများဆုံးသုံးကြတာပါ။ တခြား လျှပ်စစ်ပစ္စည်းထုတ်လုပ်တာတွေ၊ ဖန်ထည်မှန်ထည် လုပ်ငန်းတွေမှာလည်း သုံးကြပါသေးတယ်။

မြန်မာနိုင်ငံက ဘယ်နေရာတွေမှာ မြေရှားသတ္ထုတွေ့ရလဲ၊ မြေရှားသတ္ထုကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ

အများဆုံးတွေ့ရပါတယ်။ ပန်ဝါဒေသဟာ အထူးဒေသ(၁) ဖြစ်ပြီး အသွင်ပြောင်းပြည်သူ့စစ် ဦးစခုန်တိမ့်ယန်း ချုပ်ကိုင်ထားတဲ့နယ်မြေပါ။ အဲဒီမှာ မြေရှားသတ္ထုအများအပြားရှိတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဘက်မှာလည်း အများအပြားရှိပါတယ်။

တကယ်ကျ မြေရှားသတ္ထုဆိုတာ ကမ္ဘာ့အပေါ်ယံမြေလွှာထဲမှာ အများအပြားရှိနေတာပါ။ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ တခြားနိုင်ငံတွေမှာလည်းရှိပါတယ်။ မြေရှားသတ္ထုရဲ့သဘောက သူချည်းရှိနေတာမဟုတ်ဘဲ တခြားဒြပ်စင်တွေနဲ့

ရောနှောနေလို့ ပြန်လည် ခွဲထုတ်ရပါတယ်။ ဒီလိုခွဲထုတ်ရတာက ကုန်ကျစရိတ်ကြီးလွန်းတာ ဖြစ်ပါတယ်။ တရုတ်လို ငွေကြေးတောင့်တင်းတဲ့နိုင်ငံကတော့ ကိုယ်နိုင်ငံမှာရှိတဲ့ မြေရှားသတ္ထုကို မထုတ်လုပ်ဘဲ အရေးပေါ်လိုအပ်ချက်တွေ ထားရှိပြီး တခြားနိုင်ငံတွေဆီက ဝယ်သုံးပါတယ်။

မြေရှားသတ္ထုကို ဘယ်သူဝယ်သလဲ၊ မြန်မာနိုင်ငံကနေ မြေရှားသတ္ထုကို အများဆုံးဝယ်ယူသူက တရုတ်ပါ။ အားလုံးလည်း သိကြမှာပါ။

အမေရိကန် ဘူမိလေ့လာရေးအသင်း USGS အဆိုအရဆိုရင် ၂၀၁၈ တစ်နှစ်တည်းမှာ မြန်မာနိုင်ငံက မြေရှားသတ္ထု တန်ချိန် ၅၀၀၀ လောက်ကို

တရုတ်ကို ပို့ခဲ့ပါတယ်။ ဘရာဇီးနဲ့ အိန္ဒိယမှာဆိုရင် မြေရှားသတ္ထု တန်ချိန်ပေါင်း သိန်းနဲ့ချီပါတယ်။ ဒါပေမယ့်သူတို့ကတော့ တန်ချိန် ၁၀၀၀-၂၀၀၀ ပဲ ထုတ်ယူပါတယ်။

မြေရှားသတ္ထုက ဘာတွေဆိုးကျိုးရှိလဲ၊ မြေရှားသတ္ထုရဲ့အဓိကဆိုးကျိုးကတော့ သူ့ကိုတူးဖောက်တဲ့အခါမှာ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာပါပဲ။

ဓာတုပစ္စည်းတွေသုံးရတာရယ်၊ အဲဒီကထွက်တဲ့ စွန့်ပစ်ရေတွေဟာ ပတ်ဝန်းကျင်က ဒေသခံတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွာထိခိုက်စေတာဖြစ်ပါတယ်။

Credit

Zawgyi

ေျမရွား Rare Earth တူးတယ္ဆိုတာ (၁) တေတာင္လုံးကို အေပါက္ေဖါက္ ၿပီးရင္အက္ဆစ္ ေလာင္းထည့္ (၂) ေတာင္ေအာက္ဆုံးမွာ လိုင္ေခါင္းေဖါက္ၿပီး

အက္ဆစ္ ေလာင္ က်လာတဲ့ အရည္ကိုခံယူရတာပါ။ ဒါေၾကာင့္ ေတာင္ မရွိတဲ့ေနရာလုပ္ရင္ ကုန္က်စရိတ္မကာမိဘူး။ ေျမကိုတူးၿပီး သီးသန႔္ခြဲထုတ္ရလို႔ ကုန္က်စရိတ္မ်ားတယ္။ ခုလို ေတာင္ ထူထပ္တဲ့ေနရာမွာလုပ္ရင္ ေအးေဆးပဲ။

(၃) Rare Earth ဆိုတာ တကယ့္ေျမရွား သတၱဳ မဟုတ္။ ေျမ ရွိတဲ့ေနရာတိုင္းက စစ္ယူလို႔ရတယ္။ ျပႆနာက အဲ့လို ေတာင္တခုလုံး

ဖ်က္ဆီးလိုက္ဖို႔ ေနရာ ရွားသြားတဲ့ အခ်က္ပါ။ (၄) ေတာင္လုံးႀကီးဖ်က္လို႔မရရင္ ေျမႀကီးကိုတူးယူၿပီး သီးသန႔္စက္႐ုံေထာင္ ခြဲထုတ္ယူတဲ့နည္းဟာ အင္မတန္ အဖိုးအခမ်ားတယ္။ မကိုက္ဘူး။

(၅) ကခ်င္ျပည္နယ္က ေတာင္ေတြဟာ တခုၿပီးတခု အဆိပ္သင့္တဲ့ ေရေတြနဲ႔ က်န္ခဲ့မွာပါ။ (၆) ကုန္းေန၊ေရေနသတၱဝါအကုန္မ်ိဳးတုန္းသြားႏိုင္။

(၇) အဆိုးဆုံးကေတာ့ အဲ့လို အက္ဆစ္ရည္ ေလာင္းထည့္မဲ့ ေနရာဟာ ျမန္မာတျပည္လုံးစီးဆင္းေနတဲ့ ဧရာဝတီ ျမစ္ဖ်ားခံရာ ေမခ နဲ႔ မလိခ ျမစ္ဖ်ားမွာ တည္ရွိတဲ့အခ်က္ပဲ။ တႏိုင္ငံလုံး ကင္ဆာေရာဂါ နဲ႔ အစတုံးသြားႏိုင္တယ္။ (Jet Ai Wunpawng)

ေျမရွားသတၳဳဆိုတာ ဘာလဲ၊ ေျမရွားသတၳဳကို အဂၤလိပ္လို Rare Earth လို႔ေခၚပါတယ္။ သတ္မွတ္ထားတဲ့ ျဒပ္စင္ ၁၇ အုပ္စုရွိပါတယ္။ အဲဒါေတြကို ေျမရွားသတၳဳလို႔ေခၚတာပါ။

ေျမရွားသတၳဳကို ဘယ္မွာသုံးလဲ၊ ေျမရွားသတၱဳေတြကို အထူးသျဖင့္ေတာ့ လွ်ပ္စစ္ကား ထုတ္လုပ္တဲ့ကုမၸဏီေတြက ဝယ္သူသုံးစြဲၾကပါတယ္။

ေျမရွားသတၳဳကို လွ်ပ္စစ္ကား ဘတၳရီအတြက္ အမ်ားဆုံးသုံးၾကတာပါ။ တျခား လွ်ပ္စစ္ပစၥည္းထုတ္လုပ္တာေတြ၊ ဖန္ထည္မွန္ထည္ လုပ္ငန္းေတြမွာလည္း သုံးၾကပါေသးတယ္။

ျမန္မာႏိုင္ငံက ဘယ္ေနရာေတြမွာ ေျမရွားသတၳဳေတြ႕ရလဲ၊ ေျမရွားသတၳဳကို ျမန္မာႏိုင္ငံ၊ ကခ်င္ျပည္နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ပန္ဝါေဒသမွာ

အမ်ားဆုံးေတြ႕ရပါတယ္။ ပန္ဝါေဒသဟာ အထူးေဒသ(၁) ျဖစ္ၿပီး အသြင္ေျပာင္းျပည္သူ႔စစ္ ဦးစခုန္တိမ့္ယန္း ခ်ဳပ္ကိုင္ထားတဲ့နယ္ေျမပါ။ အဲဒီမွာ ေျမရွားသတၳဳအမ်ားအျပားရွိတယ္လို႔ သိရပါတယ္။ တနသၤာရီတိုင္းဘက္မွာလည္း အမ်ားအျပားရွိပါတယ္။

တကယ္က် ေျမရွားသတၳဳဆိုတာ ကမာၻ႔အေပၚယံေျမလႊာထဲမွာ အမ်ားအျပားရွိေနတာပါ။ အေမရိကန္၊ တ႐ုတ္၊ အိႏၵိယ၊ ဘရာဇီးနဲ႔ တျခားႏိုင္ငံေတြမွာလည္းရွိပါတယ္။ ေျမရွားသတၳဳရဲ႕သေဘာက သူခ်ည္းရွိေနတာမဟုတ္ဘဲ တျခားျဒပ္စင္ေတြနဲ႔

ေရာေႏွာေနလို႔ ျပန္လည္ ခြဲထုတ္ရပါတယ္။ ဒီလိုခြဲထုတ္ရတာက ကုန္က်စရိတ္ႀကီးလြန္းတာ ျဖစ္ပါတယ္။ တ႐ုတ္လို ေငြေၾကးေတာင့္တင္းတဲ့ႏိုင္ငံကေတာ့ ကိုယ္ႏိုင္ငံမွာရွိတဲ့ ေျမရွားသတၳဳကို မထုတ္လုပ္ဘဲ အေရးေပၚလိုအပ္ခ်က္ေတြ ထားရွိၿပီး တျခားႏိုင္ငံေတြဆီက ဝယ္သုံးပါတယ္။

ေျမရွားသတၳဳကို ဘယ္သူဝယ္သလဲ၊ ျမန္မာႏိုင္ငံကေန ေျမရွားသတၳဳကို အမ်ားဆုံးဝယ္ယူသူက တ႐ုတ္ပါ။ အားလုံးလည္း သိၾကမွာပါ။

အေမရိကန္ ဘူမိေလ့လာေရးအသင္း USGS အဆိုအရဆိုရင္ ၂၀၁၈ တစ္ႏွစ္တည္းမွာ ျမန္မာႏိုင္ငံက ေျမရွားသတၳဳ တန္ခ်ိန္ ၅၀၀၀ ေလာက္ကို

တ႐ုတ္ကို ပို႔ခဲ့ပါတယ္။ ဘရာဇီးနဲ႔ အိႏၵိယမွာဆိုရင္ ေျမရွားသတၳဳ တန္ခ်ိန္ေပါင္း သိန္းနဲ႔ခ်ီပါတယ္။ ဒါေပမယ့္သူတို႔ကေတာ့ တန္ခ်ိန္ ၁၀၀၀-၂၀၀၀ ပဲ ထုတ္ယူပါတယ္။

ေျမရွားသတၳဳက ဘာေတြဆိုးက်ိဳးရွိလဲ၊ ေျမရွားသတၳဳရဲ႕အဓိကဆိုးက်ိဳးကေတာ့ သူ႔ကိုတူးေဖာက္တဲ့အခါမွာ ပတ္ဝန္းက်င္ထိခိုက္ပ်က္စီးတာပါပဲ။

ဓာတုပစၥည္းေတြသုံးရတာရယ္၊ အဲဒီကထြက္တဲ့ စြန႔္ပစ္ေရေတြဟာ ပတ္ဝန္းက်င္က ေဒသခံေတြရဲ႕ က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြာထိခိုက္ေစတာျဖစ္ပါတယ္။

Credit

Crd

Crd