





Crd..digitaltimes

Unicode

ဒေါ်လာ ၂၅၀,၀၀၀ နဲ့ ရောင်းချပေးသွားမယ့် ပန်းကန်ပြားပျံ…

မြေပြင် ကနေ ဝေဟင် ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်တဲ့ လျှပ်စစ် တက္ကစီ လေယာဉ်တွေနဲ့ ကားပျံတွေကို တွေ့မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ ရုပ်ရှင်ကားတွေထဲမှာပဲ ကြည့်ခဲ့ရဖူးတဲ့ ပန်းကန်ပြားပျံကို တီထွင်ထုတ်လိုပ်လိုက်ပါတယ်။ Zeva Zero လို့ အမည်ပေးထားပြီး လူ ၁ ယောက်သာ စီးနင်းနိုင်ပါတယ်။

Zeva Zero ဟာ မြေပြင် ကနေ ဝေဟင် ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပြီး ကားပါကင်တွေမှာလည်း လွယ်ကူစွာ ရပ်နားနိုင်ပါတယ်။ မြေပြင်အထက် အမြင့်ပေ ၂၀၀ အထိ ပျံသန်းနိုင်ပြီး ၁ နာရီကို ၁၆၀ မိုင် အမြန်နှုန်း နဲ့မောင်းနှင်နိုင်မှာပဲဖြစ်ပါတယ်။ လျှပ်စစ် စွမ်းအင် အသုံးပြုထားပြီး မိုင် ၅၀ မောင်းနှင်နိုင်ပါတယ်။

25kW ဘက်ထရီ တပ်ဆင်ထားပြီး ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ ပိုင်းလော့က Joystick နဲ့ ပန်းကန်ပြားပျံကို မောင်းနှင်ရမှာ ဖြစ်ပြီး အနာဂတ်မှာ အလိုအလျှောက် မောင်းနှင်နိုင်အောင် တီထွင်ဖို့ ရည်ရွယ်ထားပါတယ်။

Zeva Zero ကို ဒေါ်လာ ၂၅၀,၀၀၀ ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ သိန်း ၅ ထောင်ကျော် ရှိပါတယ်။ ကုမ္ပဏီက စွမ်းရည်ပြည့် မော်ဒယ်ကို စတင် စမ်းသပ်ပြီးပြီ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ မှတ်ပုံတင်ကာ ၂၀၂၄ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Crd..digitaltimes

Crd