
Crd…whatsonmyanmar
Unicode
ဒေါ်လာ ၁၁၀ ဘီလီယမ် ဆုံးရှုံးသွားပေမယ့် ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်နေဆဲ Elon Musk …
ဒီနှစ်ထဲမှာ Tesla ရဲ့ ရှယ်ယာဈေးတွေ ကျဆင်းခဲ့တဲ့အတွက် Elon Musk ဟာ ဒေါ်လာ ၁၁၀ ဘီလီယမ် ဆုံးရှုံးသွားခဲ့ပါတယ်။ Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အရင်နှစ် နိုဝင်ဘာလမှာ ဒေါ်လာ ၃၂၀ ဘီလီယမ်ကျော် ရှိခဲ့ပြီး Forbes ရဲ့ အောက်တိုဘာလထဲက တွက်ချက်မှုအရ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၀၉ ဘီလီယမ်ပဲ ရှိပါတော့တယ်။
Tesla ရဲ့ ရှယ်ယာဈေးဟာ ဇန်နဝါရီလကတည်းက ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၆၇၂ ဘီလီယမ် ဖြစ်ခဲ့ပါတယ်။ အရင်နှစ်ကတော့ ကုမ္ပဏီ တန်ကြေးဟာ ဒေါ်လာ ၃ ထရီလီယမ်အထိ မြင့်တက်ခဲ့ပါတယ်။
Musk ဟာ ဒီနှစ်ထဲမှာ Tesla ရဲ့ ရှယ်ယာတချို့ကို ထုတ်ရောင်းခဲ့ပြီးနောက် အခုတော့ Musk ဟာ ရှယ်ယာ ၁၅၅ သန်းကို ပိုင်ဆိုင်ထားပါတယ်။
Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ၁ နှစ်အတွင်း ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အောက်တိုဘာလ ၁ လထဲမှာ ဒေါ်လာ ၂၈ ဘီလီယမ် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်နေဆဲပါပဲ။
ငွေကြေး ဆုံးရှုံးပြီးနောက်မှာတောင် Musk ဟာ Bill Gates ထက် ဒေါ်လာ ၈၀ ဘီလီယမ်နဲ့ Jeff Bezos ထက် ဒေါ်လာ ၇၁ ဘီလီယမ် ပိုချမ်းသာပါသေးတယ်။
Crd…whatsonmyanmar
Crd