ခေါင်းနောက်ဖက်တွင် ရှေးဟောင်းရုပ်ပုံများအား အနုစိတ်ပုံဖော်ပြီး ညှပ်ပေးနိုင်သော ဆံသဆရာ

Unicode
crd
Zawgyi
လူသားတို့အတွက် ဆံပင်ပုံစံသည်လည်း အဓိကကျ၍ လူငယ်အများစုမှာ ဆံပင်ညှပ်ရင်း ခေါင်းပေါ်တွင် ပုံစံအမျိုးမျိုး ဖော်ထားသည်ကို နှစ်သက်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းပြည်နယ်မှ ဆံပင်ပြုပြင်ရေးဆိုင်ဖွင့်ထားသော အသက် ၃၀ အရွယ် အမျိုးသားသည် ၁၀ နှစ်နီးပါး ဆံပင်ညှပ်ရင်း
အသက်မွေး၀မ်းကျောင်း ပြုခဲ့သည်။၁၀ နှစ်နီးပါးဖြစ်၍ ဆံပင်ညှပ်သည့်နေရာတွင် အလွန် စမတ်ကျပြီး လူငယ်များအကြိုက်တွေ့စေမည့် ဒီဇိုင်းအမျိုးမျိုးကို စမ်းသပ်တီထွင်ခဲ့သည်။
နောက်ပိုင်းတွင် ဆံပင်ညှပ်ဆရာသည် ရှေးဟောင်းအနုစိတ်ပုံရိပ်များတွေထိပါ ပုံဖော်ညှပ်ယူနိုင်ခဲ့ပြီး အထင်ကြီး လေးစားစရာကောင်း၍ နာမည်ကြီးလာခဲ့သည်။
ထိုသို့ ပုံဖော်လိုသော ဖောက်သည်များအတွက် တစ်ခါညှပ်လျှင် ဒေါ်လာ ၁၃ ကနေ ၁၇ အထိ ညှပ်ခယူပြီး အနုစိတ်ပုံရိပ်များအား ဒေါ်လာ ၂၀ကနေ ၃၀ အထိ ပေးရသည်ဟု သိရသည်။
crd
Crd