





Rain (For Ialinks)

Unicode

ကျောင်းတက်နေရင်း အပိုဝင်ငွေရအောင် ပို့ဆောင်ရေးသမားလုပ်ကာ တစ်နေကုန်ခေါက်ဆွဲစားပြီး ငွေချွေတာခဲ့သော မိန်းကလေး

လူငယ်အများစုတို့သည် တက္ကသိုလ်တက်ရာ၌ မိဘတွေဆီက အထောက်အပံ့ကို ယူရပြီး အချို့ကတော့ မိဘဆီကမတောင်းပဲ အလုပ်လုပ်ရင်းနဲ့ ကျောင်းတက်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် ကျောင်းတက်နေရင်းနဲ့ မိဘဆီကနေ အထောက်အပံ့မယူပဲ ညဖက်တွေမှာ ပို့ဆောင်ရေးသမားအဖြစ် အလုပ်လုပ်ပြီး ဝင်ငွေရှာခဲ့သည်။

မိန်းကလေးသည် ငွေချွေတာဖို့အတွက် တစ်နေ့လုံး ခေါက်ဆွဲကိုသာစားခဲ့ပြီး ကျောင်းစာတစ်ဖက်နဲ့ အလုပ်ကြိုးစားခဲ့ရာ မိဘအိမ်ဆီကိုလည်း ငွေအချို့ပြန်ပို့ပေးနိုင်ခဲ့သည်။

မိန်းကလေးသည် ပင်ပန်းသော်လည်း လက်မလျှော့ပဲ ကြိုးစားလွန်းတာကြောင့် သူငယ်ချင်းဖြစ်သူမှ ချီးမွမ်းကာ လိုင်းပေါ်မျှဝေခဲ့ရာတွင် အများက နေ့တိုင်းခေါက်ဆွဲပဲ စားနေတာကြောင့် ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ကြောင်း အကြံပေးခဲ့ကြသည်။

Rain (For Ialinks)

Crd



Post Views:
8

Crd